Myanmar Gospel Crosstalk - ကမ္ဘာ့ကပ်ရောဂါကို ရင်ဆိုင်ခြင်း

16.11.2021

ကမ္ဘာ‌လောကအနှံ့ ဤကပ်ရောဂါ ပြန့်နှံ့နေသည်နှင့်အမျှ၊ ကပ်ဘေးကြီးတွေ ကျွန်ုပ်တို့အပေါ် ကျရောက်ပြီဟု လူအများစုက ခံစားကြရသည်။ လူတို့သည် ကြောက်လှန့်ပြီး မိမိတို့ကိုယ်ကိုယ် သီးခြားနေကာ အိမ်တွင်‌နေသည်မှအပ မည်သည့်အရာ လုပ်ရမှန်း မသိကြချေ။ ကပ်ရောဂါက မိမိတို့ကိုယ်ကိုယ် မည်သို့ ကာကွယ်ရမှန်း၊ သို့မဟုတ် ကပ်ဘေးကြီးများအား မည်သို့ လွတ်မြောက်ရမည်ဆိုသည်ကို ၎င်းတို့ မသိကြချေ။ ဟိုးအရင်ကတည်းက သခင်ယေရှု ပရောဖက်ပြုခဲ့သည်- “လူတမျိုးနှင့်တမျိုး တနိုင်ငံနှင့်တနိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီးလှုပ်ခြင်းတို့သည် ဖြစ်ကြ လိမ့်မည်။(ရှင်လုကာခရစ်ဝင် ၂၁:၁၀-၁၁) ကပ်ရောဂါနှင့် ဖြစ်ပေါ်သည့် အခြားကပ်ဘေးတိုင်းသည် ဘုရား၏ ခွင့်ပြုချက်ဖြင့် ဖြစ်ပေသည်။ လူသားမျိုးနွယ်ကို သတိပေးဖို့၊ နှောင့်နှေးခြင်းမရှိဘဲ နောင်တရဖို့ ကျွန်ုပ်တို့ကို ပြောပြရန် ယင်းတို့ကို သူ အသုံးပြုပေသည်။ သို့သော် စစ်မှန်သော နောင်တမှာ အဘယ်နည်း။ သခင့်ထံ ပို၍ ပြင်းထန်စွာ ဆုတောင်းခြင်းနှင့် ဝန်ချခြင်းက စစ်မှန်သော နောင်တဖြစ်ပြီး၊ ထို့နောက်တွင် ဘုရားက ၎င်းတို့ကို ကပ်ဘေးကြီးများမှ ကယ်တင်လိမ့်မည်ဟု ယုံကြည်သူများစွာက ထင်မှတ်ကြသည်။ သို့သော် ယင်းမှာ တကယ်ဟုတ်ပါသလား။ ဤကပ်ဘေးများကို ရင်ဆိုင်ရာတွင် ဘုရားထံ မည်သို့ အမှန်တကယ် နောင်တရသင့်ပုံကို သိရဖို့ ဤဟာသပြဇာတ်တို၊ ကပ်ရောဂါကို ရင်ဆိုင်ခြင်းအား ကြည့်ရှုလိုက်ပါ။

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။