ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၁၆

07.10.2020

သင်၏ ကျရှုံးခြင်း၊ အားနည်းခြင်းနှင့်ဆိုင်သော အတွေ့အကြုံများစွာနှင့် သင်၏ အပျက်သဘောဆောင်သော အချိန်များအားလုံးကို ဘုရားသခင်၏ စမ်းသပ်မှုများ ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် အရာရာတိုင်းသည် ဘုရားသခင်မှ လာပြီး၊ ခပ်သိမ်းသော အမှုအရာများနှင့် အဖြစ်အပျက်များမှာ သူ၏လက်ထဲတွင်ရှိသောကြောင့် ဖြစ်သည်။ သင်ကျရှုံးသည်ဖြစ်စေ သို့မဟုတ် သင်အားနည်းပြီး ခလုတ်တိုက်သည်ဖြစ်စေ ထိုအရာအားလုံးမှာ ဘုရားသခင်အပေါ် တည်မှီပြီး သူ၏လက်ထဲ၌ ရှိနေသည်။ ဘုရားသခင်၏အမြင်၌ ဤသည်မှာ သင့်အား စမ်းသပ်မှုတစ်ခုဖြစ်ပြီး ထိုအရာကို သင်သတိမပြုမိပါက ယင်းသည် စုံစမ်းသွေးဆောင်ခြင်း ဖြစ်လာလိမ့်မည်။ လူတို့ သတိပြုသင့်သော အခြေအနေနှစ်မျိုးရှိသည်- တစ်ခုမှာ သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လာပြီး အခြားတစ်ခု၏ ဖြစ်နိုင်ခြေအရင်းအမြစ်က စာတန်ပင်ဖြစ်သည်။ တစ်ခုမှာ သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို အလင်းပေးပြီး သင့်ကိုယ်သင်သိရန်၊ သင့်ကိုယ်သင် ရွံမုန်းပြီး နောင်တရရန်နှင့် ဘုရားသခင်အပေါ် စစ်မှန်သောချစ်ခြင်းမေတ္တာ ရှိနိုင်ရန်၊ ဘုရားသခင်အား ကျေနပ်စေရာ၌ သင်၏စိတ်နှလုံးကို ပိုင်းဖြတ်ထားစေရန် အခွင့်ပေးသည့် အခြေအနေ တစ်ခုဖြစ်သည်။ အခြားတစ်ခုမှာ သင်သည် သင့်ကိုယ်သင်သိသော်လည်း၊ အပျက်သဘောဆောင်ကာ အားနည်းသည့် အခြေအနေတစ်ခု ဖြစ်သည်။ ဤအခြေအနေကို ဘုရားသခင်၏ စစ်ဆေးခြင်းဖြစ်သည်၊ ထို့ပြင် ယင်းကို စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်း ဖြစ်သည်ဟုလည်း ဆိုနိုင်ပါသည်။ အကယ်၍ ဤသည်မှာ သင့်အား ဘုရားသခင်၏ ကယ်တင်ခြင်းဖြစ်သည်ဟု သင်အသိအမှတ်ပြုပြီး သင်သည် ယခု သူ့အပေါ် အလွန်တရာ အကြွေးတင်နေကြောင်း ခံစားရပါက၊ သင်သည် ယခုမှစ၍ သူ့ကို အကြွေးပြန်ဆပ်ရန်နှင့် ထိုသို့သော ဆိုးယုတ်ခြင်းထဲသို့ နောက်ထပ်မကျဆင်းတော့ရန် ကြိုးစားပါက၊ သူ၏ နှုတ်ကပတ်တော်များအား စားသောက်ရာ၌ သင်ကြိုးပမ်းအားထုတ်ပါက၊ ထို့ပြင် သင်သည် သင့်ကိုယ်သင် ချို့တဲ့လိုအပ်သည်ဟု အမြဲတမ်းယူဆပြီး တောင့်တသောစိတ်နှလုံးရှိပါက၊ ဤသည်မှာ ဘုရားသခင်၏ စမ်းသပ်မှုပင်ဖြစ်သည်။ ဒုက္ခခံရခြင်း အဆုံးသတ်ပြီး သင် နောက်ထပ်တစ်ဖန် ရှေ့သို့ တက်လှမ်းနေသည့်နောက်တွင်၊ ဘုရားသခင်သည် သင့်ကို ဆက်လက်၍ ဦးဆောင်လမ်းပြမည်၊ အလင်းပေးမည်၊ ဉာဏ်အလင်းဖွင့်ပေးပြီး အားကောင်းစေမည်။ သို့သော် အကယ်၍ သင်သည် ယင်းကို အသိအမှတ်မပြုဘဲ အပျက်သဘောဆောင်လျက် မျှော်လင့်ချက် ပျက်သုဉ်းသည်အထိ သင့်ကိုယ်သင် တကယ်ကို ပစ်ပယ်ထားပါက၊ ဤနည်းအတိုင်း သင်တွေးထင်ပါက စာတန်၏ စုံစမ်းသွေးဆောင်ခြင်းမှာ သင့်အပေါ် ကျရောက်ပြီးဖြစ်လိမ့်မည်။ ယောဘသည် စမ်းသပ်မှုများကို ကြုံရသည့်အခါ ဘုရားသခင်နှင့် စာတန်တို့သည် တစ်ဦးနှင့်တစ်ဦး အလောင်းအစားလုပ်ခဲ့ကြပြီး ယောဘအား ဖိစီးနှိပ်စက်ရန် စာတန်ကို ဘုရားသခင် အခွင့်ပေးခဲ့သည်။ ယောဘကို စမ်းသပ်ခဲ့သည်မှာ ဘုရားသခင်ပင် ဖြစ်ခဲ့သော်လည်း၊ သူ့အပေါ်ကျရောက်လာသူမှာ အမှန်တွင် စာတန်ဖြစ်ခဲ့သည်။ စာတန်အတွက်မှာမူ ယင်းသည် ယောဘကို အစုံအစမ်းပြုခြင်း ဖြစ်ခဲ့သော်လည်း၊ ယောဘမှာ ဘုရားသခင်ဘက်တွင် ရှိခဲ့သည်။ အကယ်၍ ထိုသို့မဟုတ်ခဲ့ပါက ယောဘမှာ စုံစမ်းသွေးဆောင်ခြင်းထဲသို့ ကျရောက်ခဲ့ပြီး ဖြစ်မည်။ လူတို့သည် စုံစမ်းသွေးဆောင်ခြင်းထဲသို့ ကျရောက်သည်နှင့် တစ်ပြိုင်နက်၊ ၎င်းတို့သည် ဘေးအန္တရာယ်ထဲသို့ ကျရောက်သွားကြသည်။ စစ်ဆေးမှုခံရခြင်းကို ဘုရားသခင်ထံမှ စမ်းသပ်မှုဖြစ်သည်ဟု ဆိုနိုင်သော်လည်း၊ အကယ်၍ သင်သည် ကောင်းမွန်သောအခြေအနေ၌ ရှိမနေပါက၊ ယင်းကို စာတန်ထံမှ စုံစမ်းသွေးဆောင်ခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။ အကယ်၍ သင်သည် ရူပါရုံအကြောင်း မရှင်းလင်းပါက၊ စာတန်သည် သင့်ကိုစွပ်စွဲကာ ရူပါရုံနှင့်ဆိုင်သော ကဏ္ဍတွင် သင့်ကို ကာဆီးထားလိမ့်မည်။ သင်မသိလိုက်မီ စုံစမ်းသွေးဆောင်ခြင်းထဲသို့ သင်ကျရောက်သွားမည်။

အကယ်၍ သင်သည် ဘုရားသခင်၏အမှုကို မတွေ့ကြုံရပါက မည်သည့်အခါမျှ စုံလင်အောင်ပြုခြင်း ခံရနိုင်မည် မဟုတ်ပေ။ သင်၏အတွေ့အကြုံထဲတွင် သင်သည် အသေးစိတ်အချက်အလက်များ ထဲသို့လည်း ဝင်ရောက်ရမည်။ ဥပမာအားဖြင့်၊ မည်သည့် အရာများက သင့်အား အယူအဆများနှင့် စေ့ဆော်မှုများ လွန်ကဲမှုကို ဖြစ်လာစေပြီး၊ ဤပြဿနာများကို ရင်ဆိုင်ရန်အတွက် သင်၌ မည်သို့သော သင့်လျော်သည့် လက်တွေ့လုပ်ဆောင်မှုမျိုးများ ရှိသနည်း။ အကယ်၍ ဘုရားသခင်၏အမှုကို သင်တွေ့ကြုံနိုင်ပါက၊ ဤသည်မှာ သင်၌ ဝိညာဉ်ရင့်ကျက်မှုရှိကြောင်း ဆိုလိုခြင်းဖြစ်သည်။ အကယ်၍ သင်၌ တက်ကြွမှုသာ ရှိပုံပေါ်ပါက၊ ဤသည်မှာ မှန်ကန်သော ဝိညာဉ်ရင့်ကျက်မှု မဟုတ်သည့်အပြင် သင်သည် မြဲမြံစွာ လုံးဝရပ်တည်နိုင်မည် မဟုတ်ပါ။ သင်သည် ဘုရားသခင်၏အမှုကို တွေ့ကြုံနိုင်ကာ ယင်းကို အချိန်မရွေး၊ နေရာမရွေး သင်တွေ့ကြုံပြီး ဆင်ခြင်တွေးဆနိုင်သည့်အခါမှသာ၊ သင်တို့သည် သိုးထိန်းများကို စွန့်ခွာပြီး ဘုရားသခင်အပေါ် ကိုးစားမှုအားဖြင့် တသီးတခြား အသက်ရှင်နိုင်ကာ၊ သင်သည် ဘုရားသခင်၏ တကယ့်လုပ်ရပ်များကို မြင်နိုင်သည့်အခါ ဘုရားသခင်၏အလိုတော်ကို အောင်မြင်စေမည်ဖြစ်သည်။ ယခုအချိန်တွင်မူ လူအများစုသည် မည်သို့တွေ့ကြုံရမည်ကို မသိကြဘဲ၊ ပြဿနာတစ်ခုကို ၎င်းတို့ ရင်ဆိုင်ရသည့်အခါ ယင်းကို မည်သို့ ကိုင်တွယ်ဖြေရှင်းရမှန်း မသိကြပေ။ ၎င်းတို့သည် ဘုရားသခင်၏အမှုကို တွေ့ကြုံနိုင်စွမ်း မရှိသည့်အပြင် ဝိညာဉ်ရေးပြည့်ဝသော အသက်တာဖြင့် အသက်မရှင်နိုင်ကြချေ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတို့ကို သင်၏ လက်တွေ့အသက်တာထဲ၌ ကျင့်သုံးရမည်။

ဘုရားသခင်သည် တစ်ခါတစ်ရံ တစ်စုံတစ်ခုသော ခံစားချက်မျိုး၊ သင်၏အတွင်းထဲက ဝမ်းမြောက်မှုကို ဆုံးရှုံးစေပြီး ဘုရားသခင်ရှိနေခြင်းကို ဆုံးရှုံးစေသည့် ခံစားချက်မျိုး၊ သင့်ကို မှောင်မိုက်ထဲသို့ ထိုးကျသွားစေသည့် ခံစားချက်မျိုးကို ပေးတတ်သည်။ ဤသည်မှာ စစ်ဆေးခြင်းတစ်မျိုး ဖြစ်သည်။ တစ်စုံတစ်ခုကို သင်လုပ်ဆောင်သည့်အခါတိုင်း၊ ယင်းက အမြဲတမ်း လွဲချော်တတ်သည် သို့မဟုတ် ရပ်တန့်သွားတတ်သည်။ ဤသည်မှာ ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်း ဖြစ်သည်။ တစ်ခါတစ်ရံတွင် သင်သည် ဘုရားသခင်အား နာခံမှုမရှိဘဲ ပုန်ကန်တတ်သော အရာတစ်ခုခုကို ပြုလုပ်သည့်အခါ၊ အခြားမည်သူမျှ မသိနိုင်သော်လည်း ဘုရားသခင်သိ၏။ သူသည် သင့်ကို အလွတ်မပေးဘဲ၊ သင့်ကို သူဆုံးမပဲ့ပြင်လိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုမှာ အလွန်အသေးစိတ်ကျသည်။ သူသည် လူတို့၏ စကားလုံးနှင့် လုပ်ဆောင်ချက်တိုင်း၊ ၎င်းတို့၏ လုပ်ရပ်နှင့် လှုပ်ရှားမှုတိုင်းနှင့် ၎င်းတို့၏ အကြံအစည်နှင့် အတွေးအခေါ်တိုင်းကို အလွန်သေချာစွာ စောင့်ကြည့်သည်၊ သို့မှသာ လူတို့သည် ဤအရာများအပေါ် အတွင်းပိုင်း အမြင်ပွင့်ခြင်းကို ရရှိနိုင်မည်ဖြစ်သည်။ တစ်စုံတစ်ရာကို သင်တစ်ကြိမ်လုပ်ပြီး ယင်းက လွဲချော်သွားသည်၊ တစ်စုံတစ်ရာကို သင် ထပ်လုပ်ပြီး လွဲချော်နေသေးသည်၊ ထို့နောက် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုကို သင် တဖြည်းဖြည်း နားလည်လာမည်။ ကြိမ်ဖန်များစွာ ဆုံးမပဲ့ပြင်ခံရခြင်းအားဖြင့် သင်သည် ဘုရားသခင်၏အလိုအတော်နှင့်အညီ မည်သည့်အရာကို လုပ်ရမည်နှင့် မည်သည့်အရာက သူ၏အလိုတော်နှင့် မညီကြောင်းကို သိလိမ့်မည်။ အဆုံးတွင် သင်သည် သင့်အထဲမှနေ၍ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုအတွက် မှန်ကန်တိကျသော တုံ့ပြန်မှုများ ရှိလိမ့်မည်။ တစ်ခါတစ်ရံ သင်သည် ဆန့်ကျင်ပုန်ကန်တတ်ပြီး အထဲမှနေ၍ ဘုရားသခင်၏ ပြစ်တင်ကြိမ်းမောင်းခြင်းကို သင်ခံရလိမ့်မည်။ ဤအရာအားလုံးမှာ ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းမှ လာသည်။ အကယ်၍ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တန်ဖိုးမထားပါက၊ သူ၏အမှုကို သင်ဖော့မိပါက၊ သူသည် သင့်ကို အရေးစိုက်တော့မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အလေးအနက်ထားလေလေ၊ သင့်ကို သူ ဉာဏ်အလင်းပေးလေလေ ဖြစ်သည်။ ယခုအခါတွင်မူ အသင်းတော်ထဲတွင် ဇဝေဇဝါနှင့် ရှုပ်ထွေးနေသည့် ယုံကြည်ခြင်းရှိသော လူအချို့ရှိကြပြီး ၎င်းတို့သည် မသင့်လျော်သောအမှုအရာ မြောက်များစွာပြုပြီး စည်းကမ်းမရှိဘဲ ပြုမူကြသောကြောင့် သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို ၎င်းတို့အထဲတွင် ရှင်းလင်းစွာ မမြင်ရနိုင်ပေ။ လူအချို့တို့သည် ငွေရှာရန်အလို့ငှာ မိမိ၏တာဝန်များကို နောက်ချန်ရစ်ကာ ဆုံးမပဲ့ပြင်ခံရခြင်းမရှိဘဲ စီးပွားရေး လုပ်ကိုင်ရန် ထွက်သွားကြသည်။ ထိုသို့သော လူစားမျိုး၌ ပို၍ပင် အန္တရာယ်ရှိသည်။ လတ်တလောတွင် ၎င်းတို့၌ သန့်ရှင်းသော ဝိညာဉ်တော်၏အမှု မရှိသည်သာမက အနာဂတ်တွင် ၎င်းတို့ကို စုံလင်စေရန် ခက်ခဲလိမ့်မည်။ အတွင်း၌ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုကို မမြင်နိုင်သည့်အပြင် အတွင်း၌ ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းကိုလည်း မမြင်နိုင်သည့် လူများစွာရှိသည်။ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်အပေါ် မရှင်းမလင်းဖြစ်ပြီး ဘုရားသခင်၏ အမှုကို မသိသောသူများ ဖြစ်သည်။ စစ်ဆေးခြင်းများအလယ်တွင် ခိုင်ခံ့စွာ ရပ်တည်နိုင်သောသူများ၊ ဘုရားသခင် မည်သည့်အရာကို ပြုပါစေ သူ့နောက်သို့ လိုက်သောသူများနှင့် အနည်းဆုံးအနေဖြင့် မစွန့်ခွာဘဲ နေနိုင်သောသူ၊ သို့မဟုတ် ပေတရု စွမ်းဆောင်ခဲ့သော အရာထဲမှ ၀.၁ ရာခိုင်နှုန်းကိုပင် စွမ်းဆောင်သောသူတို့မှာ အခြေအနေကောင်းသောသူများ ဖြစ်သည်၊ သို့သော်လည်း ၎င်းတို့သည် ၎င်းတို့အား ဘုရားသခင် အသုံးချခြင်းနှင့်ပတ်သက်၍ တန်ဖိုးမရှိကြပေ။ လူများစွာသည် အမှုအရာတို့ကို လျင်မြန်စွာ နားလည်ကြသည်၊ ဘုရားသခင်အပေါ် စစ်မှန်သောချစ်ခြင်း ရှိကြပြီး ပေတရု၏အဆင့်ကို ကျော်လွန်နိုင်ကြသည်ဖြစ်၍ ဘုရားသခင်သည် ၎င်းတို့အပေါ် စုံလင်စေခြင်း အမှုကို ပြုလေသည်။ ဆုံးမပဲ့ပြင်ခြင်းနှင့် ဉာဏ်အလင်းပေးခြင်းသည် ထိုသို့သောသူတို့ထံသို့ ရောက်လာပြီး၊ အကယ်၍ သူတို့အထဲ၌ ဘုရားသခင်၏ အလိုတော်နှင့်မညီသော အရာတစ်ခုရှိပါက၊ ယင်းကို သူတို့ ချက်ချင်း စွန့်ပစ်နိုင်ကြသည်။ ထိုသို့သောသူတို့မှာ ရွှေ၊ ငွေနှင့် အဖိုးတန် ကျောက်တုံးများပင် ဖြစ်ပြီး သူတို့၏တန်ဖိုးမှာ အမြင့်မားဆုံးပေတည်း။ အကယ်၍ ဘုရားသခင်သည် များစွာသော အမှုအမျိုးမျိုးကို ပြုခဲ့ပြီးသော်လည်း၊ သင်သည် သဲ သို့မဟုတ် ကျောက်တုံးနှင့် တူနေသေးပါက သင်သည် သုံးမရသောသူပါပေတည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။