ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၃၇

16.10.2020

သင်သည် သာမန်လူ့သဘာဝမှ အသက်ရှင်ခြင်းကိုရရှိပြီး၊ စုံလင်အောင်ပြုပြင်ခြင်းခံရပြီးသောအခါ၊ ပရောဖက်ပြုချက်နှင့် လျှို့ဝှက်နက်နဲမှုများကို သင်ပြောနိုင်မည် မဟုတ်သော်လည်း၊ သင်သည် လူသားတစ်ဦး၏ ပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ပြီး ထုတ်ဖော်နေလိမ့်မည်။ ဘုရားသခင်သည် လူကိုဖန်ဆင်းခဲ့သည်၊ ထို့နောက်တွင် လူသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံခဲ့ရကာ၊ ဤဖောက်ပြန်ပျက်စီးခြင်းက လူများကို “အသေကောင်များ” ဖြစ်စေခဲ့သည်၊ ဤအကြောင်းကြောင့်၊ သင်ပြောင်းလဲပြီးသည့်အခါ သင်သည် ဤအသေကောင်များမှ ခြားနားလာမည်။ လူတို့၏ဝိညာဉ်များကို အသက်ပေးကာ ပြန်လည်မွေးဖွားစေသည့်အရာမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြစ်ပြီး၊ လူတို့၏ဝိညာဉ်များ ပြန်လည်မွေးဖွားသောအခါ ၎င်းတို့သည် သက်ဝင်လှုပ်ရှားလာပြီး ဖြစ်လိမ့်မည်။ “လူသေ” ဟူသော ဖော်ပြချက်သည် ဝိညာဉ်မရှိသည့် အလောင်းကောင်များကို ရည်ညွှန်းပြီး၊ အတွင်း၌ ၎င်းတို့၏ဝိညာဉ်သေပြီးသောလူများကို ရည်ညွှန်းသည်။ လူတို့၏ဝိညာဉ်များကို အသက်ပေးသောအခါ သူတို့သည် သက်ဝင်လှုပ်ရှားလာကြသည်။ ယခင်ကဆိုခဲ့သော သန့်ရှင်းသူများမှာ သက်ဝင်လှုပ်ရှားလာပြီးသောလူများ၊ စာတန်၏စွမ်းအားအောက်တွင်ရှိသော်လည်း စာတန်အား အနိုင်ယူခဲ့သောသူများကို ရည်ညွှန်းသည်။ တရုတ်ပြည်ရှိ ရွေးချယ်ခံရသောလူများသည် အဆင်းနီသောနဂါးကြီး၏ ရက်စက်၍ လူမဆန်သော ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် လိမ်လည်လှည့်စားမှုကို ခါးစည်းခံခဲ့ကြပြီး၊ ယင်းက သူတို့ကို စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာရစေကာ အသက်ရှင်ရန်သတ္တိ စိုးစဉ်းမျှပင် မရှိဘဲဖြစ်စေခဲ့သည်။ ဤအကြောင်းကြောင့်၊ ၎င်းတို့၏ဝိညာဉ်များ နိုးကြားလာခြင်းသည် ၎င်းတို့၏အနှစ်သာရမှ စတင်ရမည်၊ တစ်စချင်းပင်၊ ၎င်းတို့၏အနှစ်သာရထဲတွင် ၎င်းတို့၏ ဝိညာဉ်ကို နိုးကြားစေရမည်။ တစ်နေ့ သူတို့အသက်ဝင်လာသောအခါ၊ ပိတ်ဆို့မှုများ နောက်ထပ်မရှိတော့ဘဲ၊ အားလုံးချောမွေ့စွာ ရှေ့ဆက်လိမ့်မည်။ လောလောဆယ်တွင် ဤအရာသည် ဖြစ်နိုင်ခြေ မရှိသေးပေ။ လူအများစု၏ အသက်ရှင်နေထိုင်ခြင်းတွင် သေခြင်းတရား၏စရိုက်သွင်ပြင် များစွာပါဝင်သည်၊ သူတို့သည် သေခြင်းတရား၏ရောင်ဝါလက္ခဏာထဲတွင် ပိတ်ဖုံးခံရပြီး၊ သူတို့တွင် မြောက်မြားစွာချို့တဲ့နေသည်။ လူတစ်ချို့၏စကားများက သေခြင်းတရားကို သယ်ဆောင်ပြီး၊ သူတို့၏လုပ်ဆောင်မှုများက သေခြင်းတရားကို သယ်ဆောင်လျက်၊ သူတို့အသက်ရှင်သည့်အရာတိုင်းနီးပါးမှာ သေခြင်းတရားပင်ဖြစ်သည်။ အကယ်၍ ယနေ့ လူများသည် ဘုရားသခင်ကို လူသိရှင်ကြား သက်သေခံကြလျှင်လည်း၊ သူတို့သည် အပြည့်အဝ သက်ဝင်လှုပ်ရှားရန် လိုနေသေးကာ၊ သင်တို့ထဲတွင် လူသေမြောက်မြားစွာ ရှိနေသည့်အတွက်၊ ဤအလုပ်သည် ကျရှုံးလိမ့်မည်။ ဘုရားသခင်သည် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများကြား သူ၏အလုပ်ကို လျှင်မြန်စွာ ပျံ့နှံ့စေနိုင်စိမ့်သောငှာ နိမိတ်လက္ခဏာများနှင့် အံ့ဩဖွယ်ရာများကို အဘယ်ကြောင့် မပြသနည်းဟု ယနေ့ လူတစ်ချို့က မေးကြသည်။ လူသေတို့က ဘုရားသခင်ကို သက်သေမခံနိုင်ပါ၊ အသက်ရှင်သူများကသာ သက်သေခံနိုင်သည်၊ သို့သော် ယနေ့ လူအများစုတို့မှာ သေနေကြပြီး၊ များစွာသောသူတို့သည် သေခြင်းတရား၏ လှောင်အိမ်ထဲတွင် အသက်ရှင်ကြသည်၊ သူတို့သည် စာတန်၏စွမ်းအားအောက်တွင် အသက်ရှင်ကြကာ၊ အောင်မြင်မှုကို မရရှိနိုင်ကြပေ၊ ထိုသို့လျှင် ဘုရားသခင်ကို သူတို့ အဘယ်သို့ သက်သေခံနိုင်ကြမည်နည်း။ ဧဝံဂေလိတရား၏အလုပ်ကို သူတို့ အဘယ်သို့ ပျံ့နှံ့စေနိုင်ကြမည်နည်း။

အမှောင်၏စွမ်းအားအောက်တွင် အသက်ရှင်သောသူတို့သည် သေခြင်းတရား၏အလယ်တွင် အသက်ရှင်သောသူများ ဖြစ်ကြပြီး၊ သူတို့သည် စာတန်ပိုင်ဆိုင်သည့်သူများ ဖြစ်ကြသည်။ ဘုရားသခင်၏ ကယ်တင်ခြင်းမခံရဘဲ၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမခံရဘဲ၊ လူများသည် သေခြင်းတရား၏စွမ်းအားမှ လွတ်မြောက်ခြင်းငှာ မစွမ်းနိုင်ပါ၊ သူတို့သည် အသက်ရှင်သူများ ဖြစ်မလာနိုင်ပါ။ ဤလူသေများက ဘုရားသခင်ကို သက်သေမခံနိုင်သကဲ့သို့၊ ဘုရားသခင်၏ အသုံးပြုခြင်းလည်း မခံနိုင်ပါ၊ နိုင်ငံတော်ကို ဝင်ရောက်ဖို့ဆိုလျှင် ဝေလာဝေးဖြစ်သည်။ ဘုရားသခင်သည် အသက်ရှင်သူများ၏ သက်သေခံခြင်းကို အလိုရှိပြီး၊ လူသေတို့၏ သက်သေခံခြင်းကို အလိုမရှိ၊ လူသေတို့ မဟုတ်ဘဲ အသက်ရှင်သူများကသာ သူ့အတွက်အလုပ်လုပ်ရန် သူတောင်းဆိုသည်။ “လူသေတို့” သည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်သောသူများဖြစ်ကြသည်၊ သူတို့သည် ဝိညာဉ်၌ ထုံထိုင်းနေသောသူများဖြစ်ကြပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားမလည်ကြပါ၊ သူတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများဖြစ်ကြပြီး ဘုရားသခင်ကို သစ္စာစောင့်သိခြင်း စိုးစဉ်းမျှပင် မရှိသောသူများ ဖြစ်ကြသည်၊ ထို့ပြင် သူတို့သည် စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်သောသူများ ဖြစ်ကြပြီး စာတန်၏အသုံးချခြင်းကို ခံကြရသည်။ သမ္မာတရားကို ဆန့်ကျင်ခြင်းအားဖြင့်သော်လည်းကောင်း၊ ဘုရားသခင်ကို ပုန်ကန်ခြင်းအားဖြင့်သော်လည်းကောင်း၊ နိမ့်ကျခြင်း၊ စက်ဆုပ်ဖွယ်ဖြစ်ခြင်း၊ ရန်ငြိုးထားခြင်း၊ အသိဉာဏ်မဲ့ရိုင်းစိုင်းခြင်း၊ ကောက်ကျစ်စဉ်းလဲခြင်းနှင့် ချောင်းမြောင်းကြံစည်ခြင်းအားဖြင့်သော်လည်းကောင်း လူသေတို့သည် သူတို့ကိုယ်သူတို့ ပြသကြသည်။ ထိုကဲ့သို့သောလူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို စားသောက်ကြသော်လည်း၊ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့ အသက်ရှင်မနေထိုင်နိုင်ကြပါ။ သူတို့သည် အသက်ရှင်ကြသည်၊ သို့သော် သူတို့သည် လမ်းလျှောက်နေကြသော လူသေများဖြစ်ပြီး၊ အသက်ရှူနေသော အလောင်းကောင်များဖြစ်ကြသည်။ လူသေတို့သည် ဘုရားသခင်ကို ကျေနပ်စေခြင်းငှာ လုံးဝမစွမ်းနိုင်ကြ၊ သူ့ကို လုံးလုံးလျားလျား နာခံရန်မှာမူ ဝေလာဝေးပင်ဖြစ်သည်။ သူတို့သည် ဘုရားသခင်ကို လှည့်ဖြားခြင်းငှာ၊ ကျိန်ဆိုပြစ်မှားခြင်းငှာ၊ သစ္စာဖောက်ခြင်းငှာသာ တတ်နိုင်ကြပြီး၊ သူတို့အသက်ရှင်သမျှ အရာခပ်သိမ်းသည် စာတန်၏သဘာဝကို ထုတ်ဖော်ကြသည်။ အကယ်၍ လူတို့သည် အသက်ရှင်သောသတ္တဝါများ ဖြစ်လာရန်၊ ဘုရားသခင်ကို သက်သေခံရန်နှင့်၊ ဘုရားသခင်၏ သဘောကျခြင်းခံရရန် ဆန္ဒရှိကြသည်ဆိုလျှင်၊ သူတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရမည်၊ သူတို့သည် သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို ဝမ်းမြောက်စွာ ကျိုးနွံနာခံရမည်သာမက၊ ဘုရားသခင်၏ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို ဝမ်းမြောက်စွာ လက်ခံရမည်။ ထိုမှသာ သူတို့သည် ဘုရားသခင်သတ်မှတ်ပြဋ္ဌာန်းထားသည့် သမ္မာတရားများအားလုံးကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း ရှိလိမ့်မည်၊ ထိုမှသာ သူတို့သည် ဘုရားသခင်၏ကယ်တင်ခြင်းကို ရရှိပြီး၊ အသက်ရှင်သောသတ္တဝါများ အမှန်တကယ် ဖြစ်လာကြလိမ့်မည်။ အသက်ရှင်သူများမှာ ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံကြရပြီး၊ သူတို့သည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို ခံကြရကာ၊ သူတို့သည် သူတို့ကိုယ်သူတို့ ဘုရားသခင်အတွက် ဆက်ကပ်ရန်ဆန္ဒရှိကြပြီး အသက်ပေးဖို့ရန်ပင် လိုချင်ကြသည်၊ ထို့ပြင် သူတို့သည် ဘုရားသခင်အတွက် သူတို့၏အသက်တာတစ်ခုလုံးကို ဝမ်းမြောက်စွာ နှစ်မြှုပ်ထားကြလိမ့်မည်။ အသက်ရှင်သူများက ဘုရားသခင်ကို သက်သေခံကြသောအခါမှသာလျှင် စာတန်အရှက်ရနိုင်မည်၊ အသက်ရှင်သူများကသာ ဧဝံဂေလိတရားအလုပ်ကို ပျံ့နှံ့စေနိုင်မည်၊ အသက်ရှင်သူများသာ ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်ကြပြီး၊ အသက်ရှင်သူများသာလျှင် စစ်မှန်သောလူများ ဖြစ်ကြသည်။ မူလက ဘုရားသခင် ဖန်ဆင်းခဲ့သောလူမှာ အသက်ရှင်ခဲ့သည်၊ သို့သော် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကြောင့် လူသည် သေခြင်းတရား၏အလယ်တွင် အသက်ရှင်ရပြီး၊ စာတန်၏ စွမ်းအားအောက်တွင် အသက်ရှင်ရသည်၊ ထိုသို့ပင် ဤလူတို့သည် ဝိညာဉ်ကင်းမဲ့သောလူသေများ ဖြစ်လာကြပြီး၊ သူတို့သည် ဘုရားသခင်ကို ဆန့်ကျင်သောရန်သူများ ဖြစ်လာကြသည်၊ သူတို့သည် စာတန်၏တန်ဆာပလာများ ဖြစ်လာကြပြီး၊ သူတို့သည် စာတန်၏အကျဉ်းသားများ ဖြစ်လာကြသည်။ ဘုရားသခင်ဖန်ဆင်းခဲ့သော သက်ရှိလူသားများအားလုံးမှာ အသေဖြစ်လာကြပြီး၊ ထို့ကြောင့် ဘုရားသခင်သည် သူ၏ သက်သေခံချက်ကို ဆုံးရှုံးခဲ့ရသည်၊ ပြီးလျှင် ဘုရားသခင်သည် သူဖန်ဆင်းခဲ့သည့်၊ သူ၏ဇီဝအသက်ကို တစ်ဦးတည်း ပိုင်ဆိုင်သည့် လူသားတစ်ရပ်လုံးကို ဆုံးရှုံးခဲ့ရသည်။ ဘုရားသခင်သည် သူ၏သက်သေခံချက်ကို ပြန်ရုပ်သိမ်းပြီး၊ သူ၏လက်တော်ဖြင့် ဖန်ဆင်းခဲ့သော်လည်း စာတန်၏ ဖမ်းဆီးချုပ်နှောင်ထားသောသူတို့ကို ပြန်ရုပ်သိမ်းမည်ဆိုလျှင်၊ သူတို့သည် အသက်ရှင်သောသတ္တဝါများဖြစ်လာရန်အလို့ငှာ ဘုရားသခင်သည် သူတို့ကို ပြန်လည်အသက်သွင်းရမည်၊ ထို့နောက် သူတို့သည် သူ၏အလင်းထဲ၌ အသက်ရှင်ရန်အလို့ငှာ သူတို့ကို သူပြန်သိမ်းယူရမည် ဖြစ်သည်။ လူသေတို့သည် ဝိညာဉ်မရှိသောသူများဖြစ်ပြီး၊ အလွန်အမင်း ထုံထိုင်းကြသူများနှင့် ဘုရားသခင်ကို ဆန့်ကျင်ကြသူများ ဖြစ်ကြသည်။ ထို့ပြင် သူတို့သည် ဘုရားသခင်ကို မသိသောသူများ ဖြစ်ကြသည်။ ဤလူတို့သည် ဘုရားသခင်ကို နာခံရန် ရည်ရွယ်ချက် စိုးစဉ်းမျှပင် မရှိကြချေ၊ သူတို့သည် သူ့ကို ပုန်ကန်၍ ဆန့်ကျင်ခြင်းသာပြုကြပြီး၊ သစ္စာစောင့်သိမှု စိုးစဉ်းမျှပင် မရှိကြချေ။ အသက်ရှင်သူများသည် ၎င်းတို့၏ဝိညာဉ်များ ပြန်လည်မွေးဖွားခြင်း ခံရသောသူများ၊ ဘုရားသခင်ကို နာခံရန် သိနားလည်သူများနှင့်၊ ဘုရားသခင်ကို သစ္စာစောင့်သိသူများ ဖြစ်ကြသည်။ သူတို့၌ သမ္မာတရားနှင့် သက်သေခံချက်တို့ လက်ဝယ်ရှိကြပြီး၊ ဤလူများသာလျှင် ဘုရားသခင်ကို သူ၏အိမ်တော်ထဲ၌ ကျေနပ်စေကြသည်။ ဘုရားသခင်သည် သက်ဝင်လှုပ်ရှားလာနိုင်သူများ၊ ဘုရားသခင်၏ကယ်တင်ခြင်းကို မြင်နိုင်သူများ၊ ဘုရားသခင်ကို သစ္စာစောင့်သိနိုင်သူများနှင့် ဘုရားသခင်အား ရှာဖွေရန်ဆန္ဒရှိသူများကို ကယ်တင်သည်။ ဘုရားသခင်၏လူ့ဇာတိခံယူခြင်း၌ ယုံကြည်သူများနှင့် သူ၏ပေါ်ထွန်းခြင်း၌ ယုံကြည်သူများကို သူကယ်တင်သည်။ လူအချို့သည် သက်ဝင်လှုပ်ရှားလာနိုင်ပြီး၊ လူအချို့သည် သက်ဝင်လှုပ်ရှားမလာနိုင်ပေ၊ ဤသည်မှာ ၎င်းတို့၏သဘာဝသည် ကယ်တင်ခြင်းခံရနိုင်၊ မခံရနိုင်အပေါ် မူတည်သည်။ လူများစွာတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်တို့ကို များစွာကြားဖူးခဲ့သော်လည်း ဘုရားသခင်၏အလိုတော်ကို နားမလည်ကြ၊ သူတို့သည် ဘုရားသခင်၏ များစွာသောနှုတ်ကပတ်တော်တို့ကို ကြားဖူးသော်လည်း ယင်းတို့ကို လက်တွေ့လုပ်ဆောင်ခြင်းငှာ မစွမ်းနိုင်ကြ၊ သူတို့သည် အဘယ်သမ္မာတရားကိုမျှ အသက်ရှင်နေထိုင်ခြင်းငှာ မစွမ်းနိုင်ကြရုံသာမက ဘုရားသခင်၏ အလုပ်ကိုလည်း တမင်သက်သက် နှောင့်ယှက်ကြသည်။ သူတို့သည် ဘုရားသခင်အတွက် အဘယ်အလုပ်ကိုမျှ လုပ်ဆောင်ခြင်းငှာ မစွမ်းနိုင်ကြ၊ သူတို့သည် ဘုရားသခင်အတွက် ဘာမျှမဆက်ကပ်နိုင်ကြရုံမက၊ သူတို့သည် အသင်းတော်၏ငွေကိုလည်း လျှို့ဝှက်စွာ သုံးကြပြီး၊ ဘုရားသခင်၏အိမ်တော်တွင် အလကားစားကြလေသည်။ ဤလူတို့သည် သေနေကြပြီး၊ သူတို့သည် ကယ်တင်ခံရမည် မဟုတ်ပါ။ ဘုရားသခင်သည် သူ၏အလုပ်ထဲ၌ရှိနေသော သူများကို ကယ်တင်သည်။ သို့သော် သူ၏ကယ်တင်ခြင်းကို မရရှိနိုင်သော လူအချို့ သူတို့ထဲတွင်ရှိသည်၊ လူအများစုမှာ သေနေကြသောကြောင့် သူ၏ကယ်တင်ခြင်းကို လူအနည်းငယ်သာ ရရှိနိုင်သည်၊ သူတို့သည် အလွန်သေနေကြသည့်အတွက် ကယ်တင်မခံရနိုင်ပါ၊ သူတို့သည် စာတန်၏ လုံးဝအသုံးချခံကြရပြီး၊ သူတို့သည် သဘာဝအလျောက် အလွန်ရန်ငြိုးထားကြသည်။ ထိုအနည်းငယ်မျှသော လူတို့ကလည်း ဘုရားသခင်ကို အပြည့်အဝ နာခံနိုင်ကြသည်တော့ မဟုတ်ပါ။ သူတို့သည် အစဦးကတည်းက ဘုရားသခင်ကို အပြည့်အဝသစ္စာရှိလာခဲ့ကြသူများ မဟုတ်သကဲ့သို့၊ အစဦးကတည်းက ဘုရားသခင်အတွက် အဆုံးစွန်သော ချစ်ခြင်းမေတ္တာ ရှိခဲ့ကြသူများလည်း မဟုတ်ပါ၊ ထို့အစား၊ သူတို့သည် ဘုရားသခင်၏သိမ်းပိုက်ခြင်း အလုပ်ကြောင့် ဘုရားသခင်ကို နာခံလာကြသည်၊ သူတို့သည် ဘုရားသခင်၏ အမြင့်ဆုံးသော ချစ်ခြင်းမေတ္တာကြောင့် ဘုရားသခင်ကို မြင်လာကြသည်၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်နေသဘောထားကြောင့် သူတို့၏စိတ်နေသဘောထားတွင် ပြောင်းလဲမှုများ ရှိလာသည်၊ ထို့နောက် စစ်လည်းစစ်မှန်၍ ပုံမှန်လည်းဖြစ်သော ဘုရားသခင်၏အလုပ်ကြောင့် သူတို့သည် ဘုရားသခင်ကို သိလာကြသည်။ ဘုရားသခင်၏ ဤအလုပ် မပါဘဲ၊ ဤလူတို့ မည်မျှကောင်းစေကာမူ သူတို့ကို စာတန်ကပိုင်နေဦးမည်၊ သေခြင်းတရားကပိုင်နေဦးမည်၊ သူတို့ သေနေဦးမည်။ ယနေ့ ဤလူတို့ ဘုရားသခင်၏ကယ်တင်ခြင်းကို ရရှိနိုင်ခြင်းမှာ သူတို့သည် ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြသောကြောင့်သာလျှင်ဖြစ်သည်။

ဘုရားသခင်အပေါ် သစ္စာစောင့်သိမှုကြောင့် အသက်ရှင်သူတို့သည် ဘုရားသခင်၏ရယူခြင်းကို ခံရမည်ဖြစ်ပြီး သူ၏ကတိတော်များကြား အသက်ရှင်နေထိုင်ကြလိမ့်မည်၊ ဘုရားသခင်ကို ဆန့်ကျင်ခြင်းကြောင့် လူသေတို့သည် ဘုရားသခင်၏ ရွံမုန်းပြီးငြင်းပယ်ခြင်းကို ခံရမည်ဖြစ်ပြီး သူ၏အပြစ်ဒဏ်ပေးခြင်းနှင့် ကျိန်ဆဲခြင်းများအလယ် အသက်ရှင်ကြလိမ့်မည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်နေသဘောထားပင်ဖြစ်ပြီး၊ ယင်းကို အဘယ်လူသားကမျှ ပြောင်းလဲ၍မရပါ။ သူတို့ကိုယ်တိုင် ရှာဖွေခြင်းကြောင့် လူတို့သည် ဘုရားသခင်၏ သဘောကျခြင်းကို ရရှိကြပြီး အလင်းထဲ၌ အသက်ရှင်ကြသည်၊ သူတို့၏စဉ်းလဲသော အကြံအစည်များကြောင့် လူတို့သည် ဘုရားသခင်၏ ကျိန်ဆဲခြင်းကိုခံကြရပြီး အပြစ်ဒဏ်ပေးခြင်းအလယ်သို့ ကျရောက်ကြသည်၊ သူတို့၏ ဒုစရိုက်ပြုခြင်းကြောင့် လူတို့သည် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ခံကြရသည်၊ ထို့ပြင် သူတို့၏တမ်းတခြင်းနှင့် သစ္စာစောင့်သိမှုကြောင့် လူတို့သည် ဘုရားသခင်၏ ကောင်းချီးများကို ရရှိကြသည်။ ဘုရားသခင်သည် ဖြောင့်မတ်ပေ၏၊ သူသည် အသက်ရှင်သူတို့ကို ကောင်းချီးပေးပြီး၊ လူသေတို့ကို ကျိန်ဆဲသဖြင့် သူတို့သည် သေခြင်းတရား၏အလယ်တွင် အမြဲနေကြပြီး၊ ဘုရားသခင်၏အလင်းထဲ၌ ဘယ်သောအခါမျှ နေရလိမ့်မည် မဟုတ်ပါ။ ဘုရားသခင်သည် အသက်ရှင်သူတို့ကို သူ၏နိုင်ငံတော်ထဲသို့ ယူဆောင်လိမ့်မည်၊ သူသည် အသက်ရှင် သူတို့ကို သူနှင့်အမြဲအတူရှိရန် သူ၏ကောင်းချီးများထဲသို့ ယူဆောင်လိမ့်မည်။ လူသေတို့ကို သူသည် ထာဝရသေခြင်းထဲသို့ ထိုးချလိမ့်မည်၊ သူတို့သည် သူ၏အဖျက်ဆီးခံများ ဖြစ်ကြပြီး၊ စာတန်က အမြဲပိုင်ဆိုင်လိမ့်မည်။ ဘုရားသခင်သည် မည်သူ့ကိုမျှ မတရားသဖြင့် မဆက်ဆံပါ။ ဘုရားသခင်ကို အမှန်တကယ် ရှာဖွေသောသူအားလုံးတို့သည် ဘုရားသခင်၏ အိမ်တော် ထဲတွင် ဧကန်မုချ တည်နေကြလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်ကို မနာခံသောသူနှင့် သူနှင့်သဟဇာတမဖြစ်သောသူအားလုံးတို့သည် သူ၏အပြစ်ဒဏ်ပေးခြင်းအလယ်တွင် ဧကန်မုချ အသက်ရှင်ကြရလိမ့်မည်။ သင်သည် လူ့ဇာတိတော်၌ပြုသော ဘုရားသခင်၏အလုပ်ကို သေချာမသိဘဲ ရှိကောင်းရှိမည်၊ သို့သော် တစ်နေ့သောအခါ ဘုရားသခင်၏ လူ့ဇာတိတော်က လူ၏အဆုံးသတ်ကို တိုက်ရိုက်စီစဉ်လိမ့်မည် မဟုတ်၊ ထို့အစား သူ၏ဝိညာဉ်တော်သည် လူ၏ပန်းတိုင်ကို စီစဉ်လိမ့်မည်၊ ထိုအချိန်တွင် ဘုရားသခင်၏ လူ့ဇာတိတော်နှင့် သူ၏ဝိညာဉ်တော်သည် တစ်လုံးတစ်ဝတည်းဖြစ်ကြောင်းကိုလည်းကောင်း၊ သူ၏လူ့ဇာတိတော်သည် အမှားမကျူးလွန်နိုင်ကြောင်းနှင့် သူ၏ဝိညာဉ်တော်က မှားခြင်းငှာ ပို၍ပင် မတတ်နိုင်ကြောင်းကိုလည်းကောင်း၊ လူတို့သိကြလိမ့်မည်။ နောက်ဆုံးတွင်၊ သူသည် သက်ဝင်လှုပ်ရှားလာသောသူတို့ကို အပိုအလိုမရှိဘဲ သူ၏နိုင်ငံတော်ထဲသို့ ယူဆောင်လိမ့်မည်ဖြစ်ပြီး၊ သက်ဝင်လှုပ်ရှားမလာသော လူသေတို့ကိုမူ စာတန်၏လိုဏ်ဂူကြီးထဲသို့ ပစ်ချလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် အသက်ရှင်ခြင်းသို့ ရောက်လာပြီးသူတစ်ဦးဖြစ်သလော

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။