ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၃၇၄

01.10.2020

ခပ်သိမ်းသော အရာတို့၏ ဦးသျှောင် ဖြစ်သော အနန္တတန်ခိုးရှင် ဘုရားသခင်သည် တန်ခိုးအာဏာကို သူ၏ပလ္လင်ထက်မှ စွဲကိုင်လျက် နေသည်။ သူသည် စကြဝဠာ နှင့် ခပ်သိမ်းသော အရာများအပေါ် အုပ်စိုးပြီး၊ ကမ္ဘာမြေကြီး တစ်ခုလုံးပေါ်ရှိ ငါတို့အား လမ်းပြလျက်ရှိသည်။ ငါတို့သည် သူနှင့် အချိန်တိုင်းတွင် နီးကပ်နေရမည် ဖြစ်ပြီး၊ သူ၏ရှေ့မှောက်သို့ တိတ်တဆိတ် ရောက်ရှိကြရမည် ဖြစ်သည်၊ ငါတို့သည် အခိုက်အတန့် ကာလတစ်ခုကိုပင် မည်သည့်အခါမျှ လက်မလွှတ်သင့်ပေ၊ အချိန်တိုင်းတွင် သင်ယူရမည့် အရာများ ရှိနေ၏။ ငါတို့၏ ပတ်လည်မှ ပတ်ဝန်းကျင်သာမက လူများ၊ အကြောင်းကိစ္စများ နှင့် အရာဝတ္ထုများ အားလုံးမှာ သူ၏ ပလ္လင်ထက်မှ အခွင့်ပေးထားခြင်း ဖြစ်သည်။ ညည်းညူသော စိတ်နှလုံး မရှိကြနှင့်၊ သို့မဟုတ်လျှင် ဘုရားသခင်သည် သင်တို့အပေါ် သူ၏ ကျေးဇူးတော်ကို သွန်းလောင်းလိမ့်မည် မဟုတ်ပေ။ နာမကျန်းဖြစ်သည့် အခါမျိုး၌၊ ယင်းသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကြောင့် ဖြစ်ပြီး၊ ယင်း၏ နောက်ကွယ်တွင် သူ၏ ကောင်းသော ရည်ရွယ်ချက်များကား မုချ ရှိနေ၏။ သင်၏ ခန္ဓာကိုယ်သည် ဆင်းရဲဒုက္ခကို ခံစားရလျှင်ပင်၊ စာတန်ထံမှ အတွေးအခေါ်များကို မယူနှင့်။ ဖျားနာခြင်း ကြားမှပင် ဘုရားသခင်အား ချီးမွမ်းကာ၊ သင်၏ ချီးမွမ်းခြင်း ကြားမှာပင် ဘုရားသခင်အား မွေ့လျော်လော့။ ဖျားနာစဉ် စိတ်ပျက်ခြင်း မရှိကြနှင့်၊ ဆက်၍ ရှာဖွေကာ လုံးဝ လက်မလျှော့ကြနှင့်၊ ထိုအခါ ဘုရားသခင်သည် သင်တို့အပေါ် သူ၏ အလင်းကို ထွန်းလင်းစေလိမ့်မည်။ ယောဘသည် မည်မျှ သစ္စာစောင့်သိခဲ့သနည်း။ အနန္တတန်ခိုးရှင်ဘုရားသခင်သည် အရာရာကို တတ်စွမ်းနိုင်သော သမားတော်တစ်ဦး ဖြစ်လေသည်တကား။ နာမကျန်းမှုအတွင်း၌ တည်ခြင်းသည် ဖျားနာခြင်းအကြောင်း ဖြစ်၍၊ စိတ်ဝိညာဉ်အတွင်း၌ တည်ခြင်းသည် ကျန်းမာခြင်း အကြောင်း ဖြစ်၏။ အကယ်၍ သင့်ထံ၌ ထွက်သက်ဝင်သက် တစ်ခုမျှသာ ရှိဦးတော့၊ ဘုရားသခင်သည် သင့်အား သေစေလိမ့်မည် မဟုတ်ပေ။

ငါတို့သည် အတွင်း၌ ခရစ်တော်၏ ရှင်ပြန်ထမြောက်ခဲ့သော အသက်တာကို ပိုင်ဆိုင်သည်။ ငါတို့သည် ဘုရားသခင်၏ မျက်မှောက်၌ ယုံကြည်ခြင်း ကင်းမဲ့ကြသည်မှာ ငြင်းစရာမရှိပါပေ- ဘုရားသခင်သည် ငါတို့၏အတွင်း၌ စစ်မှန်သော ယုံကြည်ခြင်းကို ထည့်ပေးမည်သာပင်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် အမှန်ပင် ချိုမြိန်လေသည်တကား။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ထိရောက်သော ဆေးဝါးပင် ဖြစ်လေသည်တကား။ နတ်ဆိုးများ နှင့် စာတန်အား အရှက်ရစေကြလော့။ အကယ်၍ ငါတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆုပ်ကိုင်ပါက၊ ထောက်မခြင်းကို ရရှိမည်ဖြစ်ကာ၊ သူ၏ နှုတ်ကပတ်တော်သည် ငါတို့၏ စိတ်နှလုံးများကို အလျင်အမြန် ကယ်တင်လိမ့်မည်။ ယင်းသည် အရာအားလုံးကို ပပျောက်စေပြီး၊ ခပ်သိမ်းသောအရာတို့ကို ငြိမ်သက်ခြင်း ရှိစေ၏။ ယုံကြည်ခြင်းသည် သစ်လုံးတစ်လုံးတည်းဖြင့် ပြုလုပ်ထားသော တံတား တစ်ခုကဲ့သို့ ဖြစ်သည်၊ အသက်ကို မလွတ်တမ်း ဖက်တွယ်ထားသူတို့သည် ၎င်းတံတားကို ဖြတ်ကူးရန် အခက်ကြုံလိမ့်မည် ဖြစ်သော်လည်း၊ မိမိတို့ကိုယ်ကိုယ် စွန့်လွှတ်အနစ်နာခံရန် အသင့်ရှိသော သူတို့သည် စိုးရိမ်မှု မရှိဘဲ ဖြတ်ကူးနိုင်ကြ၏။ အကယ်၍ လူသားသည် တွန့်ဆုတ်၍ ကြောက်ရွံ့သော အတွေးအခေါ်များ ရှိနေလျှင်၊ ၎င်းတို့သည် စာတန်၏ လှည့်ဖြားခြင်းကို ခံနေကြရပြီဖြစ်သည်။ ငါတို့သည် ယုံကြည်ခြင်း တံတားကို ဖြတ်ကျော်ကာ၊ ဘုရားသခင်ထံသို့ ဝင်ရောက်မည်ကို ၎င်းသည် စိုးရိမ်၏။ စာတန်သည် ၎င်း၏ အတွေးအခေါ်များကို ငါတို့ထံ ပို့ရန်အတွက် ဖြစ်နိုင်သမျှသောနည်းလမ်းတို့ကို ဖန်တီး၏၊ ငါတို့အပေါ် ဘုရားသခင်၏ အလင်း ထွန်းလင်းလာစေရန်အတွက်၊ ငါတို့သည် အမြဲမပြတ် ဆုတောင်းသင့်၏၊ ထို့ပြင် ငါတို့အား စာတန်၏ အဆိပ်အတောက်မှ သန့်စင်စေရန်အတွက် ငါတို့သည် ဘုရားသခင်ကို အမြဲ ကိုးစားရမည် ဖြစ်သည်။ ဘုရားသခင် နှင့် နီးကပ်လာစေရန်အလို့ငှာ၊ ငါတို့၏ စိတ်ဝိညာဉ်များအတွင်း၌ အမြဲမပြတ် လိုက်နာ ကျင့်သုံးနေကြသင့်သည်။ ငါတို့၏ ခန္ဓာစိတ်ဝိညာဉ်တစ်ခုလုံးအပေါ်၌ ဘုရားသခင်အား အုပ်စိုးခွင့်ပြုရမည် ဖြစ်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၆)

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။