Christian Dance (ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဧကန်အမှန် ဝမ်းမြောက်ဖွယ်ကောင်း)

14.02.2025

ကျွန်ုပ်တို့သည် တစ်ချိန်က စာရိတ္တပျက်ပြားပြီး အကျင့်ပျက်သော မျိုးဆက်၊

မိဘများကို ဒုက္ခပေးပြီး ဆရာများကို အားမလိုအားမရဖြစ်စေသော မျိုးဆက်ဖြစ်ခဲ့။

ယခုတွင် ကျွန်ုပ်တို့သည် ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်နောက် လိုက်လျှောက်ကာ

အသက်တွင် မှန်ကန်သောလမ်းကြောင်းကို စတင်လျှောက်လှမ်းခဲ့ပြီဖြစ်။

ကျွန်ုပ်တို့သည် သမ္မာတရားကို နားလည်ပြီး မိမိတို့၏တာဝန်များကို

ကောင်းမွန်စွာ ဖြည့်ဆည်းကာ တောက်ပစွာ ထွန်းလင်း၊

ကျွန်ုပ်တို့သည် ဘုရားသခင်က ချစ်ပြီး ကောင်းချီးပေးသော လူသစ်များ၏ မျိုးဆက်ဖြစ်လာပြီဖြစ်။

ခေတ်ရေစီးကြောင်းများနောက် လိုက်သည့် စိတ်အစွဲကို ကျွန်ုပ်တို့ စွန့်လွှတ်ပြီး

ညကလပ်များ၏ ဆူညံသံများ အဝေးတွင် နေခဲ့။

ပကာသနနှင့်ပတ်သက်ပြီး ကျွန်ုပ်တို့ မစိုးရိမ်တော့၊

လူ့ဇာတိဆိုင်ရာ ပျော်မွေ့မှုများအတွက် မပြိုင်ဆိုင်တော့။

ငွေ၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့အတွက် ကျွန်ုပ်တို့ လောဘမကြီးတော့၊

အွန်လိုင်းဂိမ်းများအပေါ် မစွဲလမ်းတော့။

ယုတ္တိမတန်သော ချစ်ကြည်နူးမှုတို့နောက် ကျွန်ုပ်တို့ မလိုက်တော့သလို

ကျွန်ုပ်တို့သည် တစ်ဇွတ်ထိုးမလုပ်တော့၊ အပျော်အပါး မလိုက်စားတော့။

ကျွန်ုပ်တို့သည် ဘုရားသခင်၏ အသံတော်ကို ကြားရပြီး

အနန္တတန်ခိုးရှင် ဘုရားသခင်ရှေ့မှောက် ပြန်လာခဲ့ပြီ။

ဘုရားနှုတ်ကပတ်တော်များသည် ကျွန်ုပ်တို့၏ စိတ်နှင့် အမြင်ကို ရှင်းလင်းပေးပြီးဖြစ်ကာ

အကောင်းနှင့် အဆိုး၊ အမှားနှင့် အမှန်ကြား ခွဲခြားသိမြင်နိုင်ရန် ကျွန်ုပ်တို့ လေ့လာပြီးဖြစ်။

ကျွန်ုပ်တို့ကို သန့်စင်ပေးခဲ့သည့်အရာမှာ ဘုရားနှုတ်ကပတ်တော်များဖြစ်၊

ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများ၏ ဖောက်ပြန်ပျက်စီးမှုမှ ကျွန်ုပ်တို့ ရုန်းထွက်ပြီးဖြစ်။

ကျွန်ုပ်တို့သည် ဘုရားသခင်က ဖော်ပြခဲ့သော သမ္မာတရားများကို လက်ခံပြီးဖြစ်ကာ

အသက်တွင် မှန်ကန်သောလမ်းကြောင်းပေါ်တွင် ခြေချခဲ့ပြီဖြစ်။

နေ့ရက်တိုင်း ဘုရားနှုတ်ကပတ်တော်ကို ကျွန်ုပ် ဖတ်ရှုပြီး သမ္မာတရားနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ကာ

အသင်းတော်အသက်တာအတွင်း ရှင်သန်နေထိုင်။

ကျွန်ုပ်ကြီးထွားစဉ် ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်မှု၊

ပြစ်တင်ဆုံးမမှုနှင့် ပြုပြင်မှုတို့က ကျွန်ုပ်နှင့်အတူ လိုက်ပါလာ။

ကျွန်ုပ်သည် မျက်ရည်ကျ၊ ဝမ်းနည်း၊ ကျရှုံးပြီး လဲပြိုခဲ့သော်လည်း

ဘုရားနှုတ်ကပတ်တော်များသည် ကျွန်ုပ်ကို လျင်မြန်စွာ ဉာဏ်ပွင့်စေပြီး အလင်းပေးခဲ့ကာ

ကျွန်ုပ်သည် သမ္မာတရားကို နားလည်ပြီး လွတ်မြောက်ရ။

ညီအစ်ကိုမောင်နှမတို့ အတူစုဝေးကြပြီး ဘုရားသခင်ကို ချီးမွမ်းရာတွင် သီဆိုကခုန်ကြ။

ဘုရားသခင်ရှေ့မှောက် ရှင်သန်နေထိုင်ပြီး ဘုရားသခင်ကို အတွင်းရေးအသိပေးသောကြောင့်

ကျွန်ုပ်၏စိတ်နှလုံးသည် ပျော်ရွှင်မှုနှင့် ချိုမြိန်မှုတို့ဖြင့် ပြည့်ဝ။

ဘုရားသခင်ကို စိတ်ချမ်းသာစေသည့် ရိုးသားသောသူဖြစ်သောကြောင့်

ကျွန်ုပ်သည် အပြစ်ကင်းစင်၊ မြူးကြွပြီး စိုးရိမ်စိတ်များမရှိ။

ကျွန်ုပ်တို့သည် တစ်စိတ်တစ်ဝမ်းတည်းဖြင့် ဘုရားသခင်အတွက် ကြေညာပြီး သက်သေခံကာ

ကျွန်ုပ်တို့၏စိတ်နှလုံးများသည် ဝမ်းမြောက်ပြီး လွတ်လပ်။

ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် တေ့တေ့ဆိုင်ဆိုင် တွေ့ဆုံပြီး

ကိုယ်တော်၏ စစ်မှန်သောအချစ်ကို တွေ့ကြုံပြီးဖြစ်။

ဘုရားနှုတ်ကပတ်တော်များ၏ သမ္မာတရားသည် မည်မျှအဖိုးတန်ကြောင်းကို ကျွန်ုပ်တို့ နားလည်ပြီးဖြစ်၊

ကျွန်ုပ်တို့၏အသက်များတွင် ရည်ရွယ်ချက်အသစ်တစ်ခုရှိ။

ကျွန်ုပ်တို့ကို သမ္မာတရား၊ လမ်းခရီးနှင့် အသက်ပေးပြီးသော

အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျေးဇူးတင်။

အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကျွန်ုပ်တို့ကို ကယ်တင်ပြီးဖြစ်၊

လူငယ်မျိုးဆက်ဖြစ်သော ကျွန်ုပ်တို့သည် ဘုရားသခင်ကို ထာဝရ ချီးမွမ်းမည်ဖြစ်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။