ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ပန်းတိုင်များနှင့် အဆုံးသတ်များ | ကောက်နုတ်ချက် ၆၀၄

14.10.2020

အသင်းတော်တိုင်း၌ အသင်းတော်ကို ဒုက္ခပေးသူများ သို့မဟုတ် ဘုရားသခင်၏အမှုတော်၌ စွက်ဖက်သော သူများရှိသည်။ ၎င်းတို့အားလုံးသည် ရုပ်ဖျက်ကာ ဘုရားသခင်၏ အိမ်တော်ကို ထိုးဖောက်ဝင်ရောက်သည့် စာတန်များဖြစ်သည်။ ထိုကဲ့သို့သော လူတို့သည် သရုပ်ဆောင်ကောင်းကြ၏။ ငါ၏ ရှေ့မှောက်သို့ ပျပ်ဝပ်ကာ၊ စုတ်ပြတ်လျက် ခွေးဝဲစားများကဲ့သို့ အသက်ရှင်ရင်းနှင့် မိမိတို့၏ ရည်ရွယ်ချက်များ အထမြောက်စိမ့်သောငှာ သူတို့၏ “အစွမ်းကုန်” ဆက်ကပ်ကြလျက် ကြီးမားသော ချစ်ကြောက်ရိုသေမှုဖြင့် လာကြသော်လည်း၊ ညီအစ်ကို မောင်နှမများရှေ့တွင် ၎င်းတို့၏ အကျည်းတန်သည့်ဘက်ကို ပြကြလေသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သော လူများကို ၎င်းတို့မြင်သောအခါ၊ ထိုးနှက်ကြပြီး တွန်းဖယ်ကြလေသည်။ သူတို့ကိုယ်တိုင်ထက် ခံ့ညားလောက်သော လူတို့ကို မြင်သောအခါ၊ မြှောက်ပင့်ပြီး မျက်နှာလုပ်တတ်ကြသည်။ အသင်းတော်ထဲတွင် ၎င်းတို့ အထိန်းအကွပ်မဲ့ကြလေသည်။ အသင်းတော်အများစုတွင် ထိုသို့သော “ဒေသခံ ဗိုလ်ကျသူများ”၊ ထိုသို့သော “ခိုင်းဖတ်များ” သည် အသင်းတော် အများစု၌ ရှိသည်ဟု ပြော၍ရသည်။ ၎င်းတို့သည် တစ်ဦးကိုတစ်ဦး မျက်စိမှိတ်ပြကာ လျှို့ဝှက် အချက်ပြကြလျက်၊ ဟိုဟိုသည်သည် ခိုးကြောင်ခိုးဝှက် အတူတကွ သွားကြပြီး၊ ၎င်းတို့ထဲမှ မည်သူမျှ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြချေ။ အဆိပ်အများဆုံးရှိသောသူသည် “မကောင်းဆိုးဝါးခေါင်းဆောင်” ဖြစ်ပြီး ဂုဏ်ဒြပ် အမြင့်ဆုံးဖြစ်သည့် သူသည် ဦးဆောင်ကာ ၎င်းတို့၏အလံကို လေထဲတွင် လွှင့်ထူပြီး သယ်ဆောင်လေသည်။ ဤလူများသည် ၎င်းတို့၏ အပျက်သဘောကို ဖြန့်ဝေလျက်၊ သေခြင်းတရားကို ထုတ်လွှတ်လျက်၊ မိမိတို့ သဘောရှိ လုပ်ဆောင်လျက်၊ မိမိတို့ သဘောရှိ ပြောဆိုလျက်နှင့် ၎င်းတို့ကို တားဆီးရန် မည်သူမျှ မဝံ့ရဲကြဘဲ၊ အသင်းတော်တွင် ဆူပူရမ်းကား ကြလေသည်။ ၎င်းတို့သည် စာတန်၏ စိတ်သဘောထားများဖြင့် ပြည့်လျှံကြလေသည်။ ဆူပူလှုပ်ရှားမှုကို ၎င်းတို့ ဖြစ်စေသည်နှင့် တစ်ပြိုင်နက် သေခြင်းတရား၏ အငွေ့အသက်တစ်ခုသည် အသင်းတော်ထဲကို ဝင်ရောက်လာသည်။ အသင်းတော်အတွင်း သမ္မာတရားကို လက်တွေ့ဆောင်ရွက်သောသူများသည် စွန့်ပစ်ခြင်းခံရပြီး သူတို့၏ ရှိသမျှ အစွမ်းကုန် မကြိုးစားနိုင်ကြသော်လည်း အသင်းတော်ကို နှောင့်ယှက်၍ အသင်းတော်အတွင်း သေခြင်းတရားကို ပြန့်စေသော သူများသည် စည်းလွတ်ဘောင်လွတ် ဖြစ်နေကြ၏၊ ထို့အပြင် လူအများစုက သူတို့နောက်သို့ လိုက်ကြသည်။ ဤကဲ့သို့သော အသင်းတော်မျိုးသည် အကယ်ပင် စာတန်၏ ထိန်းချုပ်မှုအောက်၌ရှိပြီး နတ်ဆိုးသည် သူတို့၏ဘုရင်ဖြစ်သည်။ အကယ်၍ အသင်းတော်က လူများသည် ထကြွကာ ထိုမကောင်းဆိုးဝါး ခေါင်းဆောင်များကို မငြင်းပယ်ပါက၊ အသင်းတော်တို့သည်လည်း အနှေးနှင့်အမြန် ပျက်စီးသွားမည်ဖြစ်သည်။ ယခုမှစ၍ ဤကဲ့သို့သော အသင်းတော်များကို အရေးယူရပေမည်။ အကယ်၍ အသင်းတော်၏ အသင်းသားများသည် သမ္မာတရားအနည်းငယ်ကို လက်တွေ့လုပ်ဆောင်ရန် တတ်စွမ်းနိုင်သော်လည်း လက်တွေ့လုပ်ဆောင်ရန် မကြိုးပမ်းပါက၊ ထိုအသင်းတော်သည် ဖျက်ပစ်ခံရမည်ဖြစ်သည်။ အကယ်၍ အသင်းတော် တစ်ခုတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဆန္ဒရှိသူ တစ်ဦးမျှ မရှိပါက၊ ထို့အပြင် ဘုရားသခင်အတွက် သက်သေခံနိုင်သောသူ တစ်ဦးမျှ မရှိပါက၊ ထိုအသင်းတော်ကို လုံးဝ သီးခြားဖြစ်သွားစေရမည်ဖြစ်ပြီး အခြားအသင်းတော်များနှင့် ထိုအသင်းတော်၏ ချိတ်ဆက်မှုများ ဖြတ်တောက်ရမည်။ ဤသည်ကို မြေမြုပ်ခြင်းဖြင့် သေခြင်းဟုခေါ်သည်၊ ယင်းသည် စာတန်ကိုနှင်ထုတ်ခြင်းကို ဆိုလိုသည်။ အကယ်၍ အသင်းတော်တွင် ဒေသခံ ဗိုလ်ကျသူအချို့ ပါရှိပြီး ၎င်းတို့နောက်သို့ သူတို့ မည်သည့်အရာဖြစ်သည်ကို မပြောနိုင်ကြသည့် “ယင်ကောင်ငယ်များ” လိုက်ပါက၊ ထို့အပြင် အသင်းသားများသည် သမ္မာတရားကို မြင်ပြီးနောက်တွင်ပင် ဤဗိုလ်ကျသူများ၏ အနှောင်အဖွဲ့များနှင့် ကြိုးကိုင်ခြယ်လှယ်မှုတို့ကို ငြင်းပယ်နိုင်စွမ်းမရှိသေးပါက၊ ထိုမိုက်မဲသူများ အားလုံးသည် အဆုံးတွင် သုတ်သင်ဖယ်ရှင်းခံရမည်ဖြစ်သည်။ ဤယင်ကောင်ငယ်များသည် မည်သည့် ဆိုးရွားသောအရာကိုမျှ မလုပ်ခဲ့ သော်ငြားလည်း၊ ၎င်းတို့သည် ပို၍ပင် လှည့်ဖြားတတ်ကာ၊ ပို၍ပင် ပါးနပ်ပြီး တိမ်းရှောင်တတ်၍၊ ဤကဲ့သို့သော လူတိုင်းသည် သုတ်သင်ဖယ်ရှင်း ခံရမည်ဖြစ်သည်။ တစ်ဦးတစ်ယောက်မျှ ကြွင်းကျန်ရစ်မည် မဟုတ်။ စာတန်နှင့်သက်ဆိုင်သော သူများသည် စာတန်ထံ ပြန်သွားကြ ရမည်ဖြစ်သော်လည်း၊ ဘုရားသခင်နှင့်သက်ဆိုင်သော လူများကမူ သမ္မာတရားကို ဧကန်အမှန်ပင် ရှာဖို့ကြိုးစား ကြလိမ့်မည်။ ဤအရာကို သူတို့၏သဘာဝဗီဇများအရ သတ်မှတ်ပိုင်းခြားထားခြင်း ဖြစ်သည်။ စာတန်နောက်ကို လိုက်သောသူမှန်သမျှ ပျက်စီးပါလေစေ။ ထိုကဲ့သို့သော လူများကို မည်သည့်သနားခြင်းမျှ ပြသမည် မဟုတ်ပေ။ သမ္မာတရားကိုရှာသော သူများအား ထောက်ပံ့မှုများ ရရှိစေလော့၊ ပြီးလျှင်သူတို့၏စိတ်နှလုံးများ တင်းတိမ်ရောင့်ရဲသည်အထိ ဘုရားသခင်၏နှုတ်ကပတ်တော်တွင် နှစ်သက် ပျော်မွေ့ကြပါစေ။ ဘုရားသခင်သည် ဖြောင့်မတ်၏။ သူသည် မည်သူကိုမျှ မျက်နှာမလိုက်။ အကယ်၍ သင်သည် နတ်ဆိုးတစ်ကောင်ဖြစ်ပါက သမ္မာတရားကို လက်တွေ့ကျင့်သုံးဖို့ရန် သင် မတတ်စွမ်းနိုင်ပေ။ အကယ်၍ သင်သည် သမ္မာတရားကို ရှာဖွေသော သူတစ်ယောက်ဆိုပါက၊ စာတန်၏ ဖမ်းချုပ်ထားခြင်းကို ဧကန်အမှန် သင်ခံရမည် မဟုတ်ပေ။ ဤသည်ကား ယုံမှားဖွယ်ရာ လုံး၀မရှိပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။