Gospel Testimony in Burmese | ကျမ်းစာက သခင့်ကို ကိုယ်စားပြုနိုင်လား

Gospel Testimony in Burmese | ကျမ်းစာက သခင့်ကို ကိုယ်စားပြုနိုင်လား

0 |09.10.2020

အဓိကဇာတ်ကောင်မှာ ဘာသာရေးကိုင်းရှိုင်းသော ခရစ်ယာန်တစ်ဦးဖြစ်သည်။ သမ္မာကျမ်းထဲ ရှိသမျှသည် ဘုရားသခင်၏ မှုတ်သွင်းတော်မူခြင်းကြောင့် ဖြစ်ကြောင်း၊ ကျမ်းစာသည် ဘုရားသခင်ကို ကိုယ်စားပြုကြောင်း၊ သခင့်ကို ယုံကြည်ခြင်းသည် ကျမ်းစာကို ယုံကြည်ခြင်းဖြစ်ကြောင်း သူမက ယုံကြည်ပါသည်။ သခင်ယေရှုသည် အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ် ပြန်ကြွလာပြီဖြစ်ကာ၊ ဘုရားသခင်သည် နှုတ်ကပတ်တော်သစ်တို့ကို မိန့်ဆိုထားသလို၊ ဘုရားအိမ်တော်မှ စတင်သော တရားစီရင်ခြင်းအမှုကို လုပ်ဆောင်နေသည်ဟု အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်က သက်သေခံနေသည်ကို ကြားမိသည့်အခါ၊ သူမအတွက် လက်ခံရခက်လေသည်။ ဘုရားသခင်၏ အမှုတော်သည် ကျမ်းစာကို မကျော်လွန်နိုင်ဟု သူမက အခိုင်အမာယုံကြည်သော်လည်း၊ သခင် ပြန်ကြွလာပြီဆိုသော သတင်းကြောင့် ဘဝင်မကျဖြစ်ရသည်။ သူမသည် နောက်ပိုင်းတွင် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို စူးစမ်းမိကာ၊ ကျမ်းစာ၏ တန်ဖိုးနှင့် ၎င်း၏ နောက်ကွယ်မှ အဖြစ်မှန်တို့ကို နားလည်လာသည်။ ကျမ်းစာသည် သခင့်ကို ကိုယ်စားမပြုသလို၊ ၎င်းတွင် ထာဝရအသက်လည်း မပါရှိကြောင်း၊ သမ္မာတရားနှင့် အသက်ကို ရမည့် တစ်ခုတည်းသောလမ်းမှာ နောက်ဆုံးသောကာလ၏ ခရစ်တော်နောက် လိုက်ရန်သာဖြစ်ကြောင်းတို့ကို နောက်ဆုံးတွင် သူမ နားလည်မိတော့သည်။

နောက်ထပ်ပြပါ။
ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

မျှဝေရန်

ပယ်ဖျက်ရန်