ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၉၁

10.10.2020

ဘုရားသခင်၏လူ့ဇာတိခံယူသောအချိန်အတွင်း လူများထံမှ သူလိုအပ်သော နာခံခြင်းသည် လူတို့စိတ်ကူးယဉ်သောအရာဖြစ်သည့် စီရင်ဆုံးဖြတ်ခြင်း သို့မဟုတ် ဆန့်ကျင်ခြင်းများ မလုပ်ခြင်း မဟုတ်ပေ။ ယင်းအစား၊ သူလိုအပ်သောအရာမှာ လူတို့သည် သူ၏နှုတ်ကပတ်တော်များ ကို ၎င်းတို့၏ဘဝအတွက် အခြေခံ သဘောတရားနှင့် ၎င်းတို့၏ အသက်ရှင်ကျန်မှုအတွက် အခြေခံအုတ်မြစ်ဖြစ်စေရန်၊ သူ၏ နှုတ်ကပတ်တော်များ၏အနှစ်သာရကို အပြည့်အဝလက်တွေ့ကျင့်သုံးရန်နှင့် သူ၏အလိုတော်ကို အကြွင်းမဲ့ ဖြည့်ဆည်းရန်တို့ ဖြစ်သည်။ လူ့ဇာတိခံဘုရားသခင်ကို နာခံရန် လူတို့အပေါ်သတ်မှတ်ချက်၏ ရှုထောင့်တခုသည် သူ၏နှုတ်ကပတ်တော်များကို လက်တွေ့ကျင့်ကြံခြင်းကို ရည်ညွန်းပြီး အခြားရှုထောင့်တခုမှာ သူ၏ သာမန်ဖြစ်ခြင်းနှင့် လက်တွေ့ကျခြင်းတို့ကို နာခံနိုင်ခြင်းတို့ကို ရည်ညွန်းသည်။ ဤအရာနှစ်ခုလုံးသည် အကြွင်းမဲ့ ဖြစ်ရမည်။ ဤရှု့ထောင့်နှစ်ခုလုံးကို အထမြောက်စေနိုင်သောသူများသည် ဘုရားသခင်အား စစ်မှန်သော ချစ်ခြင်းမေတ္တာ ရှိသောသူများ ဖြစ်သည်။ ထိုသူတို့သည် ဘုရားသခင်အားဖြင့် ရရှိခံရသော လူများအားလုံးဖြစ်ပြီး ထိုသူတို့အားလုံးသည် ဘုရားသခင်အား မိမိတို့ဘဝကို မိမိတို့ချစ်သကဲ့သို့ ချစ်သောသူများ ဖြစ်သည်။ လူ့ဇာတိခံသော ဘုရားသခင်သည် သူ့အလုပ်၌ သာမန်နှင့် လက်တွေ့ကျသော လူ့သဘာ၀ကို ဆောင်သည်။ ဤနည်းအားဖြင့် သူ၏သာမန်နှင့်လက်တွေ့ကျသော လူ့သဘာ၀နှစ်ခုလုံး၏ ပြင်ပအလွှာသည် လူများအတွက် ကြီးမားသော စမ်းသပ်ခြင်းတခု ဖြစ်လာသည်။ ထိုအရာသည် ထိုသူ့တို့အတွက် အကြီးမားဆုံးသော အခက်အခဲလည်း ဖြစ်လာသည်။ သို့သော် ဘုရားသခင်၏ သာမန်ဖြစ်ခြင်းနှင့် လက်တွေ့ကျခြင်းတို့သည် ရှောင်လွဲ၍မရနိုင်ပေ။ သူသည် အဖြေတခုကို ရှာတွေ့ရန် အရာအားလုံးကို ကြိုးစားခဲ့သော်လည်း အဆုံးတွင် သူ၏သာမန်လူ့သဘာဝနှင့် ပတ်သက်သော ပြင်ပအလွှာကို သူ့ကိုယ်မှ မစွန့်ပယ်နိုင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် အဆုံးတွင် သူသည် လူ့ဇာတိခံယူသော ဘုရားသခင် ဖြစ်ပြီး၊ ကောင်းကင်ဘုံ၌ရှိသော ဝိညာဉ်တော်ဘုရားမဟုတ်သောကြောင့် ဖြစ်သည်။ သူသည် လူများ မမြင်နိုင်သော ဘုရားမဟုတ်ဘဲ ဖန်ဆင်းခံအရာတခု၏ ပြင်ပအလွှာတစ်ခုကို ယူတင်ဝတ်ဆင်ထားသောဘုရား ဖြစ်သည်။ ဤနေရာတွင် သူ၏ သာမန်လူ့သဘာဝအလွှာကို သူ့ကိုယ်မှ စွန့်ပယ်ခြင်းသည် လုံးဝလွယ်ကူသောအရာ မဟုတ်ပေ။ ထို့ကြောင့် မည့်သို့ပင်ဆိုစေကာမူ သူသည် သူလုပ်ချင်သောအရာကို ဇာတိပကတိ၏ ရှုထောင့်မှ လုပ်ဆဲဖြစ်သည်။ ဤအလုပ်သည် သာမန်နှင့် လက်တွေ့ကျသော ဘုရားသခင်၏ ဖေါ်ပြခြင်းဖြစ်သည့်အတွက် လူများမနာခံလျှင် မည်ကဲ့သို့ လက်ခံနိုင်မည်နည်း။ လူတို့သည် ဘုရားသခင်၏လုပ်ဆောင်မှုများအပေါ် မည်သို့တတ်နိုင်မည်နည်း။ သူသည် သူလုပ်ချင်သောအရာကို လုပ်၏၊ အမှုအရာတို့သည် သူကျေနပ်သည့်အတိုင်း ရှိကြ၏။ လူများမနာခံလျှင် ၎င်းတို့၌ အားထားယုံကြည်လောက်သော အခြားမည်သည့်အစီအစဉ်များ ရှိနိုင်ကြသနည်း။ ယခုထိ လူများကို ကယ်တင်နိုင်သောအရာသည် နာခံခြင်းသာ ဖြစ်သေးသည်။ အခြားပါးနပ်သော စိတ်ကူးများများ မရှိပေ။ ဘုရားသခင်သည် လူတို့အား စုံစမ်းချင်လျှင် လူတို့သည် မည်သို့ တတ်နိုင်မည်နည်း။ သို့သော် ဤအရာ အားလုံးသည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်၏ အကြံမဟုတ်ဘဲ လူ့ဇာတိခံဘုရားသခင်၏ အကြံသာ ဖြစ်သည်။ သူသည် ဤအရာကို လုပ်ချင်သည်၊ ထို့ကြောင့် မည်သူတစ်ဦးတယောက်ကမျှ မပြောင်းလဲနိုင်ပေ။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်သည် သူလုပ်ဆောင်သောအရာကို စွက်ဖက်ခြင်းမရှိသည့် အတွက်ကြောင့် လူများသည်သူ့အား ပို၍ပင် မနာခံသင့်ဘူးလော။ သူသည် လက်တွေ့ကျသောသူနှင့် သာမန်ဖြစ်သောသူ နှစ်ခုစလုံး ဖြစ်သော်လည်း သူသည် လူ့ဇာတိခံယူသောဘုရားသခင် အပြည့်အဝ ဖြစ်သည်။ သူ၏ကိုယ်ပိုင်အတွေးများအပေါ် အခြေခံ၍ သူသည် သူလုပ်ချင်သော မည်သည့်အရာကိုမဆို လုပ်ဆောင်သည်။ ကောင်းကင်ဘုံရှိဘုရားသခင်သည် သူ့အား တာဝန်အားလုံးကို လွှဲအပ်ပြီးဖြစ်သည်၊ သင်တို့သည် သူလုပ်ဆောင်သော မည်သည့်အရာကိုမဆို နာခံရမည်။ သူ၌ လူ့သဘာ၀ရှိ၍ သူသည် အလွန်သာမန်ဖြစ်သော်လည်း ဤအရာအားလုံးသည် သူတမင် စီစဉ်ထားသောအရာ ဖြစ်သည့်အတွက်ကြောင့် လူများသည် သူ့အား သဘောမတူသော မျက်လုံးပြူးကြီးများနှင့် မည်ကဲ့သို့ ကြည့်နိုင်မည်နည်း။ သူသည် သာမန်ဖြစ်ချင်သောကြောင့် သာမန်ဖြစ်၏။ သူသည် လူ့သဘာ၀၌ နေထိုင်ချင်သောကြောင့် လူ့သဘာ၀အတွင်း၌ နေထိုင်သည်။ သူသည် ဘုရား၏သဘောသဘာ၀၌ နေထိုင်ချင်သောကြောင့် ဘုရား၏ သဘောသဘာ၀အတွင်း၌နေထိုင်သည်။ လူတို့သည် ထိုအရာကို ၎င်းတို့မြင်ချင်သလို မြင်နိုင်သည်။ ဘုရားသခင်သည် အမြဲတမ်း ဘုရားသခင်ဖြစ်မှာ ဖြစ်ပြီး လူတို့သည် အမြဲတမ်း လူများဖြစ်နေမည်။ သူ၏အနှစ်သာရကို အရေးမပါသော သာမန် အသေးစိတ်အချက်အလက် အချို့ကြောင့် မငြင်းပယ်နိုင်သလို သေးငယ်သောအချက်တစ်ခုကြောင့် ဘုရား၏ “ပုဂ္ဂိုလ်ဖြစ်ခြင်း” အပြင်သို့လည်း သူ့ကို မတွန်းပို့နိုင်ပေ။ လူတို့တွင် လူ၏လွတ်လပ်မှုရှိပြီး ဘုရားသခင်ထံတွင်လည်း ဘုရားသခင်၏ ဂုဏ်သိက္ခာ ရှိသည်။ ထိုအရာများသည် တစ်ခုနှင့်တစ်ခု ဝင်ရောက်စွက်ဖက်မှုမရှိပေ။ လူတို့သည် ဘုရားသခင်ကို ၎င်းတို့ အလိုရှိသည်အတိုင်း ပြစ်တင်ရှုတ်ချခြင်း သို့မဟုတ် နားလည်ခြင်း ရှိနိုင်သည်။ ၎င်းတို့သည် ဘုရားသခင်အား အနည်းငယ်ပို၍ သာမန်ကာလျှံကာ သည်းခံနိုင်ခြင်း မရှိသလော။ လေးနက်လွန်းမနေလေနှင့်၊ တစ်ဦးချင်းစီသည် အချင်းချင်း သည်းခံသင့်သည်။ ထို့အခါအရာအားလုံး ကျေအေးမည် မဟုတ်လော။ စိတ်ဝမ်းကွဲခြင်းတစ်ခုခု ရှိသေးသလော။ တစ်စုံတစ်ယောက်သည် ထိုကဲ့သို့သေးငယ်သောအရာ တစ်ခုကိုပင် သည်းမခံနိုင်လျှင် စိတ်ထား မြင့်မြတ်သော ပုဂ္ဂိုလ်တစ်ဦး၊ စစ်မှန်သောပုဂ္ဂိုလ်တစ်ဦးဖြစ်ခြင်းကို ထိုသူတို့ မည်သို့ စဉ်းစားခြင်းပင် ပြုနိုင်မည်နည်း။ ဘုရားသခင်က လူသားမျိုးနွယ်အား ဒုက္ခပေးသည် မဟုတ်ဘဲ လူသားမျိုးနွယ်ကသာ ဘုရားသခင်အား ဒုက္ခပေးခြင်း ဖြစ်သည်။ သူတို့သည် အမြဲတမ်း တစ်ဆိတ်တစ်အိတ်လုပ်ခြင်းအားဖြင့် အမှုအရာများကို ကိုင်တွယ်ကြသည်၊ ၎င်းတို့သည် အရေးမကြီးသည်ကို အရေးကြီးသည့် အရာအဖြစ် အမှန်ပင်လုပ်ကြပြီး ယင်းသည် အလွန်မလိုအပ်သောအရာ ဖြစ်သည်။ ဘုရားသခင်က သာမန်နှင့် လက်တွေ့ကျသော လူ့သဘာ၀ အထဲတွင် လုပ်ဆောင်သောအခါ သူလုပ်ဆောင်သောအရာသည် လူသားမျိုးနွယ်၏အလုပ်မဟုတ်ဘဲ ဘုရားသခင်၏အလုပ် ဖြစ်သည်။ သို့သော် လူတို့သည် သူ့အလုပ်၏ အနှစ်သာရကို မမြင်ဘဲ သူ၏လူ့သဘာ၀၏ ပြင်ပအလွှာကိုသာ အမြဲတမ်း မြင်သည်။ ၎င်းတို့သည် ထိုကဲ့သို့ ထူးကဲသောအလုပ်ကို မမြင်ဖူးသော်လည်း ဘုရားသခင်၏သာမန်နှင့် ပုံမှန်လူ့သဘာ၀ကို မြင်ရန် မရမက တောင်းဆိုပြီး ၎င်းတို့သည် ထိုအရာကို လက်မလွှတ်ကြပေ။ ဤအရာကို ဘုရားသခင်အား နာခံခြင်းဟု မည်ကဲ့သို့ ခေါ်နိုင်မည်နည်း။ ကောင်းကင်ဘုံရှိဘုရားသခင်သည် မြေကြီးပေါ်ရှိ ဘုရားသခင်အဖြစ် ယခု “ပြောင်းလဲ” သွားပြီး မြေကြီးပေါ်ရှိ ဘုရားသခင်သည် ယခု ကောင်းကင်ပေါ်ရှိ ဘုရားသခင် ဖြစ်သည်။ ၎င်းတို့၏ပြင်ပပုံစံများ တူညီသည် သို့မဟုတ် ၎င်းတို့၏အလုပ်သည် မည်သည့်အရာကဲ့သို့ ဖြစ်သည်မှာ အရေးမကြီးပေ။ ယေဘုယျအားဖြင့် ဘုရားသခင်ကိုယ်တိုင်၏အလုပ်ကို လုပ်ဆောင်သောသူသည် ဘုရားသခင် ကိုယ်တိုင် ဖြစ်သည်။ သင်နာခံလိုသည်ဖြစ်စေ၊ မနာခံလိုသည်ဖြစ်စေ နာခံရမည်။ ဤအရာသည် သင်ရွေးချယ်ခွင့်ရှိသောအရာ မဟုတ်ပေ။ လူတို့သည် ဘုရားသခင်အားနာခံရမည်။ လူတို့သည် ဘုရားသခင်အား ဟန်ဆောင်မှု အနည်းငယ်မျှမရှိဘဲ လုံးဝနာခံရမည်။

ယနေ့ လူ့ဇာတိခံယူသောဘုရားသခင် ရရှိချင်သောလူတစ်စုသည် သူ့အလိုနှင့်ကိုက်ညီသောသူများ ဖြစ်သည်။ လူတို့သည် ကောင်းကင်ဘုံရှိ ဘုရားသခင်၏ စိတ်ကူးများနှင့် အမြဲတမ်း ပတ်သက်နေခြင်း၊ မရေရာမှုအတွင်း နေထိုင်ခြင်း သို့မဟုတ် လူ့ဇာတိခံဘုရားသခင်အား ဒုက္ခပေးခြင်းတို့ကို မလုပ်ဘဲ သူ့အလုပ်ကို နာခံခြင်းသာ လိုအပ်သည်။ သူ့ကိုနာခံနိုင်သောသူများသည် သူ့နှုတ်ကပတ်တော်များကို အကြွင်းမဲ့ နားထောင်သူများနှင့် သူ့အစီအစဉ်များကို နာခံသောသူများ ဖြစ်သည်။ ဤလူများသည် ကောင်းကင်ဘုံရှိဘုရားသခင်သည် မည်သည့်အရာနှင့် အမှန်တကယ်တူသည် သို့မဟုတ် ကောင်းကင်ဘုံရှိဘုရားသခင်သည် လူသားမျိုးနွယ်ထဲတွင် လက်ရှိ မည်သည့်အလုပ်မျိုးကို လုပ်ဆောင်နေသည် တို့ကို ဂရုမစိုက်ဘဲ မြေကြီးပေါ်ရှိဘုရားသခင်အား ၎င်းတို့၏နှလုံးသားများကို အပြည့်အဝပေးပြီး သူ့ရှေ့တွင် ၎င်းတို့၏ဖြစ်ခြင်း တစ်ခုလုံးကို ထားရှိသည်။ ထိုသူတို့သည် မိမိတို့ကိုယ်တိုင်၏လုံခြုံမှုကို မည်သည့်အခါမျှ မစဉ်းစားဘဲ လူ့ဇာတိခံဘုရားသခင်၏ သာမန်ဖြစ်ခြင်းနှင့် လက်တွေ့ကျခြင်းတို့ကို မည်သည့်အခါမျှ အရေးပေးလွန်းခြင်း မပြုပေ။ လူ့ဇာတိခံယူသော ဘုရားသခင်ကို နာခံသောသူများသည် သူ့အားဖြင့် စုံလင်စေခြင်းခံနိုင်သည်။ ကောင်းကင်ဘုံရှိဘုရားသခင်ကို ယုံကြည်သောသူများသည် မည်သည့်အရာမျှ ရရှိမည်မဟုတ်ပေ။ ဤသည်မှာ လူတို့အပေါ် ကတိတော်များနှင့် ကောင်းကြီးမင်္ဂလာများ ပေးအပ်သည်မှာ ကောင်းကင်ဘုံရှိဘုရားသခင် မဟုတ်ဘဲ မြေကြီး ပေါ်ရှိဘုရားသခင် ဖြစ်သောကြောင့် ဖြစ်သည်။ လူတို့သည် ကောင်းကင်ဘုံရှိဘုရားသခင်အား အမြဲတမ်း ချဲ့ထွင်ခြင်းနှင့် မြေကြီးပေါ်ရှိ ဘုရားသခင်အား သာမန်ပုဂ္ဂိုလ်တစ်ဦးအဖြစ် မြင်ခြင်းတို့ကို မလုပ်သင့်ပေ။ ဤအရာသည် မတရားပေ။ ကောင်းကင်ဘုံရှိဘုရားသခင်သည် ကြီးမြတ်ပြီး အံ့သြဖွယ်ဖြစ်၍ အံ့သြဖွယ်သော ဉာဏ်ပညာရှိ၏၊ သို့သော်လည်း ဤအရာမှာ လုံးဝမတည်ရှိပေ။ မြေကြီးပေါ်ရှိဘုရားသခင်သည် အလွန်သာမန်ဖြစ်၍ ထူးခြားမှု မရှိပေ၊ သူသည် အလွန်ပုံမှန်ဖြစ်သောသူလည်း ဖြစ်သည်။ သူ၌ ထူးကဲသောစိတ် သို့မဟုတ် မြေကြီးကို တုန်လှုပ်စေသော လုပ်ဆောင်မှုများ မရှိပေ။ သူသည် အလွန်ပုံမှန်ဖြစ်ကာ လက်တွေ့ကျသောနည်းလမ်းအားဖြင့် အလုပ်လုပ်ခြင်းနှင့် ပြောဆိုခြင်းသာ ရှိသည်။ သူ သည် မုန်တိုင်းအားဖြင့် စကားပြောခြင်း သို့မဟုတ် လေနှင့်မိုးတို့အား ခေါ်ဖိတ်ခြင်းတို့ မရှိသော်လည်း သူသည် ကောင်းကင်ဘုံရှိဘုရားသခင်၏ လူ့ဇာတိခံယူခြင်း အမှန်တကယ် ဖြစ်ပြီး သူသည် လူသားများကြားတွင် နေထိုင်သော ဘုရားသခင် အမှန်တကယ်ဖြစ်သည်။ လူတို့သည် ၎င်းတို့နားလည်နိုင်၍ ဘုရားအဖြစ် ၎င်းတို့ ကိုယ်ပိုင်စိတ်ကူးများနှင့်ကိုက်ညီသော သူကို ပုံကြီးချဲ့ခြင်း သို့မဟုတ် ၎င်းတို့ လက်မခံနိုင်၍ လုံးဝ စိတ်ကူးမယဉ် နိုင်သောသူအား နိမ့်ကျသူအဖြစ် မမြင်ရပေ။ ဤအရာအားလုံးသည် လူတို့၏ တော်လှန်ပုန်ကန်ခြင်း ဖြစ်သည်၊ ထိုအရာသည် လူသားမျိုးနွယ်၏ ဘုရားသခင်အား ခုခံခြင်း၏ မြစ်ဖျားခံရာအားလုံး ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်အား အမှန်တကယ်ချစ်သောသူများသည် ဘုရားသခင်၏ လက်တွေ့ကျခြင်းကို အကြွင်းမဲ့ ကျိုးနွံနာခံနိုင်သောသူများ ဖြစ်သည်

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။