Myanmar Gospel Movie Trailer - ကလေးရေ အိမ်ပြန်လာပါ

လီရှင်ကွမ်းဟာ အထက်တန်းကျောင်းသား တစ်ယောက်ဖြစ်ပါတယ်။ သူဟာ ငယ်ငယ်ကတည်းက သိတတ်ပြီးလိမ္မာတဲ့ ကလေးတစ်ယောက်ဖြစ်တယ်။ သူ့မိဘတွေနဲ့ ဆရာ/မတွေက သူ့ကို အရမ်း ချစ်ကြတယ်။ အလယ်တန်းကျောင်းကို ရောက်တဲ့အခါ အင်တာနက် ကွန်ပျူတာဂိမ်းတွေကို သူ နှစ်သက်စွဲလမ်းလာတယ်။ အင်တာနက်ဆိုင်သွားဖို့ သူ မကြာခဏ အတန်းပျက်လာတယ်။ သူအင်တာနက်စွဲကပ်တာကို ဖျောက်ဖို့ သူ့မိဘတွေက အတတ်နိုင်ဆုံးကြိုးစားပေးခဲ့ကြတယ်။ အကြောင်းမလှစွာပဲ လီရှင်ကွမ်းရဲ့ စွဲကပ်မှုကပိုပြီး ဆိုးလာတယ်။ စိတ်ဓါတ်ကျ လာပြီး တဖြည်းဖြည်းနဲ့ ဒုက္ခပေးတဲ့ ကလေးတစ်ယောက်အဖြစ် ပြောင်းသွားတယ်။ လီရှင်ကွမ်းရဲ့ မိဘတွေက အကြံကုန်လာတဲ့အခါ ဘုရားသခင်က လူတွေကို ကယ်တင်နိုင်ကြောင်း၊ အင်တာနက်စွဲကပ်ခြင်းကိုလည်း ဖြတ်ပေးနိုင်ကြောင်းနဲ့ စာတန်ရဲ့ဖျက်ဆီးမှု တွေကနေ လွတ်မြောက်နိုင်စေကြောင်းကို သူတို့ကြားခဲ့ရတယ်။ အဲဒါကြောင့် သူတို့သား‌လေးကို ကယ်တင်ဖို့ ဘုရားသခင်ကိုသာ ယုံကြည်ပြီး မျှော်ကြည့်စောင့်ဆိုင်းဖို့ သူတို့ ဆုံးဖြတ်ခဲ့ကြတယ်။ လူတွေရဲ့ စာရိတ္တယိုယွင်းခြင်းနဲ့ ကျဆုံးခြင်းအကြောင်းရင်းကို ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကနေ သူတို့နားလည်ခဲ့ကြတယ်။ လူတွေရဲ့ အမှောင်ထုနဲ့ ဒုစရိုက်ကို သူတို့မြင်လာကြပြီး စာတန်ရဲ့ ဒုစရိုက်နဲ့ ဖျက်ဆီးမှုတွေကနေ ဘုရားသခင်ကပဲ လူတွေကို ကယ်တင်ပြီးလွတ်မြောက်စေနိုင်ကြောင်း သူတို့ နားလည်လာကြတယ်။ ရှင်ကွမ်းလုပ်ဖို့ လိုတာက ဘုရားသခင်ကို ယုံကြည်ဖို့နဲ့ သမ္မာတရားကို နားလည်ဖို့ပါပဲ၊ ဒါမှ သူ့ရဲ့ အင်တာနက်စွဲကပ်ခြင်းကို ဖျောက်ဖျက်နိုင်မှာ ဖြစ်ပါတယ်။ အဲဒါကြောင့် ရှင်ကွမ်းဆီကို ဧဝံဂေလိတရားဟောပြီး ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဖတ်စေခဲ့တယ်။ သူတို့သားကို ကယ်တင်ပြီး အင်တာနက်စွဲကပ်တာကို ပျောက်ကင်းစေဖို့အတွက် ဘုရားသခင်ဆီ သူတို့ ဆုတောင်းခဲ့ကြတယ်။ ခုခံတွန်းလှန်ပြီးတဲ့နောက် ရှင်ကွမ်းဟာ ဘုရားသခင်ဆီ ဆုစတောင်းပြီး ဘုရားသခင်အပေါ်မှီခိုအားထားလာတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ရဲ့ လမ်းညွှန်မှုအားဖြင့် သူဟာ နောက်ဆုံးတော့ သူ့ရဲ့ ဂိမ်းစွဲလန်းခြင်းကို ချိုးဖျက်နိုင်ခဲ့ပြီး စာတန်ရဲ့ ဖျက်ဆီးခြင်းနဲ့ ဘေးဒုက္ခတွေကနေ သူ့ကိုယ်သူ လွတ်မြောက်စေခဲ့တယ်။ အင်တာနက်ဂိမ်းတွေနဲ့ အင်တာနက်ဆိုင်တွေမှာ မျှော်လင့်ချက်ကင်းမဲ့စွာ ပျောက်သွားခဲ့တဲ့ ဒီသားလေးဟာ နောက်ဆုံးတော့ အိမ်ကို ပြန်လာခဲ့ပါပြီ။

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။