Christian Dance (လူအပေါ် ဘုရားသခင်၏ ချစ်ခြင်းသည် အလွန် အရေးကြီးလိုက်လေခြင်း)

27.11.2024

ကျမ်းစာထဲရှိ “အာဒံအတွက် ဘုရားသခင်၏ အမိန့်တော်” ကို ဤအခန်းက သရုပ်ဖော်ထားသည်မှာ

တို့ထိခံရပြီး စိတ်နှလုံးကြည်နူးရသည့် ရုပ်ပုံတစ်ပုံဖြစ်သည်။

ထိုပုံတွင် ဘုရားသခင်နှင့် လူသားသာ ပါရှိသော်လည်း၊

၎င်းတို့အကြားက ရင်းနှီးကျွမ်းဝင်မှုသည်

လူတို့ကို လေးစားပြီး သဘောကျစေသည့် အသိစိတ် တစ်ခုဖြင့် ပြည့်စေသည်။

ဘုရားသခင်၏ ပြည့်လျှမ်းနေသည့် ချစ်ခြင်းမေတ္တာကို

လူသားအပေါ် အခမဲ့ အပ်နှင်းထားပြီး လူသားကို ဝန်းရံလျက်ရှိသည်။

လူသားသည် အပြစ်မဲ့ကာ ဖြူစင်သည်၊ ဝန်ထုပ်ဝန်ပိုးမရှိသကဲ့သို့

ပူပင်ကြောင့်ကြမဲ့ပြီး ဘုရားသခင်၏ ကြည့်ရှုမှုအောက်တွင် ချမ်းမြေ့ပျော်ရွှင်စွာ အသက်ရှင်လေသည်။

လူသည် ဘုရားသခင်၏ ကွယ်ကာမှုနှင့်

ကောင်းချီးမင်္ဂလာအောက်တွင် အသက်ရှင်စဉ်တွင် ဘုရားသခင်သည် လူသားကို ပူပန်လေသည်။

လူသား လုပ်ဆောင်ကာ ပြောဆိုသည့် အမှုအရာတစ်ခုစီတိုင်းသည်

ဘုရားသခင်နှင့် ခွဲခြားမရအောင် ဆက်စပ်ထားကာ ဘုရားသခင်ထံမှ ခွဲခွာ၍ မရပေ။

ဘုရားသခင်သည် လူသားကို ဖန်ဆင်းလိုက်သည့် အခိုက်အတန့်မှစ၍

သူ့ထံတွင် လူသားနှင့် ပတ်သက်၍တာဝန်ရှိခြင်းကို သူခံစားရပြီးဖြစ်သည်။

သူ၏တာဝန်မှာ အဘယ်နည်း။

လူသားကို သူကာကွယ်ရမည်၊ လူသားကို သူ ကြည့်ရှုစောင့်ရှောက်ရမည်။

လူသားအနေဖြင့် သူ၏ နှုတ်ကပတ်တော်များကို ယုံကြည်ကိုးစားပြီး နာခံဖို့ ဘုရားသခင် မျှော်လင့်သည်။

ဤသည်မှာ လူသားနှင့် သက်ဆိုင်သည့် ဘုရားသခင်၏ ပထမဆုံးသော မျှော်လင့်ချက်လည်း ဖြစ်သည်။

အောက်ပါအရာများကို ဘုရားသခင် ပြောဆိုသည်မှာ ဤမျှော်လင့်ချက်နှင့် ဖြစ်သည်-

“ဥယျာဉ်ထဲရှိသည့် ခပ်သိမ်းသောအပင်တို့ကို သင်သည် လွတ်လပ်စွာ စားသုံး နိုင်၏။

သို့သော် အကောင်း၊ အဆိုး သိကျွမ်းရာအပင်ကို သင်သည် မစားရ။

သင်စားသောနေ့တွင် ဧကန်မုချ သေရမည်။”

ဤရိုးရှင်းသော နှုတ်ကပတ်တော်များသည် ဘုရားသခင်၏ ရည်ရွယ်ချက်ကို ကိုယ်စားပြုကြ၏။

၎င်းတို့က သူ၏စိတ်နှလုံးထဲတွင်

ဘုရားသခင်သည် လူသားအတွက် စိုးရိမ်ပူပန်မှု စတင်ပြသပြီး ဖြစ်သည်ကိုလည်း ထုတ်ဖော်ပြပေသည်။

ဤရိုးရှင်းသည့် နှုတ်ကပတ်တော်အနည်းငယ်ထဲတွင် ဘုရားသခင်၏နှလုံးသားကို ငါတို့ မြင်တွေ့ရသည်။

ဘုရားသခင်၏နှလုံးသားထဲတွင် ချစ်ခြင်းမေတ္တာ ရှိသလော။ စိုးရိမ်ပူပန်မှု ရှိသလော။

ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် စိုးရိမ်ပူပန်မှုတို့ကို ခံစား၍ ရနိုင်သည်သာမက၊

အတွင်းကျကျ ခံစား၍လည်း ရနိုင်ပေသည်။

ဆင်ခြင်တုံတရား နှင့် လူ့သဘာဝ အသိစိတ်ရှိသည့် လူတစ်ဦးအနေဖြင့်၊

သင်သည် နွေးထွေးမှုကို ခံစားရလိမ့်မည်။ ဂရုစိုက်ခံရပြီး အချစ်ခံရသည်ကို ခံစားရလိမ့်မည်ဖြစ်ပြီး၊

ပျော်ရွှင်မှုကို ခံစားရလိမ့်မည်။

ဤအရာများကို သင်ခံစားရသည့်အခါတွင်၊ ဘုရားသခင်အပေါ် သင်မည်သို့ ပြုမူမည်နည်း။

ဘုရားသခင်ကို သံယောဇဉ် တွယ်သွား မည်လော။

ဘုရားသခင်ကို လှိုက်လှိုက်လှဲလှဲ ချစ်ပြီး ရိုသေလေးစားမည်လော။

သင့်နှလုံးသားက ဘုရားသခင်နှင့် တိုး၍ နီးစပ်မည်လော။

ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် လူသားအဖို့ မည်မျှ အရေးကြီးသည်ကို

ဤအရာမှ သင်မြင်တွေ့နိုင်သည်။

သို့ရာတွင် သာ၍ပင် အရေးကြီးသည်မှာ

ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ နှင့်သက်ဆိုင်သည့် လူသား၏ ခံစားနားလည်မှုနှင့် သဘောပေါက်မှု ဖြစ်သည်။

နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁) မှ

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။