Myanmar Christian Testimony - ဘုရားသခင်ကို ယုံကြည်မှုသည် ငြိမ်သက်ခြင်းနှင့် ကောင်းချီးမင်္ဂလာများအတွက်သာ ဖြစ်သလော
13.02.2025
အစောပိုင်းအရွယ်မှစ၍၊ သူမသည် သူမ၏ မိခင်နှင့်အတူ ဘုရားသခင်ကို စယုံကြည်ခဲ့ပြီး ဘုရားသခင်၏ ကျေးဇူးတော်များစွာ မွေ့လျော်ခံစားခဲ့သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းက ကောင်းမွန်ကြောင်းနှင့် ဘုရားသခင်သည် သူမ အလိုရှိသည့်အခါတိုင်းတွင် သူမ၏ အမာခံကျောရိုးဖြစ်သည်ဟု သူမ၏ ငယ်ရွယ်သော စိတ်ဝိညာဉ်က ခံစားခဲ့သည်။ သူမ အရွယ်ရောက်လာသည့်အခါ၊ သူမ၏ တာဝန်ကို စထမ်းဆောင်ခဲ့သည်။ သူမ၏ တာဝန်ကို စိတ်ထက်သန်စွာ ထမ်းဆောင်သရွေ့၊ သူမနှင့် သူမ၏ မိခင်တို့အနေဖြင့် အေးချမ်းသည့် အပူအပင်ကင်းသော ဘဝတစ်ခု အသက်ရှင်နေထိုင်ရဖို့ ဘုရားသခင်က မုချ သေချာစေမည်ဟု သူမ တွေးခဲ့သည်။ နှလုံးရောဂါနှင့်ပတ်သက်သည့် ရုတ်တရက်ဖြစ်သော ဝေဒနာက သူမ၏ အယူအဆများနှင့် စိတ်ကူးများကို ပြိုကွဲသွားစေခဲ့ပြီး သူမသည် အပျက်သဘောဆောင်လာကာ ညည်းညူမှုများပြုလုပ်ခဲ့သည်။ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ဖော်ထုတ်ခြင်းမှတစ်ဆင့်၊ ဘုရားသခင်အပေါ် သူမ၏ ယုံကြည်မှုတွင် မည်သည့်အရာအား သူမ လိုက်စားသင့်သည်ကို စတင် သုံးသပ်ခဲ့သည်။
အခြား ဗီဒီယိုအမျိုးအစားများ