
Christian Dance (ဘုရားသခင်၏ကြွလာခြင်းနှင့် ကြုံဆုံရသည်မှာ ကျွန်ုပ်တို့ ကံကောင်းလှပေ၏)
15.03.2025
၁
ဘုရားသခင်၏အသံတော်ကို ကျွန်ုပ်ကြားရပြီး
သူ၏ကြွလာခြင်းနှင့် ကြုံဆုံရသည်မှာ ကျွန်ုပ်အလွန်ကံကောင်းပေသည်။
ဘုရားနှုတ်ကပတ်တော်များကို စားသောက်ရာတွင်
သိုးသငယ်၏ မင်္ဂလာစားတော်ပွဲကို ကျွန်ုပ်တက်ရောက်သည်။
တရားစီရင်ခံရပြီး စစ်ဆေးခံရရာတွင် ကျွန်ုပ်၏ဖောက်ပြန်ပျက်စီးမှု သန့်စင်ခံရသည်၊
ဘုရားသခင်၏ စိတ်သဘောထားကို ကျွန်ုပ်သိရှိလာပြီး
သူ၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းကို ကျွန်ုပ်တွေ့မြင်သည်။
တရားစီရင်ခံရရာတွင် သမ္မာတရားကို ကျွန်ုပ်နားလည်ပြီး
ဘုရားသခင်၏အချစ်က မည်မျှစစ်မှန်ကြောင်း ကျွန်ုပ်တွေ့မြင်သည်။
မိမိအကြောင်းမိမိ သိရှိလာခြင်းသည် လွယ်ကူသောအလုပ်မဟုတ်ဘဲ
ကျွန်ုပ်ကို သိမ်းပိုက်လိုက်သည့်အရာမှာ ဘုရားနှုတ်ကပတ်တော်များဖြစ်သည်။
စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းက ကျွန်ုပ်ကို ထုတ်ဖော်လိုက်ပြီး
ကောင်းချီးများအတွက် ကျွန်ုပ်၏ ရည်ရွယ်ချက်များနှင့် စိတ်ဆန္ဒသည် အလွန်ပြင်းထန်ခဲ့သည်။
ကျွန်ုပ်အနေဖြင့် စမ်းသပ်မှုများနှင့် ကြီးစွာသော ဆင်းရဲဒုက္ခများတွင် ခိုင်မာစွာ ရပ်တည်ခြင်းသည်
ဘုရားနှုတ်ကပတ်တော်များ၏ လမ်းပြမှု ကျေးဇူးကြောင့်သာ လုံးလုံးဖြစ်သည်။
၂
အနန္တတန်ခိုးရှင် ဘုရားသခင်နောက် လိုက်လျှောက်ရာတွင်
ကျွန်ုပ်၏ ဤအသက်သည် ဧကန်အမှန် ကောင်းချီးခံစားရသည်။
ဘုရားသခင်အတွက် ကျွန်ုပ်သက်သေခံနိုင်ခြင်းသည် သူ၏ ဂုဏ်တင်မှုဖြစ်သည်။
ကျွန်ုပ်သည် ဘုရားသခင်ထံ များစွာ အကြွေးတင်ပြီး သူ့အချစ်ကို ပြန်ပေးဆပ်လိုသည်။
ကျွန်ုပ်သည် အရာခပ်သိမ်းကို စွန့်လွှတ်ပြီး ဘုရားသခင်အတွက် သစ္စာစောင့်သိခြင်းကို ပြသသည်။
ကျွန်ုပ်သည် မိမိ၏တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းပြီး ဘုရားသခင်၏အချစ်ကို ပြန်ပေးဆပ်သည်၊
ထို့ကြောင့် ဘုရားသခင်၏စိတ်နှလုံးသည် ကျေနပ်မှုရှိပြီး ကျွန်ုပ်ပျော်ရွှင်သည်။
မည်သူက ကျွန်ုပ်တို့ထက် ပို၍ကံကောင်းနိုင်ခဲ့မည်နည်း။
ဘုရားသခင်ကို ချစ်ရန် လိုက်စားခြင်းသည် ကောင်းချီးအပေးခံရဆုံးဖြစ်သည်။
ဘုရားသခင်ထံမှ သမ္မာတရားနှင့် အသက်ကို ရရှိပြီးဖြစ်သောကြောင့်
ကျွန်ုပ်တို့သည် မိမိတို့၏အသက်များကို သူ့အတွက် ရှင်သန်နေထိုင်ရမည်။
ဘုရားသခင်ကို ချစ်ရန် လိုက်စားသော အသက်တာသည် နောင်တများမရှိဘဲ
ကျွန်ုပ်သည် ထာဝရ သူ့ကို ချစ်ပြီး သူ့အတွက် သက်သေခံလေမည်။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ