နာကျင်ရလွန်းသော ရွေးချယ်မှု - Gospel Testimony in Burmese 2021

12.10.2021

အဓိကဇာတ်ကောင်မှာ ပျော်ရွှင်စရာ မိသားစုတစ်ခုကို ပိုင်ဆိုင်ထားသည်။ ယောက်ျားဖြစ်သူနှင့် ဇနီးသည်၊ သားသမီးနှစ်ယောက်တို့ဖြင့် ပြည့်စုံနေကြသည်။ ထို့နောက် ၂၀၀၀ ခုနှစ် ဒီဇင်ဘာလတွင်၊ အဓိကဇာတ်ကောင်ဖြစ်သော ဇနီးသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းကြောင့် တရုတ်ကွန်မြူနစ်ပါတီ၏ ဖမ်းဆီးနှိပ်စက်ခြင်းကို ခံရသည်။ မြို့နယ်အုပ်ချုပ်ရေးပိုင်းတွင် ဒုတိယခေါင်းဆောင်တစ်ယောက်ဖြစ်သော ယောက်ျားဖြစ်သူမှာ ယင်း၏အကျိုးဆက်အဖြစ် ကွန်မြူနစ်ပါတီမူဝါဒများနှင့် ငြိစွန်းသွားသောကြောင့်၊ နောက်ပိုင်းတွင် ရာထူးတိုးရန် အခွင့်အရေးကို ဆုံးရှုံးသွားသည်။ သူကလည်း ရာထူးတိုးအခွင့်အရေး ရရန်အတွက်၊ ဇနီးသည်အား သူမ၏ ယုံကြည်ခြင်းကို စွန့်လွှတ်လာစေရန် ဖိအားပေးသည့်အနေဖြင့် သူမအား ကွာရှင်းမည်ဟု ခြိမ်းခြောက်လေသည်။ သားဖြစ်သူကလည်း အိမ်မှထွက်သွားမည်ဟု ခြိမ်းခြောက်သည်။ သူမ၏ ယုံကြည်ခြင်းနှင့် မိသားစုကြား တစ်ခုခုကို ရွေးချယ်ဖို့ ရင်ဆိုင်လာရသည့်အခါ၊ ဇနီးဖြစ်သူ၏ စိတ်ထဲတွင် ဆိုးဝါးသောတိုက်ပွဲတစ်ခု ဖြစ်လာရသည်။ သူမသည် နောက်ဆုံးတွင် မည်သို့ ဆုံးဖြတ်မည်နည်း။ အဖြေရှာကြည့်ရန်အတွက် “နာကျင်ရလွန်းသော ရွေးချယ်မှု” ကို ကြည့်ရှုပါ။

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

မျှဝေရန်

ပယ်ဖျက်ရန်