ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၃၂

21.10.2020

ဘဝတွင် ယောဘ၏ လိုက်စားမှုများနှင့် ရရှိခြင်းများက သူ့ကို သေခြင်းအား တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ခွင့်ပေးသည်

ကျမ်းစာထဲတွင် ယောဘအကြောင်း ရေးထား၏- “အသက်ကြီးရင့်၍ နေ့ရက်ကာလနှင့် ကြွယ်ဝသော်၊ အနိစ္စ ရောက်လေ၏။” (ယောဘ ၄၂:၁၇) ဤသည်မှာ ယောဘ သေဆုံးသွားသည့်အခါ နောင်တရခြင်းများ မရှိသကဲ့သို့ နာကျင်မှုမခံစားရဘဲ ဤလောကမှ သဘာဝအလျောက် ထွက်ခွာသွားခဲ့သည်ဟု ဆိုလိုသည်။ အယောက်တိုင်း သိကြသည့်အတိုင်း၊ ယောဘသည် သူအသက်ရှင်စဉ် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သည့် လူတစ်ဦး ဖြစ်သည်။ သူ၏လုပ်ဆောင်ချက်များသည် ဘုရားသခင်၏ ချီးကျူးခြင်းခံရပြီး အခြားသူများ၏ အောက်မေ့ခြင်းခံရလေသည်၊ လူအားလုံးထက် သူ့ဘဝသည် တန်ဖိုးရှိပြီး အရေးပါခဲ့သည်ဟု ဆိုနိုင်ပေသည်။ ယောဘသည် ဘုရားသခင်၏ ကောင်းကြီးများကို နှစ်သက် ခံစားခဲ့ရပြီး ကမ္ဘာမြေကြီးပေါ်တွင် ဖြောင့်မတ်သူအဖြစ် ဘုရားသခင်၏ ခေါ်ဆိုခြင်းကို ခံခဲ့ရကာ သူသည် ဘုရားသခင်၏ စစ်ဆေးခြင်းနှင့် စာတန်၏ စမ်းသပ်ခြင်းကိုလည်း ခံခဲ့ရသည်။ သူသည် ဘုရားသခင်အတွက် သက်သေအဖြစ် ရပ်တည်ခဲ့ပြီး ဘုရားသခင်အားဖြင့် ဖြောင့်မတ်သည့်သူအဖြစ် ခေါ်ခံရဖို့ ထိုက်တန်ပေသည်။ ဘုရားသခင်က သူ့ကို စစ်ဆေးပြီးနောက် ဆယ်စုနှစ်များတွင်၊ သူသည် ယခင်ထက် သာ၍ပင်တန်ဖိုးရှိသည့်၊ အဓိပ္ပါယ်ရှိသည့်၊ ခိုင်မာပြီး ငြိမ်းချမ်းသည့်ဘဝကို နေထိုင်ခဲ့သည်။ သူ၏ဖြောင့်မတ်သည့် လုပ်ဆောင်ချက်များကြောင့်၊ ဘုရားသခင်က သူ့ကို စစ်ဆေးခဲ့သည်။ သူ၏ဖြောင့်မတ်သည့် လုပ်ဆောင်ချက် များကြောင့် ဘုရားသခင်က သူ့ထံ ပေါ်လာခဲ့ပြီး သူ့ကို တိုက်ရိုက် စကားပြောခဲ့သည်။ ထို့ကြောင့် သူအစစ်ဆေးခံရပြီး နောက်ပိုင်းနှစ်များတွင် ယောဘသည် ဘဝတန်ဖိုးကို ပိုပြီး ခိုင်လုံသောနည်းလမ်းနှင့် နားလည်ပြီး အသိအမှတ်ပြုခဲ့သည်၊ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအပေါ် လေးနက်သည့် နားလည်မှုနှင့် ဖန်ဆင်းရှင်က သူ၏ကောင်းချီးများကို မည်သို့ပေးအပ်ပြီး မည်သို့ပြန်လည်ယူဆောင်သည် ဆိုသည့် အပေါ်မှာ ပိုပြီးတိကျ သေချာသည့် အသိပညာတို့ကို ရရှိခဲ့သည်။ ယေဟောဝါ ဘုရားသခင်သည် ယောဘကို ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို သိဖို့နှင့် သေခြင်းကို တည်တည်ငြိမ်ငြိမ်နှင့် ရင်ဆိုင်နိုင်ဖို့ ပို၍ပင် ကောင်းသည့် နေရာတစ်ခု၌ထားရင်း ယခင်ကထက် ပိုကြီးမားသည့် ကောင်းချီးများကို ယောဘအပေါ် ချပေးသနားခဲ့ကြောင်း ယောဘဝတ္ထုထဲတွင် မှတ်တမ်းတင် ထားသည်။ ထို့ကြောင့် ယောဘက သူအသက်အရွယ် ကြီးရင့်လာပြီး သေခြင်းနှင့် ရင်ဆိုင်ရသည့်အခါ သူပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများနှင့် ပတ်သက်၍ မုချ စိတ်ပူပန်ခဲ့လိမ့်မည် မဟုတ်ပေ။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းလမ်းကို သူ့ဘဝတစ်ခုလုံး လျှောက်လှမ်းခဲ့သည့်အတွက်၊ သူ့မှာ စိုးရိမ် ပူပန်မှုများမရှိ၊ နောင်တရစရာ ဘာမျှမရှိခဲ့သကဲ့သို့၊ မှန်ပေ၏၊ သေခြင်းကိုလည်း မကြောက်ခဲ့ပေ။ သူသည် မိမိ၏ ကိုယ်ပိုင် အဆုံးသတ်နှင့် ပတ်သက်စိုးရိမ်စရာအကြောင်း မရှိခဲ့ပေ။ ယောဘက သူ၏သေခြင်းကို ရင်ဆိုင်ရသည့်အခါ ပြုလုပ်ခဲ့သည့် နည်းလမ်းများအားလုံးဖြင့် ယနေ့ လူမည်မျှက ပြုလုပ်နိုင်ပါသနည်း။ ထိုသို့ ရိုးရှင်းသည့် အပြင်ပန်း အပြုအမူမျိုးကို အဘယ်ကြောင့် မည်သူမျှ ထိန်းသိမ်းနိုင်စွမ်းမရှိသနည်း။ အကြောင်းပြချက်က တစ်ခုသာရှိ၏။ ယောဘက ဘုရားသခင်၏ အချုပ်အခြာအာဏာကို ယုံကြည်မှု၊ အသိအမှတ်ပြုမှုနှင့် ကျိုးနွံနာခံခြင်းတို့ကို နှလုံးသွင်းလိုက်စားခြင်းဖြင့် သူ့ဘဝကို အသက်ရှင်ခဲ့ပြီး ဘဝတွင် အရေးကြီးသည့် ဆုံမှတ်များကို ဖြတ်သန်းခဲ့ပြီး၊ သူ၏ နောက်ဆုံးသော နှစ်ကာလများကို အသက်ရှင်နေထိုင်ခဲ့ကာ သူ့ဘဝ၏ နောက်ဆုံး ဆုံမှတ်ကို ကြိုဆိုခဲ့သည်မှာ ဤယုံကြည်မှု၊ အသိအမှတ်ပြုမှု၊ နာခံမှုတို့ဖြစ်ခဲ့ပေသည်။ ယောဘက မည်သည့် အရာကို တွေ့ကြုံခဲ့ရသည်ဖြစ်စေ၊ ဘဝတွင် သူ၏ ရှာဖွေ လိုက်စားမှုများနှင့် ပန်းတိုင်များက နာကျင်စရာမဟုတ်ဘဲ ပျော်ရွှင်စရာ ဖြစ်ခဲ့ပေသည်။ သူသည် ဖန်ဆင်းရှင်က သူ့အပေါ် ချပေးသနားခဲ့သည့် ကောင်းချီးနှင့်ချီးကျူးခြင်းတို့ကြောင့်သာ မဟုတ်ဘဲ၊ ပိုအရေးကြီးသည့် သူ၏ လေ့လာလိုက်စားမှုများနှင့် ဘဝပန်းတိုင်များကြောင့်၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းတို့မှတစ်ဆင့် သူရယူခဲ့သည့် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့်သက်ဆိုင်သော အသိပညာနှင့် စစ်မှန်သော သိနားလည်မှုတို့ သာ၍ တိုးခြင်းကြောင့်၊ ထို့အပြင် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ဝန်ခံရသူတစ်ဦးအဖြစ် ဘုရားသခင်၏ အံ့သြဖွယ် လုပ်ဆောင်ချက်များနှင့် လူသားနှင့် ဘုရားသခင်ကြားမှာရှိသည့် အပြန်အလှန်နားလည်မှု၊ အကျွမ်းဝင်မှု၊ ယှဉ်တွဲရပ်တည်မှုတို့၏ နွေးထွေးပြီး မမေ့နိုင်သည့် အတွေ့အကြုံနှင့် အမှတ်ရစရာများနှင့်ဆိုင်သော သူ၏ ကိုယ်ပိုင်အတွေ့အကြုံကြောင့် သူပျော်ရွှင်ခဲ့ပေသည်။ ယောဘသည် ဖန်ဆင်းရှင်၏ အလိုကိုသိခြင်းမှ လာသည့် နှစ်သိမ့်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကြောင့်၊ ဘုရားသခင်သည် ကြီးမြတ်သည်၊ အံ့သြစရာကောင်းသည်၊ ချစ်ခင်စရာကောင်းပြီး တည်ကြည် ဖြောင့်မတ်သည် ဆိုသည်တို့ကို တွေ့မြင်ပြီးနောက် ဖြစ်ပေါ်လာသည့် ကြည်ညိုမှုများကြောင့် ပျော်ရွှင်ခဲ့လေသည်။ ယောဘက သေဆုံးရာတွင် ဖန်ဆင်းရှင်ထံပါးသို့ ပြန်သွားရမည်ကို သိခဲ့ သောကြောင့် မည်သည့်ဒုက္ခခံစားရခြင်းမှမရှိဘဲ သေခြင်းကို ရင်ဆိုင်နိုင်ခဲ့၏။ သေခြင်းကို တည်တည်ငြိမ်ငြိမ်နှင့် ရင်ဆိုင်နိုင်ဖို့၊ ဖန်ဆင်းရှင်က သူ့၏ အသက်ကို ပြန်ယူမည့် အလားအလာကို တည်တည်ငြိမ်ငြိမ်နှင့် ရင်ဆိုင်ဖို့၊ ထို့အပြင် ဖန်ဆင်းရှင်၏ရှေ့တွင် အပြစ်ကင်းစင်ကာ စိုးရိမ်စရာမရှိဘဲ ရပ်နိုင်ဖို့ သူ့ကို အခွင့်ပေးခဲ့သည်မှာ ဘဝတွင် လိုက်စားမှုများနှင့် ရရှိမှုများ ဖြစ်ပါသည်။ ယနေ့ခေတ် လူတို့သည် ယောဘပိုင်ဆိုင်ခဲ့သည့် ပျော်ရွှင်မှုမျိုးကို ရရှိနိုင်သလော။ ထိုသို့ လုပ်ဆောင်ရန် လိုအပ်သည့်အခြေအနေ သင်တို့ ရှိပါသလား။ ဤနေ့ခေတ် လူတို့သည် အခြေအနေများ အမှန်ရှိကြသည့်အတွက်၊ ယောဘကဲ့သို့ အဘယ်ကြောင့် ပျော်ရွှင်စွာ အသက်မရှင်နိုင်ကြပါသနည်း။ သေခြင်းကို ကြောက်ရွံ့ခြင်း၏ ဆင်းရဲဒုက္ခမှ အဘယ်ကြောင့် ၎င်းတို့ မလွတ်မြောက်နိုင်သနည်း။ သေခြင်းကို ရင်ဆိုင်ရသည့်အခါ လူအချို့တို့က မထိန်းနိုင်မသိမ်းနိုင် ကြောက်သေးများ ပါကုန် ကြသည်။ တစ်ချို့က တဆတ်ဆတ်တုန်ကြသည်။ မူးမေ့ ကြသည်။ ကောင်းကင်ဘုံနှင့် လူသားကိုလည်း ရိုက်ပုတ်ကန်ကျောက်ကြသည်၊ အချို့က ငိုကြွေးမြည်တမ်းခြင်းပင် ပြုလုပ်ကြသည်။ ဤသည်တို့မှာ သေခြင်းနီးကပ်လာသည့်အခါ ဖြစ်ပေါ်သည့် ရုတ်တရက် တုံ့ပြန်မှုများ လုံးဝမဟုတ်ပေ။ လူတို့က ၎င်းတို့၏ စိတ်နှလုံးအတွင်း နက်နက်ထဲတွင် သေခြင်းကို ကြောက်ရွံ့သောကြောင့်၊ ၎င်းတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်မှုတို့ကို အမှန်တကယ် ကျိုးနွံနာခံဖို့ နေနေသာသာ၊ ယင်းတို့နှင့်သက်ဆိုင်သည့် ရှင်းလင်းသော အသိပညာနှင့် အသိအမှတ်ပြုခြင်းတို့ မရှိသောကြောင့် ဤအရှက်ရစရာ ပုံစံများဖြင့် ပြုမူကြခြင်း ဖြစ်သည်။ လူတို့သည် အရာရာကို မိမိတို့ဘာသာ စီစဉ်ပြီး အုပ်စိုးချင်သောကြောင့်၊ မိမိတို့၏ ကိုယ်ပိုင်ကံကြမ္မာ၊ မိမိတို့၏ ကိုယ်ပိုင် အသက်ရှင်ခြင်းနှင့် သေခြင်းတို့ကို ထိန်းချုပ် ချင်သောကြောင့်သာ ဤသို့ တုံ့ပြန်ကြခြင်း ဖြစ်သည်။ ထို့ကြောင့် သေခြင်းကို ကြောက်ရွံ့မှုမှ လူတို့ ဘယ်သောအခါမှ မလွတ်မြောက်နိုင်ခြင်းသည် အံ့သြစရာမရှိပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)

ဘုရားကို ကြောက်ရွံ့ရိုသေသောသူတို့သာ ပျော်ရွှင်ကြ၏ကျူး

ယောဘသည် သူအသက်ရှင်စဉ် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သည့် လူတစ်ဦး ဖြစ်သည်။ သူ၏လုပ်ဆောင်ချက်များသည် ဘုရားသခင်၏ ချီးကျူးခြင်းခံရပြီး အခြားသူများ၏ အောက်မေ့ခြင်းခံရလေသည်၊ လူအားလုံးထက် သူ့ဘဝသည် တန်ဖိုးရှိပြီး အရေးပါခဲ့သည်ဟု ဆိုနိုင်ပေသည်။ ယောဘသည် ဘုရားသခင်၏ ကောင်းကြီးများကို နှစ်သက် ခံစားခဲ့ရပြီး ကမ္ဘာမြေကြီးပေါ်တွင် ဖြောင့်မတ်သူအဖြစ် ဘုရားသခင်၏ ခေါ်ဆိုခြင်းကို ခံခဲ့ရကာ သူသည် ဘုရားသခင်၏ စစ်ဆေးခြင်းနှင့် စာတန်၏ စမ်းသပ်ခြင်းကိုလည်း ခံခဲ့ရသည်။ သူသည် ဘုရားသခင်အတွက် သက်သေအဖြစ် ရပ်တည်ခဲ့ပြီး ဘုရားသခင်အားဖြင့် ဖြောင့်မတ်သည့်သူအဖြစ် ခေါ်ခံရဖို့ ထိုက်တန်ပေသည်။ ယောဘက မည်သည့် အရာကို တွေ့ကြုံခဲ့ရသည်ဖြစ်စေ၊ ဘဝတွင် သူ၏ ရှာဖွေ လိုက်စားမှုများနှင့် ပန်းတိုင်များက နာကျင်စရာမဟုတ်ဘဲ ပျော်ရွှင်စရာ ဖြစ်ခဲ့ပေသည်။ သူသည် ဖန်ဆင်းရှင်က သူ့အပေါ် ချပေးသနားခဲ့သည့် ကောင်းချီးနှင့်ချီးကျူးခြင်းတို့ကြောင့်သာ မဟုတ်ဘဲ၊ ပိုအရေးကြီးသည့် သူ၏ လေ့လာလိုက်စားမှုများနှင့် ဘဝပန်းတိုင်များကြောင့်၊ ဘုရားသခင်၏ နှစ်ထောင်းအားရခြင်းကို သူရယူနိုင်သောကြောင့် ယောဘ ပျော်ရွှင်ခဲ့ရခြင်းဖြစ်၏။

ဘုရားသခင်က သူ့ကို စစ်ဆေးပြီးနောက် ဆယ်စုနှစ်များတွင်၊ သူသည် ယခင်ထက် သာ၍ပင်တန်ဖိုးရှိသည့်၊ အဓိပ္ပါယ်ရှိသည့်၊ ခိုင်မာပြီး ငြိမ်းချမ်းသည့်ဘဝကို နေထိုင်ခဲ့သည်။ ယောဘက ဘုရားသခင်၏ အချုပ်အခြာအာဏာကို ယုံကြည်မှု၊ အသိအမှတ်ပြုမှုနှင့် ကျိုးနွံနာခံခြင်းတို့ကို နှလုံးသွင်းလိုက်စားခြင်းဖြင့် သူ့ဘဝကို အသက်ရှင်ခဲ့ပြီး ဘဝတွင် အရေးကြီးသည့် ဆုံမှတ်များကို ဖြတ်သန်းခဲ့ပြီး၊ သူ၏ နောက်ဆုံးသော နှစ်ကာလများကို အသက်ရှင်နေထိုင်ခဲ့ကာ သူ့ဘဝ၏ နောက်ဆုံး ဆုံမှတ်ကို ကြိုဆိုခဲ့သည်မှာ ဤယုံကြည်မှု၊ အသိအမှတ်ပြုမှု၊ နာခံမှုတို့ဖြစ်ခဲ့ပေသည်။ ယောဘက မည်သည့် အရာကို တွေ့ကြုံခဲ့ရသည်ဖြစ်စေ၊ ဘဝတွင် သူ၏ ရှာဖွေ လိုက်စားမှုများနှင့် ပန်းတိုင်များက နာကျင်စရာမဟုတ်ဘဲ ပျော်ရွှင်စရာ ဖြစ်ခဲ့ပေသည်။ သူသည် ဖန်ဆင်းရှင်က သူ့အပေါ် ချပေးသနားခဲ့သည့် ကောင်းချီးနှင့်ချီးကျူးခြင်းတို့ကြောင့်သာ မဟုတ်ဘဲ၊ ပိုအရေးကြီးသည့် သူ၏ လေ့လာလိုက်စားမှုများနှင့် ဘဝပန်းတိုင်များကြောင့်၊ ဘုရားသခင်၏ နှစ်ထောင်းအားရခြင်းကို သူရယူနိုင်သောကြောင့် ယောဘ ပျော်ရွှင်ခဲ့ရခြင်းဖြစ်၏။

ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းတို့မှတစ်ဆင့် သူရယူခဲ့သည့် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် သက်ဆိုင်သော အသိပညာနှင့် စစ်မှန်သော သိနားလည်မှုတို့ သာ၍ တိုးခြင်းကြောင့်၊ ထို့အပြင် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ဝန်ခံရသူတစ်ဦးအဖြစ် ဘုရားသခင်၏ အံ့သြဖွယ် လုပ်ဆောင်ချက်များနှင့် လူသားနှင့် ဘုရားသခင်ကြားမှာရှိသည့် အပြန်အလှန်နားလည်မှု၊ အကျွမ်းဝင်မှု၊ ယှဉ်တွဲရပ်တည်မှုတို့၏ နွေးထွေးပြီး မမေ့နိုင်သည့် အတွေ့အကြုံနှင့် အမှတ်ရစရာများနှင့်ဆိုင်သော သူ၏ ကိုယ်ပိုင် အတွေ့အကြုံကြောင့် သူပျော်ရွှင်ခဲ့ပေသည်။ ယောဘ ပျော်ရွှင်ခဲ့ရခြင်းဖြစ်၏။ သူသည် ဖန်ဆင်းရှင်က သူ့အပေါ် ချပေးသနားခဲ့သည့် ကောင်းချီးနှင့်ချီးကျူးခြင်းတို့ကြောင့်သာ မဟုတ်ဘဲ၊ ပိုအရေးကြီးသည့် သူ၏ လေ့လာလိုက်စားမှုများနှင့် ဘဝပန်းတိုင်များကြောင့်၊ ဘုရားသခင်၏ နှစ်ထောင်းအားရခြင်းကို သူရယူနိုင်သောကြောင့် ယောဘ ပျော်ရွှင်ခဲ့ရခြင်းဖြစ်၏။ ယောဘသည် ဖန်ဆင်းရှင်၏ အလိုကိုသိခြင်းမှ လာသည့် နှစ်သိမ့်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကြောင့်၊ ဘုရားသခင်သည် ကြီးမြတ်သည်၊ အံ့သြစရာကောင်းသည်၊ ချစ်ခင်စရာကောင်းပြီး တည်ကြည် ဖြောင့်မတ်သည် ဆိုသည်တို့ကို တွေ့မြင်ပြီးနောက် ဖြစ်ပေါ်လာသည့် ကြည်ညိုမှုများကြောင့် ပျော်ရွှင်ခဲ့လေသည်။ ယောဘ ပျော်ရွှင်ခဲ့ရခြင်းဖြစ်၏။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။