ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၃၈

01.10.2020

အတိတ်ကာလကို ပြန်လည်တွေးတော စဉ်းစားပါ။ ဘယ်အချိန်၌ သင်တို့အပေါ် ငါ၏ အသံတင်းမာဖူးသနည်း၊ ဘယ်အချိန်၌ သင်တို့အပေါ် ငါစိတ်ဆိုးဒေါသဖြင့် ကြည့်ခဲ့ဖူးသနည်း။ ဘယ်အချိန်က သင်တို့ကို ငါအသေးစိတ် စစ်ဆေးခဲ့သနည်း။ ဘယ်အချိန်က သင်တို့ကို မတန်တဆ ငါအပြစ်ဖော်ဆုံးမခဲ့သနည်း။ သင်တို့ရှေ့၌ ဘယ်အချိန်က သင်တို့ကို အပြစ်ဖော်ဆုံးမခဲ့ပြီးသနည်း။ သင်တို့ကို သွေးဆောင်ဖြားယောင်းခြင်းတိုင်းမှ ထိန်းသိမ်းရန် ငါ့ခမည်းတော်ကို ငါတောင်းခံခြင်းသည် ငါ့အလုပ်အတွက် မဟုတ်ပါသလော။ သင်တို့သည် အဘယ်ကြောင့် ဤကဲ့သို့ ငါ့ကို ဆက်ဆံကြသနည်း။ ငါ၏အာဏာကို အသုံးချပြီး သင့်ကိုယ်ခန္ဓာကို တိုက်ခိုက်ဖူးပြီလော။ အဘယ်ကြောင့် ထိုကဲ့သို့ ငါ့ကို ပြန်ပေးသနည်း။ ငါ့ဆီသို့ အပူနှင့်အအေးကို မှုတ်ထုတ်ပြီးမှ သင်တို့သည် အေးလည်းမအေး၊ ပူလည်းမပူဘဲ ငါ့ကို လိမ်လည်လျက်၊ အရာရာကို ငါ့ထံမှလျှို့ဝှက်ပြီ၊ သင်တို့၏ နှုတ်များသည်လည်း မဖြောင့်မတ်မှုများဖြင့်သာ ပြည့်နှက်နေသည်။ သင်တို့၏ လျှာများသည် ငါ၏ဝိညာဉ်ကို လိမ်လည်နိုင်မည်ဟု ထင်သလော။ သင်တို့၏ လျှာများသည် ငါ၏အမျက်ဒေါသအောက်မှ လွတ်မြောက်နိုင်မည်ဟု ထင်ပါသလော။ သင်တို့ အလိုရှိတိုင်း၊ သင်တို့၏ လျှာများသည် ငါယေဟောဝါဆောင်ရွက်သည့် တရားစီရင်ခြင်းမှ လွတ်မြောက်နိုင်မည် ထင်ပါသလော။ ငါသည် လူသားများ၏ ပြစ်တင်ဝေဖန်ခြင်း ခံရသည့် ဘုရားသခင်လော။ ထိုသို့ဆိုလျှင် သေးငယ်သော လောက်ကောင်အား ငါ့ကိုကျိန်ဆဲရန် ငါခွင့်ပြုနိုင်သလော။ ထိုကဲ့သို့သော မနာခံသောသားများကို ငါ၏ ထာဝရ ကောင်းကြီးမင်္ဂလာများထဲသို့ အဘယ်သို့လျှင် ထည့်သွင်းနိုင်မည်နည်း။ သင်တို့၏ အပြုအမူများနှင့် အပြောအဆိုများသည် သင်တို့ကို အပြစ်တင်၊ အပြစ်ဖော်ပြလေပြီ။ ငါသည် မိုးကောင်းကင်ကို ဖြန့်ကျက်သောအခါနှင့် အရာခပ်သိမ်းကို ဖန်ဆင်းသောအခါ ငါဖန်ဆင်းထားသော အရာများကို သူတို့အလိုရှိသည်အတိုင်း ပါဝင်ခွင့်မပြုခဲ့ပေ၊ သူတို့အလိုရှိတိုင်း ငါ၏စီမံခန့်ခွဲမှု၊ ငါ၏ အလုပ်များကို အနှောင့်အယှက်ပေးရန် သာ၍ ခွင့်မပြုခဲ့ပေ။ အဘယ်အရာမဆို သို့မဟုတ် မည်သည့်လူသားကိုမဆို ငါသည်းမခံပါ၊ ငါ့အပေါ် ရက်စက်သော သူများနှင့် လူသားမဆန်သောသူများကို အဘယ်သို့ ငါသည် လွတ်ငြိမ်းချမ်းသာခွင့် ပြုနိုင်မည်နည်း။ ငါ၏ စကားကို ဆန့်ကျင် တိုက်ခိုက်သောသူကို အဘယ်သို့ ငါခွင့်လွှတ်နိုင်မည်နည်း။ ငါ့အား မနာခံသောသူများကို အဘယ်သို့ လွှတ်ပေးနိုင်မည်နည်း။ လူသားများ၏ ကံကြမ္မာသည် ငါအနန္တတန်ခိုးရှင်၏ လက်ထဲတွင် ရှိသည်မဟုတ်လော။ သင်၏ မဖြောင့်မတ်ခြင်းနှင့် မနာခံခြင်းကို အဘယ်သို့ သန့်ရှင်းသည်ဟု သတ်မှတ်နိုင်မည်နည်း။ သင်၏အပြစ်က ငါ၏ သန့်ရှင်းခြင်းကို အဘယ်သို့ ညစ်ညမ်းစေနိုင်မည်နည်း။ မဖြောင့်မတ်သော သူများ၏ မသန့်ရှင်း မစင်ကြယ်ခြင်းက ငါ့ကို မညစ်ညမ်းစေနိုင်ပါ၊ မဖြောင့်မတ်သူများ၏ အလှူများကိုလည်း ငါမနှစ်သက်ပါ။ ငါ ယေဟောဝါအပေါ် သင်သည် သစ္စာရှိမည်ဆိုပါက ငါ၏ယဇ်ပလ္လင်ရှိ ယစ်ပူဇော်သက္ကာကို သင့်အတွက် မည်သို့လျှင် ယူဆောင်သွားနိုင်သနည်း။ ငါ၏သန့်ရှင်းသော နာမကို ကျိန်ဆဲရန် အဆိပ်နှင့်ပြည့်သော သင့်လျှာကို အဘယ်သို့ အသုံးပြုနိုင်သနည်း။ ဤနည်းအားဖြင့် ငါ့စကားကို ဆန့်ကျင်တိုက်ခိုက်နိုင်သလော။ ငါ၏ သန့်ရှင်းသော အမည်နာမနှင့် ဘုန်းတော်ကို စာတန်၊ မကောင်းဆိုးဝါးကို အစေခံရာတွင် တန်ဆာအဖြစ် အသုံးပြုနိုင်သလော။ သန့်ရှင်းသောသူများ ပျော်မွေ့ရန်အလို့ငှာ ငါ၏အသက်ကို ထောက်ပံ့ထားခြင်း ဖြစ်သည်။ သင်အလိုရှိသည်အတိုင်း ငါ၏အသက်ကို ကစားရန်၊ သင်တို့ကြား ပြဿနာဖြစ်စိမ့်သောငှာ တန်ဆာအဖြစ် အသုံးပြုရန် အဘယ်သို့ ငါခွင့်ပြုပေးနိုင်မည်နည်း။ အဘယ်ကြောင့် သင်တို့သည် ငါနှင့် ပတ်သက်လာလျှင် အကြင်နာ အလွန်ကင်းမဲ့နိုင်ရသနည်း၊ ကောင်းသောအရာများလည်းမရှိ။ ဤအသက်စာစောင်ထဲတွင် သင်တို့၏ မကောင်းသည့် အပြုအမူများကို ငါရေးမှတ်ထားပြီဖြစ်ကြောင်း သင်တို့မသိပါသလော။ ငါသည် အဲဂုတ္တုပြည်ကို ဆုံးမသောအချိန်၌ အမျက်ဒေါသ ကျရောက်မည့်နေ့ကို အဘယ်သို့ သင်လွတ်မြောက်နိုင်မည်နည်း။ ဤနည်းအားဖြင့် အဘယ်သို့ သင်တို့သည် ငါ့ကို ထပ်ခါထပ်ခါ ဆန့်ကျင်၊ ညစ်ညမ်းစေနိုင်သနည်း။ ငါသင်တို့ကို ရှင်းရှင်းလင်းလင်း ပြောမည်၊ အချိန်ကျရောက် လာသောအခါ သင်တို့ကို ပြစ်တင်ဆုံးမခြင်းသည် အဲဂုတ္တုပြည်ကို ဆုံးမခြင်းထက် ပိုမို မခံမရပ်နိုင်အောင် ဖြစ်လာလိမ့်မည်။ ငါ၏ အမျက်ဒေါသ ကျရောက်မည့်နေ့ကို အဘယ်သို့ သင်တို့ လွတ်မြောက်နိုင် မည်နည်း။ ငါ ဧကန်အမှန် ဆိုသည်ကား၊ ငါ၏သည်းခံခြင်းသည် မကောင်းသော သင်တို့၏ အပြုအမူများအတွက် ပြင်ဆင်ထားခြင်းဖြစ်ပြီး၊ ထိုနေ့ရက်၌ သင်တို့ကို ပြစ်တင်ဆုံးမရန် တည်ရှိခြင်းဖြစ်သည်။ ငါ၏ သည်းခံနိုင်မှုသည် အဆုံးသို့ရောက်ရှိလာသည်နှင့် အမျက်ဒေါသ တရားစီရင်ခြင်းကို ခံမည့်သူသည် သင်တို့မဟုတ်သလော။ အရာခပ်သိမ်းသည် ငါအနန္တတန်ခိုးရှင်၏ လက်ထဲ၌ ရှိသည်မဟုတ်လော။ ကောင်းကင်အောက်တွင် ငါ့အားမနာခံဖို့ သင်တို့ကို အဘယ်သို့ ခွင့်ပြုနိုင်မည်နည်း။ ကြွရောက်လာမည်ဟု ကြိုတင်ဟောထားကြသော်လည်း မည်သည့်အခါမျှ ပြန်မလာသေးသည့် မေရှိယနှင့် သင်တို့တွေ့ဆုံပြီ ဖြစ်သောကြောင့် သင်တို့ဘဝသည် အလွန်ခက်ခဲလိမ့်မည်။ သင်တို့သည် သူ၏ရန်သူ မဟုတ်သလော။ ယေရှုသည် သင်တို့နှင့် မိတ်ဆွေဖြစ်လာပြီ ဖြစ်သော်လည်း သင်တို့သည် မေရှိယ၏ ရန်သူဖြစ်နေဆဲပင်ဖြစ်သည်။ သင်တို့သည် ယေရှုနှင့် မိတ်ဆွေဖြစ်သော်လည်း သင်တို့၏ မကောင်းသော အပြုအမူများက စက်ဆုပ်ဖွယ် ကောင်းသောသူများ၏ အိုးကိုဖြည့်နေပြီဆိုသည်ကို သင်တို့မသိသလော။ သင်တို့သည် ယေဟောဝါနှင့် အလွန်နီးကပ်သော်လည်း မကောင်းသော သင်တို့၏ အပြောအဆိုများသည် ယေဟောဝါ၏ နားထဲသို့ရောက်ပြီး သူ၏ အမျက်ဒေါသကို လှုံ့ဆော်သည်ကို သင်တို့မသိပါသလော။ သူသည် အဘယ်သို့ သင်နှင့်နီးကပ်နိုင်မည်နည်း၊ မကောင်းသော အပြုအမူများနှင့် ပြည့်နှက်နေသည့် သင့်အိုးကို အဘယ်ကြောင့် သူသည် မီးရှို့ မဖျက်ဆီးနိုင်ရမည်နည်း။ သူသည် သင့်ရန်သူအဘယ်ကြောင့် မဖြစ်နိုင်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမျက်ဒေါသ ကျရောက်မည့်နေ့ကို အသွေးအသားရှိသောသူ မည်သူမျှ မလွတ်မြောက်နိုင်

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။