2020 Myanmar Christian Testimony | ငွေ၏ကျေးကျွန်တစ်ယောက် အမြင်မှန်ရလာခြင်း

01.12.2020

ယနေ့ခေတ် ကမ္ဘာတွင် “ငွေသာလျှင် ပထမဖြစ်ပြီး ငွေကြေးသည် ကမ္ဘာကို လည်ပတ်စေသည်” ဆိုသည့်စကားတို့သည် အသက်ရှင် နေထိုင်ဖို့အတွက် အားလုံးလက်ခံသည့် အမှန်တရားနဲ့စည်းမျဉ်းအဖြစ် လက်ကိုင်ထားကြသည်။ ဤဗီဒီယိုတွင် ဇာတ်ကြောင်းပြန်ပြောပြသူ ချန်မင်းဟာလည်း ထိုစကားများကို လုံးဝယုံကြည်နေခဲ့သူဖြစ်သည်။ ငွေရှာဖို့နှင့်ချမ်းသာဖို့အတွက် သူသည် နေ့ရောညပါ သူ့ခန္ဓာကိုယ်ပင်ပန်းပြီး ကျန်းမာရေးထိခိုက်စေသည်အထိ အလုပ်မျိုးစုံကြိုးစားခဲ့သည်။ သူ့တွင်ကင်ဆာဖြစ်နေမှန်း သိရချိန်မှာပင် ငွေရှာမရပ်ဘဲ ဆေးကုသမှုခံယူလျက် အလုပ်ဆက်လုပ်ခဲ့သည်။ နှစ်တွေကြာလာသည့်အခါတွင် သူ့အိပ်မက်ကိုအကောင်အထည်ဖော်နိုင်ခဲ့ပြီး ချမ်းသာလာကာ အိမ်တစ်လုံး ကားတစ်စီးနှင့် ပတ်ဝန်းကျင်ကလူတို့၏ အထင်ကြီးလေးစားမှုကို ရခဲ့သည်။ သို့သော်လည်း တဖြည်းဖြည်းနှင့် သူ့ခန္ဓာကိုယ်သည် ဖျားနာမှုနှင့် ပင်ပန်းမှုတို့ကြောင့် ဆက်တိုက်နာကျင်မှုများဖြစ်လာပြီး ယိုယွင်းလာခဲ့သည်။ သူသည် ဘုရားကို ယုံကြည်ပြီး အနန္တတန်ခိုးရှင်ဘုရား၏ နှုတ်ကပတ်တော်တို့ကို ဖတ်ပြီးသည့်နောက် နောက်ဆုံးတွင်အသိတရားဝင်လာခဲ့ပြီး ငွေဆိုသည်မှာ လူသားမျိုးနွယ်ကိုဖောက်ပြန်ပျက်စီးစေဖို့၊ အဆိပ်ခတ်ဖို့ စာတန်၏ မျှားစာတစ်ခုထက်မပိုမှန်း သိခဲ့ရသည်။ ငွေနောက်လိုက်ခြင်းက စစ်မှန်သည့် လမ်းကြောင်းမဟုတ်သည်ကို သိခဲ့ရပြီး လူတစ်ယောက်၏ဘဝကို အဓိပ္ပာယ်ရှိစေဖို့အတွက်ဆိုလျှင် သမ္မာတရားကိုလိုက်နာဖို့နှင့် ဖန်ဆင်းခံတစ်ယောက်အနေနှင့် အမှုတော်ကို ထမ်းရွက်ခြင်းကပဲ တစ်ခုတည်းသောနည်းလမ်းဆိုသည်ကို သိသွားခဲ့သည်။ သူ့ဘဝတွင် မည်သည့်နောက်သို့လိုက်ရမည်ဆိုသည့်အမြင်ကို ကုစားခံရပြီးသည့်အချိန်တွင် သူ၏ ကျန်းမာရေးအခြေအနေကလည်း အံသြဖွယ် ပိုကောင်းလာပြီး သူ့ဘဝကလည်း စတင်ပြောင်းလဲလာပါတော့သည်။

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။