Myanmar Christian Testimony - နှင်ထုတ်ခံရပြီးနောက် နိုးထခြင်း
23.12.2024
သူမသည် အသင်းတော် ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သည်။ နှစ်ပေါင်းများစွာ ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ပြီး သူမ၏ တာဝန်ကို ထမ်းဆောင်ရာတွင် ရလဒ်အချို့ စွမ်းဆောင်ရရှိခဲ့သောကြောင့်၊ သူမသည် အရာရာကို ကြီးကြပ်သည်ဟု ယုံကြည်ကာ အလုပ်လုပ်သည့်အခါ ထင်ရာမြင်ရာ ပြုမူဆောင်ရွက်လျက် တိုး၍ မာနထောင်လွှားလာခဲ့သည်။ သူမသည် လူတို့ကို ဘောင်ခတ်လျက် အခြားသူများကို မကြာခဏ အထင်သေးကာ ပြစ်တင်မောင်းမဲခဲ့သည်။ ထုတ်ပယ်ခံရပြီးနောက်တွင် သူမသည် လုံးဝ မိမိကိုယ်ကို မသုံးသပ်ခဲ့၊ သို့မဟုတ် သိရှိရန် မကြိုးစားခဲ့ပေ။ ပြီးလျှင် ဆက်လက် ငြင်းခုန်ကာ ခေါင်းမာခဲ့သည်၊ အပျက်သဘောဆောင်ခြင်းကို ဖွင့်ဟကာ အသင်းတော် အသက်တာကို အဖျက်အမှောင့်လုပ်ခဲ့ပြီး နောက်ဆုံးတွင် နှင်ထုတ်ခြင်းခံခဲ့ရသည်။ ထိုအခါတွင်မှ သူမသည် မိမိကိုယ်ကို စတင်၍ သုံးသပ်ဆင်ခြင်ခဲ့သည်။ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းမှတစ်ဆင့် နှင်ထုတ်ခံရခြင်းမှတစ်ဆင့်သာ သူမ၏ မာနထောင်လွှားမှုမှ သူမ နိုးထနိုင်မည်ဖြစ်ကြောင်း သဘောပေါက်ကာ ဘုရားသခင်ကို သူ၏ ဖြောင့်မတ်ခြင်းအတွက် စစ်မှန်ရိုးသားစွာ ကျေးဇူးတင်ရှိရင်း သူမ၏ မာနထောင်လွှားပြီး စိတ်ကြီးဝင်သော သဘာဝအပေါ် စစ်မှန်သော အသိနှင့် မုန်းတီးမှုတို့ကို သူမ ရရှိခဲ့သည်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ