Christian Dance (ဘုရားကို စိတ်ကျေနပ်စေသည့် လူပုဂ္ဂိုလ်ဖြစ်အောင်လုပ်ပါ)

02.10.2024

လူ့ဇာတိခံယူသည့် အနန္တတန်ခိုးရှင် ဘုရားသခင်သည် သမ္မာတရားပေါင်းများစွာကို ဖော်ပြပြီးဖြစ်၊

သူ့နှုတ်ကပတ်တော်ကို စားသောက်ခြင်းနှင့် သမ္မာတရားကို နားလည်ခြင်းက

ကျွန်ုပ်တို့၏ စိတ်နှလုံးကို တောက်ပစေ။

ဘုရားသခင်၏ တရားစီရင်မှုကို ခံရရာတွင် ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးမှုကို သိရှိလာ၊

သမ္မာတရားကို ကျွန်ုပ်တို့ လက်တွေ့လုပ်ဆောင်သင့်ပြီး ဘုရားကို စိတ်ကျေနပ်စေသည့် လူများဖြစ်လာအောင်လုပ်သင့်။

ကျွန်ုပ်တို့သည် ဘုရားသခင်ကို အမှန်ဧကန် ကျိုးနွံနာခံသူများ ဖြစ်ရမည်။

ဘုရားနှုတ်ကပတ်တော် ပြောဆိုသည့်အတိုင်း ကျွန်ုပ်တို့ တစ်သဝေမတိမ်း လုပ်ဆောင်ရမည်၊

ဘုရားသခင်သည် မည်သည့်စီစဉ်ညွှန်ကြားခြင်းများ လုပ်ဆောင်ပါစေ ကျွန်ုပ်တို့ မညည်းညူဘဲ

ဖန်ဆင်းခံတစ်ဦး၏ နေရာတွင် ကျွန်ုပ်တို့ ရပ်တည်ပြီး မိမိ၏တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်။

ကျွန်ုပ်တို့သည် ဘုရားသခင်အပေါ် သစ္စာစောင့်သိသူများ ဖြစ်ရမည်၊

ကျွန်ုပ်တို့သည် မိမိတာဝန်များကို တတ်စွမ်းနိုင်သမျှ ကောင်းမွန်စွာ ထမ်းဆောင်၍

ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားရမည်ဖြစ်၊

အရာခပ်သိမ်းတွင် သမ္မာတရား စည်းမျဉ်းများကို လိုက်နာရမည်ဖြစ်ပြီး ခံစားချက်များအပေါ် မမှီခိုရ၊

စမ်းသပ်မှုများနှင့် ဆင်းရဲဒုက္ခများတွင် ဘုရားသခင်အတွက် သက်သေခံရန် သေသည့်တိုင်အောင် သစ္စာစောင့်သိရမည်ဖြစ်။

ကျွန်ုပ်တို့သည် ရိုးသား၍ ဖြောင့်မှန်သောသူများ ဖြစ်ရမည်၊

အမှုကိစ္စများကို ဘုရားရှေ့ ယူဆောင်လာနိုင်စေရန်

ယင်းတို့ကို ရိုးသားစွာနှင့် ပွင့်လင်းစွာ ကျွန်ုပ်တို့လုပ်ဆောင်ရမည်၊

ကျွန်ုပ်တို့ကို အခြားသူများက ယုံကြည်နိုင်ရန် စစ်မှန်မှုနှင့် တိကျမှန်ကန်မှုရှိစွာ ပြောဆိုရမည်၊

ကျွန်ုပ်တို့သည် ဘုရားသခင်၏ ချစ်မြတ်နိုးခြင်းခံရသောသူများဖြစ်နိုင်စေရန်

သန့်စင်၍ ပွင့်လင်းကာ ရိုးသားစစ်မှန်ရမည်။

ကျွန်ုပ်တို့သည် ဘုရားသခင်ကို အမှန်ဧကန် ချစ်မြတ်နိုးသူများ ဖြစ်ရမည်၊

ကျွန်ုပ်တို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရမည်ဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်များကို နားထောင်ရမည်ဖြစ်၊

ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ လုပ်ဆောင်ရမည်ဖြစ်၊

ဘုရား၏ စိတ်နှလုံး ကျေနပ်မှုရှိစေရန်

ဘုရားနှုတ်ကပတ်တော်၏ စစ်မှန်မှုကို အသက်ရှင် နေထိုင်ရမည်ဖြစ်ပြီး၊

သူ၏ အသိအမှတ်ပြုခြင်းကို ရယူရန် ပေတရုကို အတုယူကာ ဘုရားကို ချစ်မြတ်နိုးရန် ကြိုးစားရမည်ဖြစ်။

ကျွန်ုပ်တို့သည် ဘုရားသခင်ကို နားလည်သည့်သူများ ဖြစ်ရမည်၊

ကျွန်ုပ်တို့သည် အရာခပ်သိမ်းတွင် ဘုရား၏ စိစစ်ခြင်းကို လက်ခံရမည်ဖြစ်ပြီး

ဘုရားရှေ့မှောက် ရှင်သန်နေထိုင်ရမည်ဖြစ်၊

သူ့ကို ကြောက်ရွံ့၍ ကျိုးနွံနာခံသော စိတ်နှလုံးရှိရမည်ဖြစ်ပြီး သူ့အလိုတော်ကို လိုက်လျှောက်ရမည်ဖြစ်၊

ကျွန်ုပ်တို့သည် ဘုရားသခင်၏ စိတ်တော်နှင့် တညီတညွတ်တည်းဖြစ်ပြီး

ဘုရားကို ရာသက်ပန် ချစ်မြတ်နိုးကာ သက်သေခံချက်ပေးရမည်ဖြစ်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။