Christian Dance (ဇိအုန်တွင် စုဝေးခြင်း)
25.12.2024
၁
နောက်ဆုံးသောကာလခရစ်တော် သမ္မာတရားကိုဖော်ပြ၊
ကမ္ဘာမြေအရှေ့အရပ်တွင် ထွန်းပေါ်လျက်။
လူအားလုံးဒူးထောက်လျက် သူ့ကို ကိုးကွယ်ကြ။
ဘုရားသခင်ကို သူတို့၏ချီးမွမ်းခြင်း၌ သူတို့၏နှုတ်များအားလုံးက သီဆိုကြ။
စကြဝဠာတစ်ခုလုံး အသစ်ပြုပြင်ခြင်းခံရလိမ့်မည်။
တစ်ကမ္ဘာလုံး ချီးမွမ်းခြင်းဖြင့် ပြည့်နေ။
ဘုရား၏ကောင်းကင်နှင့်မြေကြီးဖြစ်သောကြောင့်
ကမ္ဘာသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းဖြင့် ပြည့်နေ။
အို ဇိအုန်၊ အို ဇိအုန်၊ ဘုရား၏နေရပ်၊ လှပပြီးပျော်စရာကောင်းသောနေရာတစ်ခု။
အတူတကွ စုဝေးရခြင်းက တုနှိုင်းမရသော ဝမ်းမြောက်စရာဖြစ်။
ဘုရားသခင်နှင့်အတူ မိသားစု၏ ထာဝရ ဝမ်းမြောက်ခြင်းကို ပျော်မွေ့ခံစား။
၂
ဘုရားသခင်၏ မျက်နှာတော်သည် ပျော်ရွှင်မှုဖြင့် တောက်ပနေ။ ဘုရားသခင်၏ နေ့ရက်ရောက်လာပြီ။
အောင်မြင်မှုဖြင့်သူပြန်လာသောကြောင့်၊
ကောင်းကင်တွင် အဖြူရောင်တိမ်များအာလုံး သူ့ကိုကြိုဆိုကြ။
ဘုရားသခင်၏ စိတ်နှလုံးသည် အလွန် ဝမ်းမြောက်၊
ဘုရားသခင်၏ စိတ်နှလုံးသည် ငြိမ်းအေး၊ သူသည် အလွန် စိတ်လှုပ်ရှားတက်ကြွ၏။
ဘုရားသည် သူ၏နေရပ်သို့ပြန်လာပြီး၊
မိသားစု၏နွေးထွေးမှုကိုတဖန် မြည်းစမ်းပြီ။
အို ဇိအုန်၊ အို ဇိအုန်၊ ဘုရား၏နေရပ်၊ လှပပြီးပျော်စရာကောင်းသောနေရာတစ်ခု။
အတူတကွ စုဝေးရခြင်းက တုနှိုင်းမရသော ဝမ်းမြောက်စရာဖြစ်။
ဘုရားသခင်နှင့်အတူ မိသားစု၏ ထာဝရ ဝမ်းမြောက်ခြင်းကို ပျော်မွေ့ခံစား။
၃
ဘုရား၏ဘုန်းအာနုဘော် ထွက်ပေါ်ကာ တောက်ပလာ။ တောင်များက ဩဘာပေးပြီး ရေများက ရယ်မောကြ။
ဘုရားကိုကြိုဆိုရန် နေ၊ လ၊ ကြယ်များ စီတန်းကြ၏။
ဘုရားသခင်သည် သူ၏ နှစ်ခြောက်ထောင်စီမံခန့်ခွဲမှုအစီအစဉ်ကို ပြည့်စုံစေကာ
အောင်မြင်စွာပြန်လာပြီ။
ဘုရားသခင်သည် ကမ္ဘာပေါ်တွင် အချုပ်အခြာအာဏာ ကိုင်စွဲသည့်အတွက်
ကျွန်ုပ်တို့ ဩဘာပေးပြီး ဝမ်းမြောက်စွာ ကခုန်။
အို ဇိအုန်၊ အို ဇိအုန်၊ ဘုရား၏နေရပ်၊ လှပပြီးပျော်စရာကောင်းသောနေရာတစ်ခု။
အတူတကွ စုဝေးရခြင်းက တုနှိုင်းမရသော ဝမ်းမြောက်စရာဖြစ်။
ဘုရားသခင်နှင့်အတူ မိသားစု၏ ထာဝရ ဝမ်းမြောက်ခြင်းကို ပျော်မွေ့ခံစား။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ