Myanmar Hymn Song - လူ့ဇာတိခံ ဘုရားသည် လူသားမျိုးနွယ်အတွက် လွန်စွာအရေးကြီးပေ၏

13.04.2021

လူသား မပြုလုပ်နိုင်တဲ့ အမှု ကို

လူ့ဇာတိခံဘုရားဟာ တတ်စွမ်းနိုင်တယ်

သူ၏အတွင်းသဘောဟာ လူသားကဲ့သို့ မဟုတ်သောကြောင့်ပါ

လူကို ကယ်တင်ရခြင်း အကြောင်းရင်းမှာ

သူရဲ့ပင်ကိုလက္ခဏာဟာ လူသားနှင့်ကွဲပြားသောကြောင့်

ဒီအသွေးသားဟာ လူသားမျိုးနွယ်အတွက်

အလွန်ပင်အရေးကြီးလှတယ်

အဘယ်ကြောင့်ဆိုသော် သူဟာ လူသားဖြစ်သလို၊

ထိုထက်မကဘူး ဘုရားသခင်လည်းဖြစ်တယ်

အဘယ်ကြောင့်ဆိုသော် သာမန် အသွေးအသားဖြစ်သောလူ

မပြုနိုင်တဲ့အမှုကို သူတတ်စွမ်းနိုင်လို့ပါဘဲ

ဒီကမ္ဘာမြေပေါ် သူနှင့်အတူ အသက်ရှင် နေထိုင်ပြီး

ဖောက်ပြန်ညစ်ညမ်းတဲ့ လူသားကို သူကယ်တင်နိုင်တယ်

လူ့ဇာတိခံတဲ့ ဘုရားသခင်ဟာ လူတို့နှင့် ဆင်တူနေပါသော်လည်း

ဘယ်လူသားထက်မဆို

သူ အရေးပါလှပေသည် (ပို၍အရေးပါသည်)

ဘုရားသခင်၏ ဝိညာဉ်တော်ပင် မတတ်စွမ်းနိုင်တဲ့အမှုကို

သူပြုနိုင်သည့်အတွက်ကြောင့်

ဘုရားသည်သူကိုယ်တိုင်အတွက် ပို၍ သက်သေခံနိုင်ပြီး

ဘုရား၏ ဝိညာဉ်တော်ထက် သာ၍

လူသားမျိုးနွယ်ကို အပြည့်အဝ ရရှိနိုင်သည်

သူဟာ သာမန်ဖြစ်ပြီး ရိုးရိုးလူ့ဇာတိဖြစ်ပေမယ့်လည်း

လူသားမျိုးနွယ်ဖြစ်တည်ခြင်းအတွက် သူ၏ထောက်ပံ့ပေးခြင်းနှင့်

သူ၏ ရည်ရွယ်ချက်သည် အဖိုးမြင့်မားလှပေသည်

ဒီအသွေးအသားရဲ့ အရေးပါမှုနှင့် စစ်မှန်သော တန်ဖိုးသည်

သူ့အတွက် တိုင်းတာ၍မရနိုင်အောင်ကြီးမားလှ

ဒီအသွေးအသားဟာ စာတန်ကို

တိုက်ရိုက် မဖျက်ဆီးနိုင် ပေမယ့်လည်း

သူ့ရဲ့အမှုတော်ဟာ လူသားမျိုးနွယ်တွေကို သိမ်းယူနိုင်ကာ

စာတန်ကို အနိုင်ယူနိုင်ပြီး သူ၏အုပ်ချုပ်မှုအောက်တွင် စာတန်ကို

လုံးလုံးလျားလျား အညံ့ခံစေခဲ့လေတယ်

ဒါဟာ ဘုရားသခင်သည် လူ့ဇာတိခံယူသောကြောင့်

စာတန်ကို အနိုင်ယူနိုင်ခြင်းဖြစ်ပြီး

လူသားမျိုးနွယ်ကို ကယ်တင်နိုင်ခြင်းဖြစ်တယ်

စာတန်ကို သူသည် တိုက်ရိုက်မဖျက်ဆီးပေမယ့်လည်း

လူ့ဇာတိခံယူခြင်းသည် စာတန်အားဖြင့် ပျက်စီးသွားသော

လူသားမျိုးနွယ်ကို ကယ်တင်ရန်

အမှုတော်ဆောင်ရွက်ခြင်း ဖြစ်သည်

ဤသို့သောနည်းလမ်းဖြင့်သူသည် ဖန်ဆင်းခံတို့ထဲတွင်

သူ့အတွက် ပို၍ ပင်သက်သေခံနိုင်ပြီး၊

ပျက်စီးနေသော လူကို ပိုမို ကယ်တင်လာနိုင်သည်။

စာတန်ကို အနိုင်ယူသော

လူ့ဇာတိခံဘုရားသခင်သည် ပို၍ကြီးမားတဲ့

သက်သေခံခြင်းကို သက်သေကို ထူပြီး၊

စာတန်ကို ဘုရား၏ဝိညာဉ်တော်အားဖြင့်

တိုက်ရိုက် ချေမှုန်းခြင်းထက်

သာ၍ လူတွေကို ဆွဲဆောင်နိုင်ပေသည်။

လူ့ဇာတိခံဘုရားသခင်သည် လူသားများအား ဖန်ဆင်းရှင်

အကြောင်းကို သိဖို့ရန် ပိုမိုသိစေနိုင်ပြီး

ဖန်ဆင်းခံများအထဲတွင် သူကိုယ်တိုင် ပို၍ သက်သေခံနိုင်လေသည်

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။