ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၈၂

20.08.2020

ဘုရားသခင်သည် အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး သူတို့အတွက် နယ်နိမိတ်စည်းများကို တည်ထောင်ခဲ့သည်၊ သူတို့အထဲတွင် သူသည် သက်ရှိအမျိုးအစားအားလုံးကို ပြုစုစောင့်ရှောက်ခဲ့သည်။ ထိုအတောအတွင်း သူသည် လူသားတို့အတွက် မတူညီသည့် ရှင်သန်ရပ်တည်နိုင်ရေး နည်းလမ်းတို့ကိုလည်း ပြင်ဆင်ခဲ့သည်၊ ထို့ကြောင့် လူသားများ ရှင်သန်ရပ်တည်ရန်အတွက် နည်းလမ်း တစ်ခုသာ ရှိခြင်းမဟုတ်သည်ကို သင်မြင်နိုင်၏။ သူတို့တွင် ရှင်သန်ရပ်တည်နိုင်ရန် ပတ်ဝန်းကျင်အမျိုးအစား သည်လည်း တစ်ခုသာ ရှိသည်မဟုတ်ပေ။ လူသားတို့၏ ဘဝကို အသွေးအသားနှင့် ဆက်လက်ရှင်သန်နိုင်စေ ရန်အတွက် အလွန်အရေးကြီးသည့် အစားအစာနှင့် ရေအရင်းအမြစ် အမျိုးအစား အမျိုးမျိုးကို ဘုရားသခင် ပြင်ဆင်သည့်အကြောင်းကို ယခင်က ပြောခဲ့သည်။ သို့သော် ဤလူသားမျိုးနွယ်ထဲတွင် လူအားလုံးက အစေ့အဆန်များ နှင့်သာ ရပ်တည်စားသောက်နေကြသည် မဟုတ်ပေ။ လူများတွင် မတူညီသည့် ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင်နှင့် မြေပြင်အနေအထားများကြောင့် မတူညီသည့် ရှင်သန် ရပ်တည်နိုင်ရေး နည်းလမ်းများ ရှိကြသည်။ ဤရှင်သန် ရပ်တည်နိုင်ရေး နည်းလမ်းများအားလုံးကို ဘုရားသခင် ပြင်ဆင်ပြီး ဖြစ်သည်။ ထို့ကြောင့် လူသားအားလုံးက လယ်စိုက်ပျိုးရေးကိုသာ လုပ်ကိုင်ကြသည် မဟုတ်ပေ။ ဆိုလိုသည်မှာ လူသားအားလုံးက ကောက်ပဲသီးနှံ စိုက်ပျိုးခြင်းမှသာ အစားအစာကို ရရှိခြင်းမဟုတ်ပေ။ ဤအရာသည် ယခုပြောဆိုမည့် တတိယအချက်ဖြစ်သည်။ လူသားတို့၏ ရှင်သန်နေထိုင်မှုပုံစံအမျိုးမျိုးမှ နယ်နိမိတ်စည်းမျဉ်းများ ဖြစ်ပေါ်လာသည်။ ဤသို့ဆိုလျှင် လူသားများတွင် အခြား မည်သည့် ဘဝနေထိုင်မှုပုံစံ အမျိုးအစားများ ရှိသနည်း။ လူသားများတွင် အခြား မည်သည့်အစားအစာအရင်းအမြစ် အမျိုးအစားများ ရှိသနည်း။ အဓိကအမျိုးအစားအချို့ ရှိသည်။

ပထမဆုံးက အမဲလိုက်သည့် ဘဝနေထိုင်မှုပုံစံ ဖြစ်သည်။ အားလုံး ဤအရာကို သိသည်။ သိကြသည် မဟုတ်လော။ အမဲလိုက်ခြင်းနှင့် အသက်မွေးသည့်သူများက အဘယ်အရာကို စားသနည်း။ (တောကောင်။) သူတို့က တောထဲတွင်ရှိသည့် ငှက်များနှင့် သားရဲတိရစ္ဆာန်တို့ကို စားသည်။ “တောကောင်” က ခေတ်စကားလုံးဖြစ်သည်။ မုဆိုးများက တောကောင်အနေနှင့် မတွေးပေ။ ယင်းတို့ကို အစားအစာအနေနှင့် သူတို့၏နေ့စဉ်အစားအစာအနေနှင့် တွေးသည်။ ဥပမာ သူတို့ သမင်တစ်ကောင် ရသည်။ သူတို့ ဤသမင်ကို ရသည့်အခါတွင် လယ်သမားက မြေကြီးထဲမှ ကောက်ပဲသီးနှံတို့ကို ရသကဲ့သို့ပင်ဖြစ်သည်။ လယ်သမား တစ်ယောက်က မြေကြီးထဲမှ ကောက်ပဲသီးနှံများကိုရပြီး သူ၏ကောက်ပဲသီးနှံများကို မြင်ရသည့်အခါတွင် ပျော်ရွှင်ပြီး စိတ်ကျေနပ်မှုရသည်။ စားစရာ ကောက်ပဲသီးနှံများ ရှိသည့်အတွက် မိသားစုသည် ဆာလောင်မည်မဟုတ်ပေ။ သူ့နှလုံးသားက စိတ်သက်သာရာရပြီး ကျေနပ်မှုရရှိသည်။ မုဆိုးတစ်ဦးသည်လည်း သူဖမ်းမိသည့်အကောင်ကို ကြည့်သည့်အခါတွင် စိတ်သက်သာ ကျေနပ်မှုကိုရရှိသည်။ အဘယ်ကြောင့်ဆိုလျှင် အစားအစာအတွက် စိတ်ပူစရာ မလိုတော့၍ဖြစ်သည်။ နောက်တစ်ခါ စားရန်အတွက် စားစရာရှိသည်။ ဆာလောင်မည်မဟုတ်တော့ပေ။ ဤသူမှာ အသက်မွေးရန်အတွက် အမဲလိုက်သူဖြစ်သည်။ အမဲလိုက်ပြီး အစာရှာသည့်သူအများစုက တောင်ပေါ် သစ်တောများတွင် နေထိုင်သည်။ သူတို့သည် လယ်စိုက်ပျိုးခြင်း မလုပ်ကြပေ။ ထိုနေရာတွင် စိုက်ပျိုးနိုင်သည့်မြေကို ရှာဖွေတွေ့ရှိရန် မလွယ်ပေ။ ထို့ကြောင့် သူတို့သည် သက်ရှိအမျိုးမျိုး၊ သားကောင်အမျိုးမျိုးတို့အပေါ်တွင် ရှင်သန်ရပ်တည်သည်။ ဤသည်မှာ သာမန်လူသားတို့နှင့် ကွဲပြားသည့် ပထမ ဘဝနေမှုပုံစံဖြစ်သည်။

ဒုတိယအမျိုးအစားက မွေးမြူရေး ဘဝနေမှုပုံစံ ဖြစ်သည်။ အသက်မွေးရန်အတွက် မွေးမြူရေးလုပ်သူများက လယ်စိုက်ပျိုးခြင်း လုပ်ကြသလော။ (မလုပ်ကြပေ။) ဤသို့ဆိုလျှင် သူတို့ဘာလုပ်သနည်း။ ဤနေရာ၌ မွန်ဂိုလူမျိုးပါသည်ဆိုလျှင် သင်တို့၏ လှည့်လည်သွားလာတတ်သည့် ဘဝနေမှုပုံစံကို အနည်းငယ် ပြောနိုင်သည်။ (အများအားဖြင့် ကျွန်ုပ်တို့သည် အသက်မွေးဝမ်းကျောင်းအတွက် ကျွဲနွားနှင့်သိုးများကို မွေးမြူပါသည်။ လယ်စိုက်ပျိုးခြင်း မလုပ်ကြပါ။ ဆောင်းရာသီ၌ ကျွန်ုပ်တို့၏ မွေးမြူရေးတိရစ္ဆာန်များကို သတ်ဖြတ်ပြီး စားသောက်ပါ၏။ ကျွန်ုပ်တို့၏ အဓိကအစားအစာမှာ အမဲသားနှင့် သိုးသားဖြစ်ပါ၏။ နွားနို့လက်ဖက်ရည် သောက်ပါ၏။ မွေးမြူရေးသမားများက လေးရာသီလုံး အလုပ်ရှုပ်နေသော်လည်း သူတို့က ကောင်းကောင်းစားကြသည်။ နွားနို့၊ နို့ထွက်ပစ္စည်း သို့မဟုတ် အသားတို့ပြတ်လတ်ခြင်းမရှိကြပေ။) မွန်ဂိုလူမျိုးများက အမဲသားနှင့် သိုးသားကို အဓိကစားသည်။ နွားနို့နှင့် သိုးနို့သောက်သည်။ သူတို့၏မျက်နှာတွင် နေရောင်ကျရောက်နေလျက် သူတို့၏ ဆံပင်ကို လေတိုက်နေလျက် သူတို့၏တိရစ္ဆာန်များကို မွေးမြူထိန်းကျောင်းရန်အတွက် ကွင်းပြင်ထဲတွင်ရှိသည့် ကျွဲများနှင့် မြင်းများကို စီးကြသည်။ သူတို့တွင် ခေတ်ပေါ်ရှင်သန်နေထိုင်မှု၏ ဖိအားများမရှိပေ။ သူတို့သည် ကျယ်ပြန့်သည့် အပြာရောင် ကောင်းကင်ကြီးနှင့် မြက်ခင်းလွင်ပြင်များကိုသာ တစ်နေကုန် တွေ့မြင်ရသည်။ မွေးမြူရေးလုပ်ပြီး အသက်မွေးသူများ အများစုသည် မြက်ခင်းပြင်များပေါ်တွင်သာ နေကြပြီး မျိုးဆက် တစ်ဆက်ပြီး တစ်ဆက် သူတို့၏လှည့်လည်သွားလာသည့် ဘဝနေမှုပုံစံအတိုင်း ဆက်လက်နေထိုင်နိုင်ကြသည်။ မြက်ခင်းပြင်များပေါ်က ဘဝသည် အနည်းငယ် အထီးကျန်သော်လည်း အလွန်ပျော်ရွှင်ရသည့် ဘဝလည်း ဖြစ်သည်။ ဆိုးဝါးသည့် ဘဝနေမှုပုံစံတစ်ခု မဟုတ်ပေ။

တတိယအမျိုးအစားမှာ ငါးဖမ်းခြင်း ဘဝနေမှုပုံစံ ဖြစ်သည်။ ပင်လယ်အနား သို့မဟုတ် သေးငယ်သည့် ကျွန်းများပေါ်တွင်နေထိုင်သည့် လူအနည်းငယ်ရှိသည်။ သူတို့က ရေများနှင့်ပတ်လည်ဝိုင်းနေပြီး ပင်လယ်ကြီးကို မျက်နှာမူနေသည်။ ဤလူအများက အသက်မွေး ဝမ်းကျောင်းအတွက် ငါးဖမ်းသည်။ အသက်မွေးဝမ်းကျောင်း အတွက် ငါးဖမ်းသည့် ဤလူများအတွက် အစားအစာ အရင်းအမြစ်က အဘယ်အရာနည်း။ ငါးအမျိုးအစား အားလုံး၊ ပင်လယ်စာနှင့် ရေထွက်ပစ္စည်းများ မဟုတ်လော။ ဟောင်ကောင်သည် တံငါရွာလေးသာ ဖြစ်ခဲ့စဉ်က ထိုအရပ်တွင်နေထိုင်သည့် လူများသည် အသက်မွေး ဝမ်းကျောင်းအတွက် ငါးဖမ်းကြသည်။ လယ်စိုက်ပျိုးခြင်း မလုပ်ကြပေ။ နေ့စဉ် ငါးသွားဖမ်းကြသည်။ သူတို့၏ အဓိကအစားအစာက ငါးနှင့်ပင်လယ်စာအမျိုးမျိုးတို့ ဖြစ်သည်။ သူတို့သည် ဆန်၊ ဂျုံနှင့် နေ့စဉ် လိုအပ်သည့်အရာများကိုလည်း ငါးအချို့နှင့် ရံဖန်ရံခါ လဲလှယ်တတ်ကြသည်။ ဤသည်မှာ ရေနားတွင်နေသည့် သူများ၏ မတူညီသည့် ဘဝနေမှုပုံစံများဖြစ်သည်။ ရေနားတွင်နေထိုင်သည့်သူများသည် သူတို့အကျိုးအတွက် ရေကိုမှီခိုအားထားကြပြီး ငါးဖမ်းခြင်းက သူတို့၏ အသက်မွေးဝမ်းကျောင်းဖြစ်သည်။ ဤအရာသည် သူတို့၏ အသက်မွေးဝမ်းကျောင်းဖြစ်ပြီး သူတို့၏ အစားအစာ အရင်းအမြစ်လည်းဖြစ်သည်။

အသက်မွေးရန်အတွက် လယ်စိုက်ပျိုးသည့်သူများကို ဖယ်လိုက်လျှင် အထက်တွင် ဖော်ပြခဲ့သော မတူညီသည့် ဘဝနေမှု ပုံစံသုံးမျိုးရှိသည်။ မွေးမြူရေး၊ ငါးဖမ်းခြင်း၊ အမဲလိုက်ခြင်းနှင့် ရပ်တည်သည့်သူများကို ထားလိုက်လျှင် လူအများစုက အသက်မွေးဝမ်းကျောင်းအတွက် လယ်စိုက်ပျိုးကြသည်။ လယ်စိုက်ပျိုးသည့် သူများက အဘယ်အရာလိုအပ်သနည်း။ မြေကြီးလိုအပ်သည်။ သူတို့သည် အသက်ရှင်သန်ရပ်တည်နိုင်ရန်အတွက် မျိုးဆက်များ တစ်ဆက်ပြီးတစ်ဆက် ကောက်ပဲသီးနှံများ စိုက်ပျိုး၏။ သူတို့၏အစားအစာကို ကမ္ဘာမြေကြီးမှ ရသည်။ ဟင်းသီးဟင်းရွက်၊ အသီးများ သို့မဟုတ် အစေ့အဆန်များကို စိုက်သည်ဖြစ်စေ၊ သူတို့၏ အစာနှင့် နေ့စဉ်လိုအပ်ချက်များကို သူတို့အားလုံး ကမ္ဘာမြေကြီးမှ ရရှိသည်။

ဤမတူညီကြသည့် ဘဝနေမှုပုံစံများအတွက် အခြေခံ လိုအပ်သည့်အခြေအနေများက မည်သို့နည်း။ ရှင်သန် ရပ်တည်ရန်အတွက် သူတို့၏ပတ်ဝန်းကျင်ကို အခြေခံ ထိန်းသိမ်းမှု မလိုအပ်သလော။ တစ်နည်းအားဖြင့် အမဲလိုက်ခြင်းဖြင့် အသက်မွေးသူများက တောတောင်သစ်ပင်များ သို့မဟုတ် ငှက်များနှင့် သားရဲတိရစ္ဆာန်များကို ဆုံးရှုံးရသည်ဆိုလျှင် သူတို့၏ အသက်မွေးဝမ်းကျောင်းမှုမှာ ပျောက်ဆုံးသွားတော့မည်။ ဤလူမျိုးစုများနှင့် ဤကဲ့သို့သောလူများ သွားရမည့် ဦးတည်ချက်မှာ မရေမရာဖြစ်လာမည်ဖြစ်ပြီး သူတို့သည် ပျောက်ပင်ပျောက်ကွယ်သွားမည်။ ထို့ပြင် စားဝတ်နေရေးအတွက် မွေးမြူရေးလုပ်သူများက အဘယ်အရာကို အားထားရမည်နည်း။ သူတို့အမှန်တကယ် မှီခိုနေကြသည်မှာ မွေးမြူရေးတိရစ္ဆာန်များမဟုတ်ဘဲ သူတို့၏ မွေးမြူရေးတိရစ္ဆာန်များ ရှင်သန်ရပ်တည်နိုင်သည့် ပတ်ဝန်းကျင်၊ မြက်ခင်းပြင်ဖြစ်သည်။ မြက်ခင်းပြင်များ မရှိလျှင် သူတို့၏မွေးမြူရေး တိရစ္ဆာန်များကို အဘယ်အရပ်၌ အစာကျွေးမည်နည်း။ ကျွဲနွားများနှင့် သိုးများက အဘယ်အရာကို စားကြမည်နည်း။ မွေးမြူရေး တိရစ္ဆာန်များမရှိလျှင် လှည့်လည်နေထိုင်သည့် လူမျိုးစုများက အသက်မွေးဝမ်းကျောင်းစရာ ရှိမည် မဟုတ်ပေ။ သူတို့တွင် အသက်မွေးဝမ်းကျောင်း လုပ်စရာရှိမည်မဟုတ်ပေ။ သူတို့၏ အသက်မွေး ဝမ်းကျောင်း အရင်းအမြစ်မရှိလျှင် လူများက အဘယ်အရပ်ကို သွားကြမည်နည်း။ ဆက်လက်ရှင်သန် ရပ်တည်နိုင်ရန်က အလွန်ခက်ခဲလာမည်။ သူတို့တွင် အနာဂတ်ရှိမည်မဟုတ်တော့ပေ။ ရေအရင်းအမြစ်မရှိလျှင် မြစ်များနှင့် အင်းအိုင်များက ခြောက်သွေ့လာမည်။ အသက်ရှင်ရန်အတွက် ရေကို မှီခိုအားထားရသည့် ငါးအားလုံးက ရှိပါတော့မည်လော။ ဤငါးများ ရှိတော့မည်မဟုတ်ပေ။ အသက်မွေးဝမ်းကျောင်းအတွက် ရေနှင့် ငါးကို အမှီပြုရသည့် လူများက ဆက်ပြီး ရှင်သန်ရပ်တည်နိုင်ပါ့မည်လော။ သူတို့တွင် စားစရာမရှိလျှင်၊ သူတို့၏ အသက်မွေးဝမ်းကျောင်းအတွက် အရင်းအမြစ်မရှိလျှင် ဤလူများသည် ဆက်လက်ရှင်သန်ရပ်တည်နိုင်မည် မဟုတ်ပေ။ ဆိုလိုသည်မှာ သူတို့၏ အသက်မွေးဝမ်းကျောင်း သို့မဟုတ် ရှင်သန်ရပ်တည်နိုင်ရေးနှင့်ပတ်သက်ပြီး ပြဿနာရှိလာလျှင် ထိုလူမျိုးများသည် ရှေ့ဆက်နိုင်မည်မဟုတ်ပေ။ ပျောက်ကွယ်သွားနိုင်သည်။ ကမ္ဘာမြေကြီးမှ ပျက်သုဉ်း သွားနိုင်သည်။ နောက်ပြီးလျှင် အသက်မွေး ဝမ်းကျောင်းအတွက် လယ်စိုက်ပျိုးသူများသည် သူတို့၏ မြေများကို ဆုံးရှုံးသွားလျှင်၊ အပင်များ မစိုက်နိုင်ဖြစ်ပြီး အပင်အမျိုးမျိုးမှ အစားအစာများကို သူတို့ရမည် မဟုတ်တော့လျှင် ရလဒ်က အဘယ်အရာ ဖြစ်လာမည်နည်း။ အစားအစာမရှိလျှင် လူများက ဆာလောင်ပြီး သေဆုံးကုန်ကြမည် မဟုတ်လော။ လူများက ဆာလောင်ပြီး သေကြေကုန်လျှင် ဤလူမျိုးသည် ပျောက်ကွယ်သွားမည် မဟုတ်လော။ ထို့ကြောင့် ဤအရာသည် ပတ်ဝန်းကျင်အမျိုးမျိုးကို ဘုရားသခင် ထိန်းသိမ်းသည့် ရည်ရွယ်ချက်ပင်ဖြစ်သည်။ ပတ်ဝန်းကျင် အမျိုးမျိုးနှင့် ဂေဟစနစ်များကို ထိန်းသိမ်းခြင်း၊ ပတ်ဝန်းကျင်တစ်ခုစီတိုင်းတွင်ရှိသည့် မတူညီသည့် သက်ရှိသတ္တဝါများကို ထိန်းသိမ်းခြင်းတွင် ဘုရားသခင်၌ ရည်ရွယ်ချက် တစ်ခုသာရှိသည်။ လူပေါင်းစုံကို ပြုစုစောင့်ရှောက်ရန်၊ မတူညီသည့် ပထဝီဆိုင်ရာ ပတ်ဝန်းကျင်များတွင် ရှင်သန်နေထိုင်ကြသည့် လူများကို စောင့်ရှောက်ရန်ဖြစ်သည်။

အကယ်၍ အရာအားလုံးသည် သူတို့၏ကိုယ်ပိုင် နိယာမများ ဆုံးရှုံးသွားလျှင် သူတို့သည် ဆက်လက် တည်ရှိမည်မဟုတ်ပေ။ အကယ်၍ အရာအားလုံး၏ နိယာမများသည် ဆုံးရှုံးသွားလျှင် အရာအားလုံးထဲတွင် ရှိသည့် သက်ရှိသတ္တဝါတို့သည် ရှေ့ဆက်နိုင်မည် မဟုတ်တော့ပေ။ လူသားများသည်လည်း သူတို့ရှင်သန် ရပ်တည်နိုင်ရန် မှီခိုနေရသည့် ရှင်သန်ရပ်တည်ရေး ပတ်ဝန်းကျင် ပျောက်ဆုံးသွားမည်ဖြစ်သည်။ လူသားတို့သည် ဤအရာများအားလုံးပျောက်ဆုံးသွားလျှင် သူတို့ ဆက်လက်ရှင်သန်ပြီး မျိုးဆက်များ တစ်ဆက်ပြီး တစ်ဆက် ပွားများနိုင်မည်မဟုတ်ပေ။ ယခုအချိန်ထိ လူသားတို့ ရှင်သန်ရပ်တည်နေနိုင်သည့် အကြောင်းက ဘုရားသခင်သည် အရာအားလုံးကို လူသားများကို ပြုစုစောင့်ရှောက်ရန်၊ လူသားတို့ကို ကွဲပြားသည့် နည်းလမ်းများနှင့် ပြုစုစောင့်ရှောက်ရန် ထောက်ပံ့ထားခြင်း ကြောင့် ဖြစ်သည်။ လူသားတို့ ယခုအချိန်ထိ ရှင်သန်ရပ်တည်နေနိုင်ခြင်း၊ လက်ရှိနေ့ရက်အထိ ရှင်သန်ရပ်တည်နေနိုင်ခြင်းက ဘုရားသခင်သည် လူသားတို့ကို မတူညီသည့် နည်းလမ်းများနှင့် ပြုစုစောင့်ရှောက်ထားသည့်အတွက်ကြောင့်သာဖြစ်သည်။ အကျိုးရှိပြီး အစီအစဉ်တကျဖြစ်သည့် သတ်မှတ်ထားပြီးဖြစ်သော ရှင်သန်ရပ်တည်နိုင်သည့် ထိုသို့သော ပတ်ဝန်းကျင် အမျိုးအစားနှင့်ဆိုလျှင် ကမ္ဘာမြေကြီးပေါ်တွင်ရှိသည့် လူအမျိုးအစားအားလုံး၊ လူမျိုးစုအားလုံးသည် သူတို့၏ ခွဲခန့်မှတ်သားထားသည့် ကိုယ်ပိုင်နယ်မြေအတွင်းတွင် ရှင်သန်နိုင်မည်ဖြစ်သည်။ ဤနယ်မြေ သို့မဟုတ် နယ်နိမိတ်စည်းများကို မည်သူမျှ ကျော်မသွားနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဤအရာများကို သေချာချမှတ်ထားသူမှာ ဘုရားသခင်ဖြစ်၍ ဖြစ်သည်။ ဘုရားသခင်သည် ၎င်းတို့ကို ဤနည်းလမ်းနှင့် အဘယ်ကြောင့် ချမှတ်ထားသနည်း။ ဤအရာသည် လူသားအားလုံးအတွက် အကယ်ပင် အရေးကြီးသည်။ အကယ်ပင် အရေးကြီးသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၉)

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။