Christian Dance (ကောင်းကင်နိုင်ငံတော်၏ စားတော်ပွဲကို တက်ရောက်ရသည်မှာ အလွန်ကောင်းချီးခံစားရလိုက်သည့်ဖြစ်ခြင်း)

08.11.2024

ဘုရားသခင်သည် လူသားဖြစ်လာ၍ ကမ္ဘာမြေသို့ ကြွရောက်၊

ကိုယ်တော်သည် နောက်ဆုံးသောကာလ၏ ခရစ်တော်တည်းဟူသော အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်။

ကိုယ်တော်သည် များလှစွာသော သမ္မာတရားများကို ဖော်ပြပြီးဖြစ်၍

လူသားမျိုးနွယ်ထံ အလင်းကို ဆောင်ကြဉ်းပေးပြီးဖြစ်။

ကျွန်ုပ်တို့သည် ဘုရားသခင်၏ အသံတော်ကို ကြားရပြီး ကိုယ့်တော်ရှေ့မှောက် ပြန်လာ။

ဘုရားနှုတ်ကပတ်တော်ကို နေ့စဉ်နေ့တိုင်း ကျွန်ုပ်တို့စားသောက်၍ မွေ့လျော်။

ပလ္လင်တော်၏ အသက်ရေသည် ကျွန်ုပ်တို့ကို ရေလောင်းပေး၍ ပံ့ပိုးပေး။

ကောင်းကင်နိုင်ငံတော်၏ စားတော်ပွဲကို ကျွန်ုပ်တို့တက်ရောက်၊

ကျွန်ုပ်တို့၏စိတ်နှလုံးများသည် နှိုင်းယှဉ်၍မရသော ချိုမြိန်မှုတွင် မွေ့လျော်။

ဘုရားရှေ့မှောက် ကျွန်ုပ်တို့ မျက်နှာချင်းဆိုင် ဆုံတွေ့နိုင်မည်ဟု အိပ်မက်ထဲတွင်ပင် မမက်ရဲ။

ဘုရားသခင်၏ အသံတော်ကို ကြားရခြင်းနှင့် ကိုယ်တော့်ရှေ့မှောက်သို့ ပြန်လာခြင်းသည်

ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးဖြစ်။

ဘုရားနှုတ်ကပတ်တော်ကို စားသောက်ခြင်းတွင် သမ္မာတရားများစွာကို ကျွန်ုပ်တို့နားလည်ပြီး

ဤလောက၏ အမှောင်နှင့် လူ၏ နက်နဲသော ဖောက်ပြန်ပျက်စီးမှုကို ရှင်းလင်းစွာ သိမြင်။

ဘုရားနောက် လိုက်လျှောက်ရခြင်းအတွက် ကျွန်ုပ်တို့ အလွန်ကံကောင်းလိုက်လေခြင်း။

ပြီးလျှင် ယင်းမှာ အဆုံးစွန်သော ကောင်းချီးမင်္ဂလာဖြစ်။

ဘုရားသခင်ကို စိတ်ကျေနပ်စေရန်နှင့် ကိုယ်တော့်အချစ်ကို ပြန်ပေးဆပ်ရန်

ကျွန်ုပ်တို့သည် မိမိတို့၏တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်။

ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းမှတစ်ဆင့်

ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ကျွန်ုပ်တို့သိရှိလာပြီးဖြစ်။

ကျွန်ုပ်တို့သည် စစ်မှန်သော နောင်တရခြင်းကို ရရှိပြီးဖြစ်ကာ ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးမှု သန့်စင်ခံရ။

ကျွန်ုပ်တို့သည် မိမိ၏တာဝန်များကို သစ္စာစောင့်သိမှုရှိစွာဖြင့် ကောင်းမွန်စွာ ဖြည့်ဆည်း၍

ထူးကဲသော သက်သေခံချက်ပေး။

ဘုရားသခင်ကို ကျွန်ုပ်တို့ချစ်ခင်နိုင်ခြင်းသည် ဧကန်အမှန် ကောင်းချီးခံစားရခြင်းဖြစ်။

ကျွန်ုပ်တို့သည် သမ္မာတရားနှင့် အသက်ကို ရရှိ။

ကျွန်ုပ်တို့သည် ဘုရားသခင်အပေါ် စစ်မှန်သော ကျိုးနွံနာခံခြင်းကို

ရရှိ၍ ကိုယ်တော်၏ အသိအမှတ်ပြုခြင်းနှင့် ကောင်းချီးပေးခြင်းများကို ရရှိ။

ကျွန်ုပ်တို့သည် မိမိ၏တာဝန်များကို တည်ငြိမ်၍ လက်တွေ့ကျသော နည်းလမ်းဖြင့် ကောင်းမွန်စွာဖြည့်ဆည်းကာ

ကိုယ်တော့်ကို စိတ်ကျေနပ်စေရန်

ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်အောင်လုပ်ဆောင်။

နောက်ဆုံးသော ကာလတွင် ဘုရားသခင်၏ ကယ်တင်ခြင်းကို ကျွန်ုပ်တို့ရရှိ၊

ကိုယ်တော့်ကတိကို လက်ခံရရှိခြင်းအတွက် ကျွန်ုပ်တို့ အလွန်ကံကောင်းလိုက်လေခြင်း။

အို၊ အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော့်ကို ကျွန်ုပ်တို့ ကျေးဇူးတင်ချီးမွမ်း၊

ကိုယ်တော့်နှုတ်ကပတ်တော်သည် ကျွန်ုပ်တို့ကို သန့်စင်၍ ကယ်တင်ပေးပြီးဖြစ်။

ကိုယ်တော့်နှုတ်ကပတ်တော်မှတစ်ဆင့် ကျွန်ုပ်တို့ များစွာရရှိပြီးဖြစ်ကာ

ကိုယ်တော့်ကို ထာဝရ ချစ်ခင်၍ သက်သေခံမည်ဖြစ်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။