2021 ခရစ်ယာန်ဓမ္မသီချင်း - ကျွန်ုပ်သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို မခံခဲ့ရပါက

11.06.2021

ကျွန်ုပ်သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို မခံခဲ့ရပါက၊ လောကတွင် မျောပါလွင့်ပါးနေဆဲ၊

အပြစ်တွင် နာကျင်စွာ ရုန်းကန်နေဆဲ၊ မျှော်လင့်ချက် တစ်စုံတစ်ရာ မရှိပဲ ရှင်သန်နေဆဲ ဖြစ်မည်။

ကျွန်ုပ်သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို မခံခဲ့ရပါက၊ နတ်ဆိုးများ၏ နင်းချေခြင်းကို ခံရဆဲ၊

အပြစ်၏ သာယာမှုများကို ပျော်မွေ့နေဆဲ၊

လူသား အသက်တာ၏ လမ်းကြောင်းသည် ဘယ်မှာမှန်း မသိဆဲ ဖြစ်မည်။

အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကျွန်ုပ်အဖို့သနားကရုဏာနှင့် ပြည့်စုံသည်၊

သူ့ နှုတ်ကပတ်တော်များက ကျွန်ုပ်ကို အော်ခေါ်သည်။

ကျွန်ုပ်သည် ဘုရားသခင်၏ အသံတော်ကို ကြားပြီး၊ သူ့ပလ္လင်တော် ရှေ့တော်မှောက်ချီမခံရသည်။

နေ့စဉ်နေ့တိုင်း ကျွန်ုပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်သည်၊

ကျွန်ုပ်သည် သမ္မာတရား များစွာကို နားလည်သဘောပေါက်သည်။

လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်း အလွန် နက်ရှိုင်း သည်ကို ကျွန်ုပ် မြင်ရသည်၊

ကျွန်ုပ်တို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို အမှန်တကယ် လိုအပ်လေသည်။

ဘုရားသခင်၏ သမ္မာတရားက ကျွန်ုပ်ကို သန့်စင်ပြီး၊ ကယ်တင်သည်။

ကျွန်ုပ်သည် အကြိမ်ပေါင်းများစွာ တရားစီရင်ပြီး၊ စစ်ဆေးခံရသည်၊

ပြီးလျှင် ကျွန်ုပ်၏ အသက်တာ စိတ်သဘောထားသည် အတော်အတန် ပြောင်းလဲလာသည်။

ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းတို့ကို တွေ့ကြုံခံစားရင်း၊

ကျွန်ုပ်သည် သူ၏ချစ်ဖွယ်ကောင်းမှုကို နားလည်သဘောပေါက်လာသည်။

ကျွန်ုပ်သည် ဘုရားသခင်ကို ကြောက်ပြီး၊ မကောင်းသော အကျင့်ကို ရှောင်နိုင်သည်၊

ပြီးလျှင် လူသားပုံသဏ္ဌာန် အနည်းငယ်အတိုင်း အသက်ရှင်နေထိုင်သည်။

ကျွန်ုပ်သည် ဘုရားသခင်ကို မျက်နှာချင်းဆိုင် မြင်ဖူးခဲ့ပြီ၊

ကျွန်ုပ်သည် သူ၏ စစ်မှန်သည့် ချစ်ခြင်းမေတ္တာကို မြည်းစမ်းခဲ့ဖူးပြီ။

ဘုရားသခင်၏ တရားစီရင်ခြင်း နှင့် ပြစ်တင်ဆုံးမခြင်းတို့မှ တစ်ဆင့်

ကျွန်ုပ်သည် သူ၏ နောက်ဆုံးသောကာလ ကယ်တင်ခြင်းကို လက်ခံရရှိသည်။

ကျွန်ုပ်တာဝန်ကို သစ္စာရှိစွာ ဖြည့်ဆည်းရင်း၊ ကျွန်ုပ် နှလုံးသားသည် ပျော်ရွှင်ပြီး ငြိမ်းအေးသည်။

အပြန်အလှန်ချစ်ခြင်း၌ ကျွန်ုပ်တို့သည် ဘုရားသခင်၏ လမ်းပြမှု နှင့်

ကောင်းကြီးမင်္ဂလာတို့ဖြင့် ဘုရားသခင် ရှေ့တော်မှောက်တွင် အသက်ရှင်နေထိုင်သည်။

ကျွန်ုပ်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည်၊

ဘုရားသခင်ကို နာခံပြီး စစ်မှန်သည့် အသက်တာတစ်ခုကို အသက်ရှင်နေထိုင်သည်။

ဘုရားသခင်၏ အလုပ်သည် စစ်မှန်ပြီး အသက်ရှင်သည်၊ ဘုရားသခင်သည် ဂုဏ်သရေရှိပြီး၊ ချစ်ဖွယ်ကောင်းသည်၊။

သူ၏ ချစ်ခင်မြတ်နိုးခြင်းနှင့် ချစ်ဖွယ်ကောင်းခြင်းတို့ကို တွေ့မြင်ရင်း၊

ကျွန်ုပ်သည် မိမိအသက်တာကို သူ့ထံဆက်ကပ် အပ်နှံချင်သည်။

ကျွန်ုပ်သည် သမ္မာတရားကို ရှာဖွေပြီး၊ သူ့ကို ထာဝရ ချစ်သွားမည်၊

ကျွန်ုပ်သည် သူ၏ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ရန် မိမိ၏ တာဝန်ကို ဖြည့်ဆည်းမည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။