Christian Dance (အလင်း၏ လမ်းကြောင်းတစ်လျှောက် ခရစ်တော်နောက် လိုက်လျှောက်ခြင်း)

13.02.2025

ကျွန်ုပ်တို့သည် နောက်ဆုံးသောကာလ၏ ခရစ်တော်ကို ကြိုဆိုခဲ့ပြီဖြစ်သောကြောင့်

ကျွန်ုပ်တို့မျိုးဆက်သည် ဧကန်အမှန် ကောင်းချီးခံစားရ။

ဘုရားနှုတ်ကပတ်တော်များကို နေ့စဉ်နေ့တိုင်း စားသောက်ရာတွင်

ကျွန်ုပ်တို့သည် သမ္မာတရားကို နားလည်လာပြီး ပိုင်းခြားသိမြင်မှုကို ရရှိလာ။

ကမ္ဘာလောက၏ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများကို ကျွန်ုပ်တို့ ရှောင်ပြီး

လက်တွေ့မကျသော အိပ်မက်အမှားများနောက် ကျွန်ုပ်တို့ မလိုက်တော့။

ကျွန်ုပ်တို့သည် စာတန်၏ အတွေးအခေါ်များ အဆိပ်ခတ်ခြင်းကို မခံရတော့ဘဲ

ကျွန်ုပ်တို့၏ အနှစ်သာရကင်းမဲ့ပြီး နာကျင်သော ခံစားချက်များသည် တဖြည်းဖြည်း မှေးမှိန်လာ။

ဘုရားနှုတ်ပတ်တော်များ၏ စာကြောင်းတိုင်းသည် သမ္မာတရားဖြစ်ပြီး

၎င်းတို့ကို ကျွန်ုပ်တို့ပိုဖတ်လေ ကျွန်ုပ်တို့၏ စိတ်နှလုံးများ ပိုတောက်ပလာလေဖြစ်။

ကျွန်ုပ်တို့သည် ဘုရားသခင်၏အိမ်တော်တွင် မိမိတို့၏တာဝန်များကို ထမ်းဆောင်ပြီး

ဘဝတွင် စစ်မှန်သော ဦးတည်ချက်ကို ရှာဖွေ။

ဘုရားနှုတ်ပတ်တော်များက ကျွန်ုပ်တို့ကို ပံ့ပိုးပြီး လမ်းပြပေးခြင်းဖြင့်

ဘုရားသခင်ရှေ့မှောက် အသက်ရှင် နေထိုင်ရခြင်းအတွက် ကျွန်ုပ်တို့ အလွန်ပျော်ရွှင်။

အနန္တတန်ခိုးရှင် ဘုရားသခင်ထံ အလှပဆုံးသီချင်းများကို ကျွန်ုပ်တို့ ဆက်ကပ်ပြီး

ကိုယ်တော့်ကို ထာဝရ ချီးမွမ်း။

ကျွန်ုပ်တို့ကို ခရစ်တော်က ကိုယ်တိုင် ထိန်းကျောင်းပေးသောကြောင့်

ကျွန်ုပ်တို့၏အသက်များ တဖြည်းဖြည်း ကြီးထွား။

ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းသည်

ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သန့်စင်။

စစ်ဆေးခြင်းများတစ်လျှောက် ကျွန်ုပ်တို့ ဒုက္ခခံစားရသော်လည်း

ကျွန်ုပ်တို့၏ စိတ်သဘောထားများ ပြောင်းလဲပြီး ကျွန်ုပ်တို့၏စိတ်နှလုံးများသည် ချိုမြိန်မှုနှင့် ပြည့်ဝ။

ကျွန်ုပ်တို့သည် လှည့်ဖြားခြင်း၊ လိမ်လည်ခြင်းနှင့် ဟန်ဆောင်ခြင်းကို ဖယ်ရှားပြီး

တစ်ကိုယ်ကောင်းဆန်ခြင်း၊ မာနထောင်လွှားခြင်းနှင့် တစ်ဇွတ်ထိုးလုပ်ခြင်း မရှိတော့။

ကျွန်ုပ်တို့၏စိတ်နှလုံးများတွင် ဘုရားသခင်ကို ချစ်ပြီး ကျိုးနွံနာခံနိုင်ကာ

နောက်ဆုံးတွင် လူသားပုံသဏ္ဌာန်အနည်းငယ်ကို အသက်ရှင် နေထိုင်။

ကျွန်ုပ်တို့သည် သန့်စင်ခြင်းနှင့် ပြောင်းလဲခြင်း ခံရပြီး

ဤသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်အလုံးစုံဖြစ်။

ကျွန်ုပ်တို့ကို စာတန်၏စွမ်းအားမှ ကယ်တင်ပေးထားသူမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်။

အနန္တတန်ခိုးရှင် ဘုရားသခင်ထံ အလှပဆုံးသီချင်းများကို ကျွန်ုပ်တို့ ဆက်ကပ်ပြီး

ကိုယ်တော့်ကို ထာဝရ ချီးမွမ်း။

အဆင့်တိုင်းတွင် ဘုရားနှုတ်ကပတ်တော်က ကျွန်ုပ်တို့ကို လမ်းပြပြီး

ကြီးထွားလာနိုင်အောင် ပြုလုပ်ပေး။

ကျွန်ုပ်တို့သည် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်၊ ဘုရားသခင်ကို ကျိုးနွံနာခံပြီး

ဘုရားသခင်က ချစ်သည့် ရိုးသားသောလူများ ဖြစ်လာ။

ကျွန်ုပ်သည် ဘုရားသခင်၏ အချစ်များစွာကို မွေ့လျော်ခံစားပြီးဖြစ်ကာ

ကျွန်ုပ်၏စိတ်နှလုံးတွင် ကိုယ်တော့်အတွက် ပို၍ပင်ကြီးမား​သော အချစ်နှင့် တွယ်တာမှုကို ခံစားရလာ။

ကျွန်ုပ်သည် သမ္မာတရားကို လိုက်စားပြီး ရရှိရန်၊

မိမိ၏တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းရန်နှင့် ဘုရားသခင်၏အချစ်ကို ပြန်ပေးဆပ်ရန် စိတ်ပိုင်းဖြတ်ထား။

နောက်ဆုံးသောကာလ၏ ခရစ်တော်နောက် လိုက်လျှောက်ခြင်းသည်

ကျွန်ုပ်တို့၏ ကြီးမားသော ကံကောင်းခြင်းဖြစ်ရပ်ဖြစ်ပြီး

ရှေ့ဆက်ရမည့် ဘဝလမ်းကြောင်းသည် ပို၍ပင် တောက်ပလာ။

ကျွန်ုပ်တို့သည် တစ်စိတ်တစ်ဝမ်းတည်းဖြင့် အစေခံပြီး

နိုင်ငံတော် ဧဝံဂေလိတရားအတွက် ကျွန်ုပ်တို့၏ ဖြစ်ခြင်းတစ်ခုလုံးကို ဆက်ကပ်။

ရှေ့ဆက်ရမည့် လမ်းခရီးသည် ခက်ခဲကြမ်းတမ်းနိုင်သော်လည်း

ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းသည် ကျွန်ုပ်တို့ကို ယုံကြည်မှု ပေးအပ်။

အန္တရာယ်များ သို့မဟုတ် ဆင်းရဲဒုက္ခများက မည်မျှပင် ကြီးမားပါစေ

ကျွန်ုပ်တို့သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်အောင်လုပ်ပြီး

နောက်ဆုံးတိုင် ဆက်လက်သစ္စာစောင့်သိမည်ဖြစ်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။