Myanmar Gospel Testimony 2022 - ကြိုးစားအားထုတ်ခြင်းက ကောင်းကင်နိုင်ငံသို့ ဝင်ခွင့် ရနိုင်သလား

13.03.2022

ရှီလာသည် စစ်မှန်သော ကက်သလစ်ဘာသာဝင်တစ်ယောက် ဖြစ်ပြီး၊ သူမ၏ ယုံကြည်ခြင်းတွင် နှစ်ပေါင်းများစွာ စွဲမြဲလာခဲ့သူဖြစ်ကာ၊ သခင် ပြန်လာချိန်၌ ကောင်းကင်နိုင်ငံတော်သို့ ချီဆောင်ခံရရန် မျှော်လင့်သူလည်း ဖြစ်သည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ၊ သူမအနေဖြင့် မကြာခဏ အပြစ်ဝန်ခံခြင်းများ၊ ကောင်းသောအလုပ်များကို လုပ်သော်လည်း ဘုရားသခင်၏ ပညတ်များကို မစောင့်ထိန်းနိုင်သလို၊ အပြစ်လုပ်ပြီး အပြစ်ဝန်ခံခြင်းဆိုသည့် သံသရာထဲတွင် အမြဲရုန်းမရဖြစ်သည်ကို သူမ တွေ့လာရသည်။ ဒီအဖြစ်ကြောင့် သူမ စိတ်ဆင်းရဲကာ ဝမ်းနည်းရရှာသည်။ တစ်ရက်တွင် ဖေ့စ်ဘွတ်၌ တင်ထားသော အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်စာပိုဒ်တစ်ခုကို သူမက ဖတ်မိသည်။ ဘုရားသခင်ထံ ယုံကြည်ခြင်း၏ အဓိပ္ပာယ်ကို ရှင်းပြထားကာ၊ လူတို့သည် ၎င်းတို့၏ယုံကြည်ခြင်းမှ မည်သည်ကို ရရန် ရည်မှန်းသလဲဆိုသည်ကို ဖော်ထုတ်ပြခြင်းဖြစ်သည်။ သူမအနေဖြင့် ကောင်းသောအလုပ်များ လုပ်ရာတွင် တက်ကြွစွာ ပါဝင်ပြီး ကိုယ့်ကိုယ်ကိုယ် ပစ်ပယ်သော်လည်း၊ ယင်းလုပ်ရပ်အားလုံးမှာ အပြန်အလှန်အားဖြင့် ကောင်းကင်နိုင်ငံတော်၏ ကောင်းချီးများကို ရရန်သာဖြစ်သည်ဟူသော အချက်ကို သူမက အလေးအနက် မစဉ်းစားဘဲမနေနိုင်တော့ပေ။ ယင်းတို့အားလုံးသည် ဘုရားသခင်ကို အမှန်တကယ် ချစ်မြတ်နိုးမှုကြောင့် လုပ်ဆောင်ခြင်းမဟုတ်၊ သို့ဖြစ်ရာ ဘုရားသခင်က ထိုယုံကြည်ခြင်းမျိုးကို မည်သို့ ချီးကျူးနိုင်မည်နည်း။ သူမ၏ စိတ်ရှုပ်ထွေးမှုကို ပြေလည်စေရန် မျှော်လင့်ရင်း၊ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်ကို စူးစမ်းရှာဖွေရန် သူမ ဆုံးဖြတ်မိသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရင်းဖြင့် နောက်ဆုံးတွင် အရာအားလုံးက သူမအတွက် ရှင်းလင်းလာကာ၊ ကောင်းကင်နိုင်ငံတော်သို့ ဝင်ရာလမ်းကို သူမ ရှာတွေ့ပါသည်။

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။