Myanmar Christian Song - မေတ္တာရှင်ဘုရား၏ လမ်း၌ မကြောက်ရွံ့နှင့်ကျူး

21.04.2023

ဒီကြမ်းတမ်းသောလမ်းဟာ ဘုရားအပေါ် ကျွန်ုပ်ချစ်ခြင်း ပိုဖြူစင်စေတယ်

နှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်းနဲ့ စစ်ဆေးခြင်းတို့မှာ ကျွန်ုပ်ရဲ့ အမြဲတမ်းအဖော်တွေပဲ

ဖြောင့်မတ်သော တရားစီရင်ခြင်းက ကျွန်ုပ်ကို လောင်ကျွမ်းသောမီးလို ပူလောင်စေတယ်

နာကျင်ရသော စစ်ဆေးခြင်းမှ နောက်ဆုံးတော့ ကိုယ့်ကိုယ်ကိုယ် သိလာခဲ့ပြီး

စာတန်ဟာ ကျွန်ုပ်ကို လူနဲ့မတူအောင် ပျက်စီးစေခဲ့တာ သိမြင်လာတယ်

ဘုရားရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းက ကျွန်ုပ်ရဲ့ ဖောက်ပြန်ပျက်စီးသောစိတ်သဘောထားကို သန့်စင်စေတယ်

စမ်းသပ်စစ်ဆေးခြင်းများမှတဆင့် များစွာအကျိုးခံစားရပြီး နာခံတတ်လာတယ်

ဘုရားသခင် ဘယ်လောက်ချစ်ဖို့ကောင်းသလဲဆိုတာ မြင်ရခြင်းဟာ ကျွန်ုပ်ကို ကိုယ်တော့်အပေါ် ပိုလို့ပင် တွယ်တာစေတယ်

ဘုရားအတွက် ကောင်းစွာ သက်သေခံနိုင်ဖို့ဟာ ကျွန်ုပ်နှလုံးသားထဲက ဆန္ဒပါ

ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းများဟာ ဘုရားသခင်ဆီက လာတဲ့ ကောင်းချီးများဖြစ်ကြောင်း ကျွန်ုပ်သိမြင်

သမ္မာတရားရရှိဖို့နဲ့ ကိုယ်တော်စုံလင်စေဖို့ စမ်းသပ်မှုများစွာ ခံစားရမယ်

လူပျင်းနှင့် သူရဲဘောကြောင်သူများ ဘုရားအတွက် သက်သေမခံနိုင်

ကိုယ်တော်အသုံးပြုလို့ ရနိုင်မယ်ဆိုရင် ကျွန်ုပ် ဒုက္ခခံလိုပါတယ်

နှိပ်စက်ညှဉ်းပန်းမှုနှင့် အခက်အခဲများမှတစ်ဆင့် ကျွန်ုပ်ရဲ့ ဘုရားအပေါ် ချစ်မြတ်နိုးစိတ် ပိုခိုင်မာလာ။

နောက်ဆုံးသောကာလရဲ့ခရစ်တော်ဟာ ထာဝရအသက်လမ်းကို ယူဆောင်၍၊

ဘုရားသခင်ရဲ့တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းဟာ စစ်မှန်သော ချစ်ခြင်းမေတ္တာဖြစ်သည်

စီရင်ခြင်းခံရခြင်းဖြင့် နောက်ဆုံး ကိုယ်တော်ရဲ့ဖြောင့်မတ်ခြင်းနဲ့ သန့်ရှင်းခြင်းကို ကျွန်ုပ်သိမြင်။

ချစ်ကြောက်ခြင်းနှင့် နာခံခြင်း ထားရှိခဲ့ပြီးနောက် ကိုယ်တော်ရဲ့ချစ်ခြင်းမေတ္တာကို ကျွန်ုပ်မြည်းစမ်းခဲ့တယ်

ပိုပြင်းထန်တဲ့ စီရင်ခြင်းနှင့် သန့်စင်ခြင်းက ကျွန်ုပ်ကို ပိုအကျိုးရှိစေတယ်

ကြီးစွာသော ဝေဒနာကို ခံစားခဲ့ရပြီး သမ္မာတရားကို ရရှိခဲ့ကာ စစ်မှန်သော လူသားသဏ္ဌာန်နဲ့ ယခု ကျွန်ုပ်အသက်ရှင်

ဘုရားရဲ့ ချစ်ခြင်းမေတ္တာကို ပြန်ဆပ်ဖို့ ကျွန်ုပ်ဖြစ်တည်မှုတစ်ခုလုံးကို ဆက်ကပ်၍ လုံးဝသစ္စာရှိပါမယ်

ရှိရှိသမျှ ပုံပေးကာ ဘုရားကို အလေးနက်ဆုံး ချစ်ပါတယ်

ဘုရားအလိုတော်ကို ဖြည့်ဆည်းဖို့ မိမိတာဝန်ကို ထမ်းဆောင်တယ်

သမ္မာတရားနှင့် အသက်ကို ရဖို့အတွက် ကျွန်ုပ် အစွမ်းကုန်ကြိုးစား

ယုံကြည်မှုအပြည့်နဲ့ စစ်မှန်တဲ့ဘဝဆီ ကျွန်ုပ်လျှောက်လှမ်း

ဘုရားရဲ့ချစ်ခြင်းမေတ္တာကို ပြန်ဆပ်ဖို့ လူသားပုံသဏ္ဌာန် ကျွန်ုပ်အသက်ရှင်

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။