Christian Dance (ဘုရား၏ ချစ်ခြင်းမေတ္တာ စားတော်ပွဲကို တက်ရောက်ခြင်းသည် အလွန်ချိုမြိန်)
30.10.2024
၁
ဘုရားနှုတ်ကပတ်တော်များကို စားသောက်၍ ဘုရား၏ ချစ်ခြင်းမေတ္တာ စားတော်ပွဲကို ကျွန်ုပ်တို့တက်ရောက်၊
ယင်းသည် အလွန်သာယာဖွယ်ကောင်းလိုက်ပါတကား။
ကျွန်ုပ်တို့၏ စိတ်နှလုံးများ ဝမ်းမြောက်၊ ကျွန်ုပ်တို့၏ ဝိညာဉ်များ ပျော်ရွှင်၊
ယင်းသည် စကားလုံးများဖြင့် ဖော်ပြ၍မရအောင် လှပ။
တရားစီရင်မှု ပြီးနောက် သမ္မာတရားကို နားလည်မှု ဖြစ်လာ၊
ခါးသီးမှုကို ချိုမြိန်မှုဖြင့် အစားထိုး။
ကျွန်ုပ်တို့၏ ဝိညာဉ်များ နိုးထ၊ ကျွန်ုပ်တို့၏ စိတ်နှလုံးများ တောက်ပ၍
ဘုရား၏ ချစ်ခြင်းမေတ္တာကို သိရှိ။
အို၊ ဘုရားနှုတ်ကပတ်တော်များသည် လူများကို စုံလင်အောင် ပြုလုပ်ပေးလိုက်လေခြင်း။
ယင်းတို့သည် ကျွန်ုပ်ကို သန့်စင်၍ ပြောင်းလဲပေး။
လူများသည် ဘုရားကို မချစ်ပါက သူတို့တွင် အသိတရားမရှိ။
ကျွန်ုပ်တို့အားလုံးသည် ဘုရား၏ ရည်ရွယ်ချက်များကို အလေးထားရမည်ဖြစ်ကာ
ကျွန်ုပ်တို့၏ သစ္စာစောင့်သိမှုကို ဆက်ကပ်၍ ကျွန်ုပ်တို့၏တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းရမည်ဖြစ်။
ဘုရားသည် သမ္မာတရားကို ဖော်ပြ၍ လူများကို စစ်မှန်မှုသို့ ဦးဆောင်လမ်းပြ။
ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်မှုနှင့် ဖော်ထုတ်မှုသည်
ကျွန်ုပ်ကို ကိုယ့်အကြောင်းကိုယ် သိအောင် လုပ်ဆောင်ပေး၊
ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် တွေ့ကြုံခံစားခြင်းတွင်
ကျွန်ုပ်၏ စိတ်သဘောထားများ ပြောင်းလဲခံရ။
နောက်ဆုံးသော ကာလတွင် ဘုရား၏ ကယ်တင်ခြင်းသည် တိုင်းတာ၍မရနိုင်လောက်အောင် ကြီးမြတ်။
၂
ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်မှု၊ ပြီးလျှင် စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းသည်
လူသား၏ ဖောက်ပြန်ပျက်စီးမှုကို သန့်စင်။
ကြီးစွာသော ဆင်းရဲဒုက္ခများနှင့် စစ်ဆေးခြင်းများမှတစ်ဆင့် ဒုက္ခမျိုးစုံကို ကျွန်ုပ်တို့ တောင့်ခံ။
ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ သန့်စင်ခံရရန်အတွက်
ဒုက္ခခံရခြင်းသည် အမှန်ဧကန် အကျိုးနပ်။
သမ္မာတရားကို ကျွန်ုပ်တို့ လက်တွေ့လုပ်ဆောင်ကာ နောက်ဆုံးတွင် လူသားပုံသဏ္ဌာန်ကို အသက်ရှင် နေထိုင်။
အို၊ ဘုရားသခင်သည် အမှုများစွာကို လုပ်ဆောင်ပြီးဖြစ်။
ယင်းတို့အားလုံးသည် လူများကို စုံလင်စေရန်အတွက် ဖြစ်။
သမ္မာတရားကို မရရှိခြင်းသည် သနားဖွယ်ကောင်း။
စားတော်ပွဲတွင် ထိုင်နေသော်လည်း ကြီးစွာသော အစာရေစာ ငတ်ပြတ်မှုကို ခံစားရ၊
ယင်းသည် စာတန်အတွက် လှောင်ရယ်ဖွယ်ကောင်းသောအရာ ဧကန်အမှန်ဖြစ်။
ဘုရားကို ကြောက်ရွံ့ခြင်းမှတစ်ဆင့် အရာခပ်သိမ်းတွင် ဘုရား၏ စိစစ်ခြင်းကို ကျွန်ုပ်တို့လက်ခံ၊
ကျွန်ုပ်တို့၏ စကားလုံးများနှင့် လုပ်ရပ်များသည် သမ္မာတရား စည်းမျဉ်းများနှင့် လျော်ညီမှုရှိ၍
ဘုရားနှုတ်ကပတ်တော်များကို ကျွန်ုပ်တို့ ပြောဆိုပြုမူခြင်းအတွက် အခြေခံအဖြစ် မှတ်ယူ၊
ထို့နောက် ဘုရားမျက်မှောက်တော်၏ အလင်းတွင် ကျွန်ုပ်တို့ ရှင်သန်နေထိုင်။
၃
ဘုရားနှုတ်ကပတ်တော်များကို စားသောက်၍
ပေါများကြွယ်ဝပြီး လက်တွေ့ကျသော ဘုရား၏ ချစ်ခြင်းမေတ္တာ စားတော်ပွဲကို ကျွန်ုပ်တို့တက်ရောက်။
အဆင်းနီသော နဂါးကြီးနှင့် အန္တိခရစ်များသည် ၎င်းတို့၏ နောက်ဆုံးဝန်ဆောင်မှုကို အစေခံနေ။
စမ်းသပ်မှုများနှင့် ကြီးစွာသော ဆင်းရဲဒုက္ခများကို တွေ့ကြုံခံစားရခြင်းဖြင့်
ဘုရား၏ ကောင်းချီးပေးမှုများကို ကျွန်ုပ်တို့ မြည်းစမ်းရ။
သမ္မာတရားကို နားလည်သူများသည် ဘုရားအတွက် သက်သေခံချက်ပေး။
အို၊ ညီအစ်ကိုမောင်နှမများ။ ကျွန်ုပ်တို့ နားလည်ရမည်မှာ
ဘုရားသခင်သည် လူသားကို ကယ်တင်ရန်နှင့် စုံလင်စေရန် အရာခပ်သိမ်းကို ပေးအပ်ခဲ့ပြီဖြစ်။
ဘုရားသခင် အမှုတော်၏ နောက်ဆုံးအဆင့်သည် သူ့ကို ချစ်ခင်သူများကို စုံလင်စေရန် ဖြစ်။
ဘုရားသခင်၏ ရည်ရွယ်ချက်များ အထမြောက်စေရန်အတွက် ကျွန်ုပ်တို့သည် ထူးကဲသော သက်သေခံချက်ပေးသင့်။
သမ္မာတရားကို နားလည်၍ အသိပညာရရှိပြီးဖြစ်သဖြင့်
ကျွန်ုပ်တို့သည် ဤအရာများကို လက်တွေ့လုပ်ဆောင်ရမည်ဖြစ်။
ဘုရား၏ ကျေးဇူးတော်ကို ကျွန်ုပ်တို့ ပြန်ပေးဆပ်၍ သူ၏ ရည်ရွယ်ချက်များကို အလေးထားသောအခါ
ကျွန်ုပ်တို့စိတ်နှလုံးများ အလွန်ဝမ်းမြောက်။
ဘုရားကို ချစ်ခင်လျက် သင်နှင့် ကျွန်ုပ်သည် စစ်မှန်မှုကို ပိုင်ဆိုင်၍ လူသစ်များအဖြစ်သို့ ပြောင်းလဲ၊
ကျွန်ုပ်တို့သည် သစ္စာစောင့်သိမှုရှိစွာဖြင့် ကျွန်ုပ်တို့၏တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်း၍
ဘုရားအတွက် သက်သေခံ။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ