ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၃၆

12.12.2020

ဘုရားသခင်၏ သြဇာအာဏာကို ကျိုးနွံနာခံဖို့ ဆန္ဒရှိသူအတွက် သင့်လျော်သည့် သဘောထားနှင့် လက်တွေ့လုပ်ဆောင်ခြင်း

ဘုရားသခင်၏ သြဇာအာဏာနှင့် လူသားကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာ နှင့်ဆိုင်သည့် အမှန်တရားကို မည်သည့် သဘောထားဖြင့် လူက ယခု သိရှိမှတ်ယူသင့်သနည်း။ ဤသည်မှာ လူတိုင်း၏ ရှေ့တွင် ရှိနေသည့် တကယ့် ပြဿနာဖြစ်သည်။ လက်တွေ့ဘဝ ပြဿနာများကို ရင်ဆိုင် ရသည့်အခါ ဘုရားသခင်၏ သြဇာအာဏာနှင့် သူ၏အချုပ်အခြာ အာဏာတို့ကို သင် မည်သို့သိပြီး နားလည်သင့်သနည်း။ ဤပြဿနာများနှင့် သင် ရင်ဆိုင်ရပြီး ၎င်းတို့ကို မည်သို့နားလည် ရမည်၊ ကိုင်တွယ်ရမည်၊ တွေ့ကြုံရမည်ကို သင်မသိသည့်အခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံဖို့ သင်၏ ရည်ရွယ်ချက်၊ ဆန္ဒနှင့် သင်၏ ကျိုးနွံနာခံခြင်း နှင့်ဆိုင်သော စစ်မှန်မှုကို ပြသဖို့ရန် သင် မည်သို့ သဘောထားမျိုး ခံယူသင့်သနည်း။ ပထမဆုံးအနေဖြင့် စောင့်ဆိုင်းဖို့ သင် သင်ယူရပါမည်။ ထို့နောက် ရှာဖွေဖို့ သင်ယူရမည်။ ထို့နောက် ကျိုးနွံနာခံဖို့ သင်ယူရမည်။ “စောင့်ဆိုင်းခြင်း” က ဘုရားသခင်၏ အချိန်ကို စောင့်ခြင်းကို ဆိုလိုသည်။ သင့်အတွက် ဘုရားသခင် စီစဉ်ထားသည့် လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများကို စောင့်ဆိုင်းခြင်းဖြစ်သည်။ သူ၏အလိုကို သင့်ဆီကို သူ့ဘာသာ တဖြည်းဖြည်း ထုတ်ဖော်ပြသဖို့ စောင့်ခြင်း ဖြစ်သည်။ “ရှာဖွေခြင်း” ဆိုသည်မှာ သူချပြပေးခဲ့သည့် လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများမှ တစ်ဆင့် သင့်အတွက် ထောက်ထားသော ဘုရားသခင်၏ ရည်ရွယ်ချက်များကို လေ့လာခြင်းနှင့် သိနားလည်ခြင်း၊ ၎င်းတို့မှတစ်ဆင့် သမ္မာတရားကို သိနားလည်ခြင်း၊ လူသားက ပြီးမြောက်ရမည့် အရာနှင့် ၎င်းတို့ စောင့်ထိန်းလိုက်နာရမည့် လမ်းခရီးများကို သိနားလည်ခြင်း၊ ဘုရားသခင်က လူသားများထဲမှ မည်သည့်ရလဒ်များကို ရရှိရန် ရည်ရွယ်သည်၊ လူသားများထဲမှ မည်သည့် အောင်မြင်မှုများကို ရယူရန် ရည်ရွယ်သည်တို့ကို နားလည်ခြင်းအား ဆိုလိုသည်။ ဟုတ်ပေ၏၊ “ကျိုးနွံနာခံခြင်း” ဆိုသည်မှာ ဘုရားသခင် စီစဉ်ညွှန်ကြားသည့် လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများကို လက်ခံခြင်း၊ သူ့၏ အချုပ်အခြာအာဏာကို လက်ခံခြင်းနှင့် ၎င်းမှတစ်ဆင့် ဖန်ဆင်းရှင်က လူသားကံကြမ္မာကို မည်သို့ ပြဋ္ဌာန်းသည်၊ သူ့၏အသက်ဖြင့် လူသားများကို သူ မည်သို့ထောက်ပံ့သည်၊ လူသားအတွင်း၌ သမ္မာတရားကို သူမည်သို့ လုပ်ဆောင်သည်ကို သိလာခြင်းအား ရည်ညွှန်းပေသည်။ ဘုရားသခင်၏ စီစဉ်မှုများနှင့် အချုပ်အခြာအာဏာ အောက်က အရာအားလုံးသည် သဘာဝနိယာမများကို နာခံသည်။ သင့်အတွက် အရာအားလုံးကို ဘုရားသခင် စီစဉ်ပြီး ပြဋ္ဌာန်းခွင့်ပြုဖို့ သင်စိတ်ပိုင်းဖြတ်ထားပါက၊ သင် စောင့်ဆိုင်းတတ်ဖို့ သင်ယူရ ပါမည်။ ရှာဖွေတတ်ဖို့ သင်ယူရမည်။ ကျိုးနွံနာခံတတ်ဖို့ သင်ယူရပေမည်။ ဤသည်မှာ ဘုရားသခင်၏ သြဇာအာဏာကို ကျိုးနွံနာခံချင်သည့် လူတိုင်း ခံယူရမည့် သဘောထား၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်မှုတို့ကို လက်ခံချင်သည့် လူတိုင်း ပိုင်ဆိုင်ရမည့် အခြေခံ အရည်အသွေးတို့ ဖြစ်၏။ ထိုသို့သောသဘောထားကို ထိန်းသိမ်းဖို့၊ ထိုသို့သော အရည်အသွေးတစ်ခုကို ပိုင်ဆိုင်ဖို့၊ သင်တို့ ပိုကြိုးစားရမည်။ ဤသည်မှာစစ်မှန်သည့် လက်တွေ့အရှိတရားထဲသို့ သင်တို့ ဝင်ရောက်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။