Gospel Movie | ဖာရိရှဲတို့၏ လှောင်အိမ်မှ လွတ်မြောက်ခြင်းနှင့် သခင့်ကို ကြိုဆိုခြင်း (အသားပေးပြသချက်များ)
13.02.2020
တရုတ်ကွန်မြူနစ်ပါတီ အာဏာရလာကတည်းက၊ ဘာသာရေး ယုံကြည်မှုအားလုံးကို လုံး၀ ချေမှုန်းရှင်းလင်းရန်နှင့် တရုတ်နိုင်ငံကို ဘုရားမဲ့ဝါဒ နယ်မြေတစ်ခုအဖြစ် တည်ထောင်ဖို့ရန်အလို့ငှာ ခရစ်ယာန်ဘာသာနှင့် ကက်သလစ်ဝါဒတို့ကို မရပ်မနား ဖိနှိပ်ကာ နှိပ်ကွပ်လာခဲ့သည်။ အထူးသဖြင့် ရှီကျင်းဖျင့် သမ္မတဖြစ်လာကတည်းက၊ ယုံကြည်မှုအပေါ် စီစီပီ၏ တိုက်ခိုက်မှုများက အထွတ်အထိပ်သို့ ရောက်လာခဲ့ပြီး၊ တရားဝင် ခွင့်ပြုထားသည့် ကိုယ်ပိုင်မူသုံးရပ်သုံး အသင်းတော်သည်ပင်လျှင် ချေမှုန်းခံနေရကာ၊ လက်ဝါးကပ်တိုင်များလည်း ဖြိုချခံနေရသည်။
အချက်အလက်များနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ထုတ်ဖော်ပြထားသည်တို့ကို လေ့လာဆန်းစစ်ခြင်းအားဖြင့်၊ ချန်ဆုန်အန်းနှင့် အခြားသော ကိုယ်ပိုင်မူသုံးရပ်သုံး အသင်းသားများသည် ဘုရားသခင်အပေါ် ဆန့်ကျင်ခြင်းနှင့် သမ္မာတရားကို မုန်းတီးခြင်းဟူသော စီစီပီ၏ ဆိုးယုတ်သည့် အနှစ်သာရကို ခွဲခြားသိမြင်မှု ရရှိကြသည်။ သို့သော် ဤအရာက အချို့သော မရှင်းလင်းမှုကိုလည်း ဖြစ်စေသည်။ စီစီပီသည် ဘာသာရေး ယုံကြည်မှုများကို လွန်စွာ အရူးအမူး ဖိနှိပ်ပြီး နှိပ်ကွပ်သည်။ သို့ဆိုလျှင် သင်းအုပ်ဆရာများနှင့် အကြီးအကဲများက စီစီပီအစိုးရ၏ ကောင်းကြီးမင်္ဂလာများအတွက် အဘယ်ကြောင့် ယုံကြည်သူများကို အမြဲတမ်း ဆုတောင်းစေသနည်း။ ယင်းမှာ သူတို့က စီစီပီ၏ နတ်ဆိုးဆန်သော အနှစ်သာရကို ထွင်းဖောက်မမြင်နိုင်၍များ ဖြစ်နိုင်ပါသလား။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် မိတ်သဟာယပြုခြင်းမှတစ်ဆင့်၊ နောက်ဆုံး၌ အယောက်တိုင်းသည် ပြဿနာ၏ အရင်းအမြစ်ကို မြင်ကြသကဲ့သို့၊ ကိုယ်ပိုင်မူသုံးရပ်သုံး လမ်းကြောင်းအတိုင်း ဘုန်းတော်ကြီးများနောက် လိုက်ခြင်းနှင့် ဆိုးယုတ်သော အစိုးရဆီ ရောင်းစားခြင်းတို့၏ အန္တရာယ်များလှသော အကျိုးဆက်များကိုလည်း မြင်ကြရလေသည်။ သူတို့သည် သင်းအုပ်ဆရာများနှင့် အကြီးအကဲများ၏ အန္တိခရစ်ဆန်သော သဘာဝများအပေါ် ခွဲခြားသိမြင်မှုကိုလည်း ရရှိကြပြီး၊ ဤဘာသာရေး ဖာရိရှဲများကို ငြင်းပယ်၍ သခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်ကို လေ့လာဆန်းစစ်လိုလာကြလေသည်။
ဤဗီဒီယိုမှ တစ်ချို့အကြောင်းအရာများသည် အင်တာနက်မှ ဖြစ်သည်။
Excavator motor (https://freesound.org/people/laspaziale/sounds/92739/) by laspaziale/CC BY 3.0 (https://creativecommons.org/licenses/by/3.0/)
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ