Myanmar Movie - ဆောင်းတွင်းနက်ချိန် | ဆင်းရဲဒုက္ခက ဘုရားသခင်၌ သူမ၏ ယုံကြည်ခြင်းကို အားကောင်း

27.06.2021

သူမ၏အမည်မှာ ရှောက်လီ ဖြစ်သည်။ သူမက ဘုရားသခင်ကို ဆယ်စုနှစ်တစ်ခုကျော် ယုံကြည်ခဲ့ပြီးဖြစ်သည်။ ၂၀၁၂ခုနှစ် ဆောင်းတွင်းတွင်၊ သူမသည် ဝတ်ပြုအစည်းအဝေးတစ်ခု၌ တရုတ်ကွန်မြူနစ်ရဲများ၏ ဖမ်းဆီးခြင်းခံရသည်။ စစ်ဆေးမေးမြန်းခြင်းအတွင်းတွင် ရဲများက ခေါင်းဆောင်များနှင့် အသင်းတော်၏ငွေများ ရှိရာနေရာကို ထုတ်ပြောခြင်းအားဖြင့် ဘုရားသခင်ကို သစ္စာဖောက်စေရန် သူမကို သွေးဆောင်ဖြားယောင်းဖို့အလို့ငှာ၊ ထပ်ခါထပ်ခါ ချော့ခြင်း၊ ခြိမ်းခြောက်ခြင်း၊ အဆက်မပြတ် ထုနှက်ခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းများ ပြုခဲ့ကြသည်။ အထူးသဖြင့် အပူချိန်ဒီဂရီ သုညအောက် ရောက်သည့်အချိန် အေးခဲသော တစ်ညတွင်၊ ရဲများက သူမကို အတင်းအကျပ် ဝတ်လစ်စလစ် ချွတ်ထားကြကာ၊ ရေခဲရေဖြင့် ရွှဲရွှဲစိုစေလျက်၊ သူမ၏ မိန်းမကိုယ်ကို လျှပ်စစ်ဖြင့်လျှော့တိုက်ကြသည်၊ ပြီးလျှင် မုန်ညှင်းရည် အတင်းတိုက်ကြသည်...သူမသည် လူမဆန်သော ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် စိတ်ကူး၍ပင်မရနိုင်သော အရှက်ကွဲခြင်းတို့ကို ခံစားခဲ့ရသည်။ စစ်မေးခြင်းကာလအတွင်းတွင် သူမက နာကျင်ပြီး အရှက်ရခဲ့သည်။ ဘုရားသခင်ကို သူမက မကြာခဏ ဆုတောင်းခဲ့သည်။ ဘုရားသခင်က နှုတ်ကပတ်တော်က သူမကို အချိန်ကိုက် ဉာဏ်အလင်းပွင့်ခြင်းနှင့် လမ်းညွှန်ခြင်းများ ပေးခဲ့သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်မှ သူမ ရရှိသည့် ယုံကြည်မှုနှင့် ခွန်အားတို့ကြောင့်၊ သူမသည် ရက်စက်ကြမ်းကြုတ်သော ညှဉ်းပန်းနှိပ်စက်မှုနှင့် ဘီလူးသရဲစီးနေသော ဖျက်ဆီးမှုတို့ကို အောင်မြင်ကျော်လွှားနိုင်ကာ၊ အံ့ဩလောက်ဖွယ် ထူးကဲသော သက်သေခံချက်ကို ပေးခဲ့သည်။ ဆောင်းတွင်း ဆီးပင်အပွင့်လေးကဲ့သို့၊ သူမသည် ကြည်နူးဖွယ်ကောင်းသော မွှေးပျံ့ခြင်းကို ပေါ်ထွက်စေလျက်၊ ကြမ်းတမ်းသော အတိဒုက္ခအလယ်တွင် ဂုဏ်ဝင့်စွာ ဖူးပွင့်လာခြင်းအားဖြင့် ဒဏ်ခံနိုင်သော အသက်ပါခြင်းကို ဖော်ပြခဲ့သည်...

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။