ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၂၉

25.08.2020

ဘုရားသခင် ကောင်းကင်ပေါ်တွင် ကျိန်းဝပ်နေခဲ့စဉ်က လူတို့သည် သူ၏ လုပ်ဆောင်ချက်များနှင့် ဘုရားသခင်အား လှည့်စားရန် ကြိုးစားခဲ့သည်။ ယနေ့ခတ် လူတို့အလယ် ဘုရားသခင် ကျိန်းဝပ်နေစဉ်မှာပင်လျှင် (မည်သည့်အချိန်ထိ ကျိန်းဝပ်နေမည်မှန်း မည်သူမျှမသိနိုင်) ထိုလူတို့သည် ဘုရားသခင်အတွက် စိတ်မပါဘဲ ဖြစ်နေကြတုန်းဖြစ်ပြီး ဘုရားသခင်ကို လှည့်စားရန် ကြိုးစားတုန်းပင် ဖြစ်သည်။ လူတို့၏တွေးတောမှုမှာ အစွန်းရောက်သည်အထိပင် ဖောက်ပြန်နေသည် မဟုတ်လော။ ယင်းသည် ယုဒနှင့် အတူတူပင် ဖြစ်သည်။ ယေရှုမကြွလာခင်တွင် ယုဒမှာ သူ၏ညီအစ်ကို မောင်နှမများကို အလိမ်အညာများ ပြောတတ်ပြီး သခင်ယေရှုကြွလာပြီး နောက်ပိုင်းတွင်လည်း ပြောင်းလဲမသွားပါ။ သူ့တွင် ယေရှုအား သိကျွမ်းခြင်း အနည်းငယ်ပင် မရှိသောကြောင့် အဆုံးမှာတော့ ယေရှုကို သစ္စာဖောက်သွားခဲ့ခြင်းပင် ဖြစ်သည်။ ဤကဲ့သို့ဖြစ်ခဲ့ရခြင်းမှာ သူဘုရားသခင်အား မသိကျွမ်းခဲ့၍ပင် မဟုတ်ပါလော။ သင်တို့လည်း ယနေ့ခေတ်တွင် ဘုရားသခင်ကို သိကျွမ်းခြင်း မရှိသေးပါက ယုဒကဲ့သို့သူမျိုး ဖြစ်လာကြမည်ဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်းထောင်ချီတုန်းက ဖြစ်ပျက်ခဲ့သော ဝမ်းနည်းကြေကွဲဖွယ်ရာ ယေရှု၏ တိုင်တော်ပေါ် အသေခံခြင်းသည် ဤကျေးဇူးတော်ခေတ်တွင် ပြန်လည်တစ်ဖန် ဖြစ်နေရဦးမည်ဖြစ်သည်။ ဤအကြောင်းများကို သင်တို့ မယုံကြည်ကြသလော။ ဤအရာသည် အမှန်တရားပင်ဖြစ်၏။ ယနေ့ခေတ်တွင် လူအများစုမှာ ထိုကဲ့သို့သော အခြေအနေတွင် ရှိနေကြပြီး (ငါ၏ ပြောကြားခြင်းမှာ အနည်းငယ် စောကောင်းစောနိုင်ပါသည်) ထိုသူများသည် ယုဒဇာတ်ကောင်အဖြစ် ဘဝဇာတ်ကကြမည်ပင် ဖြစ်သည်။ ငါဖြီးဖျန်းပြောနေခြင်းမဟုတ်၊ အဖြစ်မှန်ကိုပြောနေခြင်း ဖြစ်သည့်အတွက် သင်တို့ယုံရမည်။ လူများစွာမှာ နှိမ့်ချဟန် ယောင်ဆောင်ကြသော်လည်း သူတို့၏ နှလုံးသားထဲတွင်တော့ စီးဆင်းခြင်းမရှိသည့် နံဟောင်နေသော ရေမှလွဲ၍ မည်သည့်အရာမှမရှိ။ ယခုတွင် အသင်းတော်ထဲမှ လူများစွာလည်း ဤကဲ့သို့ပင် ဖြစ်သည်။ ငါသည် ဘာမျှမသိဟု သင်တို့ထင်ကြသည်မဟုတ်လော၊ ယနေ့ပင် ငါ၏ဝိညာဉ်တော်သည် ငါ့ကိုလမ်းပြပြီး ငါ့အဘို့ သက်သေခံလေပြီ။ ငါဘာမျှမသိဟု သင်မှတ်ယူသလော။ သင့်နှလုံးထဲရှိ စဉ်းလဲသော အတွေးများနှင့် သင့်နှလုံးထဲ သိမ်းထားသောအရာများကို တစ်ခုမျှ ငါနားမလည်နိုင်ဟု သင်ထင်သလော။ ဘုရားသခင်မှာ အလွယ်တကူ လှည့်စား၍ရသူလော။ သင်ဆက်ဆံချင်သည့်အတိုင်း ဘုရားသခင်ကို ဆက်ဆံ၍ ရမည်ဟု ထင်သလော။ အတိတ်တွင် သင်တို့မှာ ချုပ်နှောင်ခြင်း ခံနေရသည်ကို ငါစိတ်ပူပန်ကာ သင်တို့၏ ဇက်ကြိုးများကို ငါလွှတ်ဖြည်ပေးလျက် ရှိသော်လည်း မည်သူတစ်ဦးတစ်ယောက်ကမျှ ငါ၏သူတို့အပေါ် ကောင်းမြတ်ခြင်းကို နားမလည်ကြပါ။ ငါသည်သူတို့အား တစ်လက်မပေးသည်ကို တစ်မိုင်မျှ ယူသွားကြလေပြီ။ အချင်းချင်းမေးကြည့်ကြပါ၊ ငါသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ မစီရင်၊ ဆုံးမရာ၌လည်း လျင်မြန်ခြင်း မရှိသော်ငြားလည်း လူ၏အယူအဆများနှင့် လှုံ့ဆော်မှုများကို ငါရှင်းလင်းစွာ သိ၏။ ဘုရားသခင် ကိုယ်တော်တိုင်ပင်လျှင် သက်သေခံတော်မူသော ကိုယ်တော်အား မိုက်မဲသူအဖြစ် သင်ထင်သလော။ ဟုတ်ခဲ့သည်ရှိသော် သင်သည် အလွန်ကန်းသော သူတစ်ယောက်ဟု ငါပြောမည်။ ငါသင့်ကို မဆုံးမဘဲနေမည်။ သင်မည်မျှ ဖောက်ပြားယုတ်မာလာမည်နည်း ဆိုသည်ကို စောင့်ကြည့်ကြစို့။ သင်၏ လှည့်ကွက်များ၊ ဘုရားသခင်ကိုချစ်နိုင်ရန် သင်၏အကောင်းဆုံး ကြိုးစားမှုများသည် သင့်ကို ကယ်တင်နိုင်မည်လား ဆိုသည်ကို စောင့်ကြည့်ကြစို့။ ယနေ့တွင် သင့်ကို ငါမစီရင်။ ဘုရားသခင်က သင့်ကို မည်ကဲ့သို့ ပြစ်ဒဏ်ပေးမည်ဆိုသည်ကို ကိုယ်တော်၏ အချိန်ရောက်သည်အထိ စောင့်ကြည့်ကြစို့။ ငါ့တွင် ယခုသင်နှင့် ဟိုဟိုသည်သည် ပြောနေဖို့ရန် အချိန်မရှိသကဲ့သို့ သင့်အတွက်နှင့် ငါ၏ကြီးမြတ်သောအလုပ်ကို နှောင့်နှေးကြန့်ကြာဖို့ရန်လည်း အလိုမရှိ။ ဘုရားသခင်အတွက် သူ၏အချိန်ကို အပဲ့ခံကာ တီကောင်ပိုးရွကဲ့သို့သော သင်နှင့်ဆက်ဆံဖို့ရန် သင်မထိုက်တန်၊ သို့ကြောင့် သင့်ကိုယ်သင် မည်မျှ ရှောင်တိမ်းနိုင်မည် ဆိုသည်ကိုပင် စောင့်ကြည့်ကြစို့။ ဤကဲ့သို့သောသူများသည် ဘုရားသခင်ကို အနည်းငယ်လေးမျှ သိကျွမ်းရန်ပင် အားထုတ်ခြင်းမရှိ၊ ဘုရားသခင်ကို ချစ်ခင်ခြင်း မရှိသော်ငြားလည်းပဲ ဘုရားသခင်၏ ဖြောင့်မတ်သောသူဟု ခေါ်ဆိုခြင်းခံရရန် လိုချင်ကြသည်မှာ ဟာသဖြစ်လို့နေသည်ပင် မဟုတ်လော။ ရိုးသားသောသူ အနည်းငယ် အမှန်တကယ် ရှိနေသေးသည့်အတွက် အသက်တစ်ခုပင် ထောက်ပံ့ပေးရန် ငါ့ကိုယ်ငါဆင်ခြင်မည်။ ယနေ့ပြီးစီးသင့်သည့်အရာကိုသာ ပြီးမြောက်အောင် ငါလုပ်ဆောင်မည်။ ထို့နောက် အယောက်စီတိုင်းတို့အပေါ်တွင် သူတို့၏ အမူအကျင့်များအရ အပြစ်ဒဏ် စီရင်ခြင်းများ ချမှတ်ပေးမည်။ ငါပြောသင့်သည့် အရာကိုသာ ငါမြွက်ကြားခဲ့ခြင်းဖြစ်ပြီး ဤအရာမှာ ငါ၏ အလုပ်ပင်ဖြစ်သည်။ ငါလုပ်သင့်သည့်အရာကိုသာ ငါလုပ်တော်မူပြီး ငါမလုပ်သင့်သည့်အရာကို ငါလုပ်တော်မမူ။ သင်တို့၏ ဘုရားသခင်ကို သိကျွမ်းခြင်းသည် မည်မျှစစ်မှန်သည်ကို သင်တို့ စဉ်းစားဆင်ခြင်ရင်း အချိန်ကိုအသုံးချဖို့ ငါမျှော်လင့်နေတုန်းပင်ဖြစ်သည်။ ဘုရားသခင်ကို ကားတိုင်တော်ပေါ်တွင် နောက်တစ်ဖန်သံမှိုဆွဲနှက်ကြသော သူများထဲတွင် သင်ပါဝင်နေသလော။ အဆုံးသတ်အနေဖြင့် ငါပြောကြားမည်၊ “ဘုရားသခင်ကို ကားတိုင်တင်ကြသော သူတို့၌ အမင်္ဂလာ ရှိစေသတည်း။”

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဆိုးညစ်သောသူများသည် အပြစ်ဒဏ်ပေးခြင်းကို မုချခံကြရလိမ့်မည်

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။