Myanmar Christian Testimony Video (မုသားတို့ သုံးမိပြီးသည့်နောက်...)

01.07.2020

မုသားတို့ သုံးမိပြီးသည့်နောက်...သည် ဘုရားနှုတ်ကပတ်တော်တို့၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို တွေ့ကြုံလိုက်ရသော ခရစ်ယာန်တစ်ဦး၏ သက်သေခံချက် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ဖတ်ရှုခြင်းမှတစ်ဆင့်၊ ဘုရားသခင်သည် ရိုးသားသူကို နှစ်သက်၍၊ လှည့်ဖြားသူကို ရွံရှာတတ်ကြောင်း၊ ရိုးသားသူကသာ အပြည့်အ၀ ကယ်တင်ခံရ၍၊ ကောင်းကင်နိုင်ငံတော်သို့ ၀င်ရောက်နိုင်ကြောင်းတို့ကို အဓိကဇာတ်ကောင်ဖြစ်သူက နားလည်လာသည်။ သို့ဖြင့် သူမသည် ရိုးသားသူတစ်ဦး ဖြစ်လာရန် စတင် ကြိုးစားပါသည်။ သို့သော် နေ့စဉ်ဘ၀၌ သူမ၏ ဂုဏ်အဆင့်အတန်းကို ထိခိုက်နိုင်သော အဖြစ်အပျက်များနှင့် ကြုံရသည့်အခါ၊ လိမ်ညာလှည့်ဖြားခြင်း မဖြစ်စေရန် သူမကိုယ်သူမ မတားဆီးနိုင်ဘဲ ရှိနေသေးသလို၊ လိမ်ညာပြီးသည့်နောက်တွင်လည်း ယင်းတို့ကို ဖုံးဖိမိနေဆဲ ဖြစ်သည်။ သူမသည် အလွန်ပင် စိတ်မသက်မသာ ဖြစ်လာပြီး၊ ယင်းအဖြစ်သည် ခက်ခဲပင်ပန်းသော ရှင်သန်နေထိုင်နည်း ဖြစ်သည်ဟုလည်း မြင်မိသည်။ ထို့နောက်တွင်မူ သူမအား လိမ်ညာလှည့်ဖြားတတ်စေသော သူမ၏ ဆိုးယုတ်သည့် စိတ်သဘောထားကို၊ ဘုရားနှုတ်ကပတ်တော်တို့၏ တရားစီရင်ခြင်းနှင့် ထုတ်ဖော်ခြင်းတို့မှတစ်ဆင့် နားလည်မှုအနည်းငယ် ရရှိပါသည်။ သူမသည် လိမ်ညာခြင်း၏ ဇာစ်မြစ်၊ သဘောသဘာ၀နှင့် အကျိုးဆက်များကို မြင်ကာ၊ နောင်တတရားကို ခံစားမိသလို ဖြစ်လာပြီး၊ ဘုရားသခင်ထံ နောင်တရပါသည်။ သူမ၏ လှည့်စားတတ်သော ရည်ရွယ်ချက်များကို ဖော်ထုတ်ရန်အတွက် ညီအစ်ကိုမောင်နှမများထံ ဖွင့်ဟပြောဆိုကာ၊ ရိုးသားသူတစ်ဦး ဖြစ်ခြင်းကို လက်တွေ့လုပ်ဆောင်ပါသည်။ ထို့နောက် အမှန်ကို ပြောဆိုခြင်း၊ ရိုးသားခြင်းတို့၏ အရသာကိုလည်း ခံစားမိတော့သည်။

အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော် အပလီကေးရှင်းကို ဒေါင်းလုပ်ဆွဲရန် ကြိုဆိုပါသည်။App

#တရားဟောချက်များ #တရားဒေသနာ #MyanmarChristianTestimony #MyanmarMovie2020 #MyanmarFullMovie #BestMyanmarMovie #MyanmarSubtitleMovie #အနန္တတန်ခိုးရှင် #ဘုရားသခင် #အသင်းတော်

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။