Christian Dance (ကျွန်ုပ်တို့ ညီအစ်ကို မောင်နှမများ ဘုရားသခင်ကို ချီးမွမ်းကြသည်)
12.07.2024
၁
ကျွန်ုပ်တို့ ညီအစ်ကို မောင်နှမများက အသစ်သော သီချင်းကို သီဆိုကြ၊
အလွန် လွတ်လပ်ကာ ပျော်ရွှင်ရင်းလေ။
ပြစ်တင်ဆုံးမမှုအလယ် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ကျွန်ုပ်တို့ မြင်ရ။
ဘုရားသခင်ကို လှိုက်လှိုက်လှဲလှဲ ချီးမွမ်းကြသည်။
ကျွန်ုပ်တို့ ညီအစ်ကို မောင်နှမများ ဝမ်းမြောက်သင့်ကြပေ၊
ဝမ်းမြောက်ခြင်းဖြင့် ခုန်သင့်၊ ဝမ်းမြောက်ခြင်းဖြင့် ခုန်သင့်ကာ
သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမမှုတို့အတွက် ဘုရားကို ကျေးဇူးတင်သင့်ပေ။
ယင်းတို့က ကျွန်ုပ်တို့ကို သန့်စင်ကာ လူသစ်များအဖြစ်သို့ ပြောင်းလဲပေးခဲ့။
ကျွန်ုပ်တို့ ညီအစ်ကို မောင်နှမများအားလုံး ဘုရားသခင်ကို ချီးမွမ်းရန် လာကြသည်။
အနန္တတန်ခိုးရှင် ဘုရားသခင်ကို ချီးမွမ်းဖို့ လာကြသည်၊
လူတစ်စုကို သူ သိမ်းပိုက်၊ ကယ်တင်ကာ ရရှိလေပြီ၊
လူတစ်စုကို ကယ်တင်ကာ ရရှိလေပြီ။
၂
ကျွန်ုပ်တို့ ညီအစ်ကို မောင်နှမများက အသစ်သော သီချင်းကို သီဆိုကြ၊
ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းကို ချီးမွမ်းရင်းလေ။
သန့်စင်ခြင်းခံရပြီးနောက် ဘုရားကို ကျွန်ုပ်တို့ ကျိုးနွံနာခံနိုင်ကြပေ။
ဤသည်မှာ အမှန်တကယ် ဘုရားသခင်၏ ကြီးမြတ်သော ကယ်တင်ခြင်းပေ။
မိသားစုများနှင့် လောကီ အနှောင်အဖွဲ့များကို ကျွန်ုပ်တို့ စွန့်လွှတ်ပြီး
ကျွန်ုပ်တို့၏ တာဝန်ကို သစ္စာစောင့်သိစွာ ကောင်းကောင်းဖြည့်ဆည်းကြသည်။
ကျွန်ုပ်တို့၏ ဇာတိကို ပုန်ကန်ကာ သမ္မာတရားကို လက်တွေ့လုပ်ကြသည်။
ဘုရား၏ ရည်ရွယ်ချက်များကို ကျိုးနွံနာခံကာ အထမြောက်အောင် လုပ်ဆောင်ရင်းလေ။
ကျွန်ုပ်တို့ ညီအစ်ကို မောင်နှမများအားလုံး ဘုရားသခင်ကို ချီးမွမ်းရန် လာကြသည်။
သူ၏ ပလ္လင်တော်ရှေ့တွင် သူ့ကို ကျွန်ုပ်တို့ ချီးမွမ်းနိုင်ကြသည်။
ဤသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးဖြစ်ပေ။
ဤသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးဖြစ်ပေ။
၃
ကျွန်ုပ်တို့ ညီအစ်ကို မောင်နှမများက အသစ်သော သီချင်းကို သီဆိုကြ၊
ဘုရားသခင်၏ ကြီးမြတ်သောအမှု ပြီးစီးကြောင်း သီဆိုရင်းလေ။
သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်မှတစ်ဆင့်၊
လူတစ်စုကို ဘုရားသခင် စုံလင်စေကာ ရရှိလေပြီ။
သူ၏ နှုတ်ကပတ်တော်များက ကျွန်ုပ်တို့ကို သိမ်းပိုက်လေပြီ၊
အဆင်းနီသော နဂါးကြီးကို လုံးလုံး အရှက်ရစေရင်းလေ။
ဘုရားသခင်၏ ဘုန်းအာနုဘော်၊ အမျက်ဒေါသနှင့် တရားစီရင်ခြင်းတို့က
သူ၏ ဖြောင့်မတ်သော စိတ်သဘောထားကို ထုတ်ဖော်ပြ။
ကျွန်ုပ်တို့ ညီအစ်ကို မောင်နှမများအားလုံး ဘုရားသခင်ကို ချီးမွမ်းရန် လာကြသည်။
ကျွန်ုပ်တို့ ညီအစ်ကို မောင်နှမများအားလုံး ဘုရားသခင်ကို ချီးမွမ်းရန် လာကြသည်။
စာတန်ကို အနိုင်ယူကာ သူ၏ ဘုန်းအသရေအားလုံး ရရှိနှင့်ပြီးသူ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ချီးမွမ်းရန်လေ။
၄
ကျွန်ုပ်တို့ ညီအစ်ကို မောင်နှမများက အသစ်သော သီချင်းကို သီဆိုကြ၊
နိုင်ငံတော်၌ အသက်ရှင်ခြင်းနှင့်ဆိုင်သည့် ဝမ်းမြောက်ခြင်းက နှိုင်းမရပေ။
ဘုရားသခင်၏ ဘုန်းအသရေကို ကျွန်ုပ်တို့ မြင်ရလေပြီ၊
ကျွန်ုပ်တို့၏ နိုးကြားတက်ကြွသော စိတ်နှလုံးများက ခုန်ကာ ဝမ်းမြောက်နေ။
ကျွန်ုပ်တို့၏ မျက်လုံးများက စိတ်လှုပ်ရှားသည့် မျက်ရည်များ စီးနေ၊
ကျွန်ုပ်တို့၏ စိတ်နှလုံးများတွင် ပျော်ရွှင်မြူးထူးစွာ သီချင်းဆို။
လှပသည့် ကခုန်ခြင်းဖြင့် ကျွန်ုပ်တို့ စိတ်နှလုံးများရှိ ချစ်ခြင်းမေတ္တာကို ကျွန်ုပ်တို့ ဖော်ပြကြသည်။
ကျွန်ုပ်တို့၏ စိတ်ဝိညာဉ်များက လွတ်လပ်ကာ လွတ်မြောက်။
ကျွန်ုပ်တို့ ညီအစ်ကို မောင်နှမများအားလုံး ဘုရားသခင်ကို ချီးမွမ်းရန် လာကြသည်။
ကျွန်ုပ်တို့ သီဆိုသော အသံများက ကျယ်လောင်ကာ ရှင်းလင်းသည်၊
စကြဝဠာတစ်ခုလုံး၊ ကောင်းကင်ရော မြေကြီးကိုပါ လှုပ်ခါရင်းလေ။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
အခြား ဗီဒီယိုအမျိုးအစားများ