ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၂၃၁

02.10.2020

ယနေ့၏မိန့်မြွက်ချက်များ အားလုံးမှာ အနာဂတ်အခြေအနေများကို ပရောဖက်ပြုခြင်းဖြစ်ပြီး၊ ၎င်းတို့မှာ ဘုရားသခင်အနေဖြင့် သူ့အမှု၏ နောက်တစ်ဆင့်အတွက် စီမံနေခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ ဘုရားသခင်သည် အသင်းတော်၏ လူများထဲတွင် သူ၏အမှုကို အားလုံးနီးပါး အဆုံးသတ်ခဲ့ပြီးသည့်နောက်တွင် လူအားလုံးအရှေ့တွင် ပေါ်ထွန်းလာရန် ကြီးသောအမျက်ကို သူအသုံးချမည်ဖြစ်သည်။ “ငါ၏လုပ်ရပ်များကို ကမ္ဘာမြေကြီးပေါ်မှ လူများဝန်ခံစေရန် ငါပြုမည်ဖြစ်၍ ‘တရားစီရင်ခြင်းပလ္လင်’ ရှေ့တွင် ငါ၏လုပ်ဆောင်ချက်များကို သက်သေပြမည်ဖြစ်သောကြောင့် ၎င်းတို့ကို ကမ္ဘာမြေတစ်ဝှမ်းရှိ လူများအကြားတွင် အသိအမှတ်ပြုခြင်းခံရမည်ဖြစ်သည်၊ ထိုလူများမှာ မကျေမနပ် အလျှော့ပေးကြရမည်” ဟု ဘုရားသခင် ဆိုသကဲ့သို့ပင် ဖြစ်သည်။ ဤနှုတ်ကပတ်တော်များထဲတွင် တစ်စုံတစ်ရာကို သင်တို့မြင်ကြသလော။ ဤအထဲ၌ ဘုရားသခင်၏ နောက်လာမည့်အမှုဆိုင်ရာ အကျဉ်းချုပ်ရှိသည်။ ပထမဦးစွာ ဘုရားသခင်သည် နိုင်ငံရေးအာဏာကို ကိုင်စွဲထားသော အစောင့်ခွေးများအားလုံးကို စိတ်ရောကိုယ်ပါ လက်ခံယုံကြည်ကြစေရန်နှင့် ဂုဏ်ဒြပ်၊ သို့မဟုတ် အကြံအစည်နှင့် လျှို့ဝှက်ကြံစည်မှုအတွက် နောက်ထပ်မည်သည့်အခါမျှ ယှဉ်ပြိုင် တိုက်ခိုက်ခြင်း မရှိကြစေရန်၊ သမိုင်းဇာတ်စင်မှ နောက်ဆုတ်သွားကြစေရန် ပြုမည်ဖြစ်သည်။ ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ်တွင် အမျိုးမျိုးသော ဘေးဒုက္ခများကို ဖြစ်ပွားစေခြင်းအားဖြင့် ဤအမှုကို လုပ်ဆောင်မည်ဖြစ်သည်။ သို့သော်လည်း ဘုရားသခင်သည် ပေါ်ထွန်းလာမည်မဟုတ်ပေ၊ ဤအချိန်တွင် အဆင်းနီသောနဂါးကြီး၏ တိုင်းနိုင်ငံသည် ညစ်ညူးသောပြည်တစ်ပြည် ဖြစ်နေဦးမည်ဖြစ်၍ ဘုရားသခင်သည် ပေါ်ထွန်းလာမည်မဟုတ်သော်လည်း ပြစ်တင်ဆုံးမခြင်းအားဖြင့် ထွက်ပေါ်လာရုံမျှသာဖြစ်မည်။ ယင်းမှာ ဘုရားသခင်၏ ဖြောင့်မတ်သောစိတ်သဘောထားဖြစ်၍ ထိုအရာမှ မည်သူမျှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ ဤအချိန်အတောအတွင်း အဆင်းနီသော နဂါကြီး၏ တိုင်းနိုင်ငံတွင် မှီတင်းနေထိုင်သူမှန်သမျှတို့သည် ကပ်ဘေးကို ခံစားကြရလိမ့်မည်ဖြစ်ပြီး ယင်းထဲတွင် ကမ္ဘာမြေကြီးပေါ်မှ နိုင်ငံတော် (အသင်းတော်) လည်း အလိုလိုပါဝင်မည်ဖြစ်သည်။ ဤအချိန်မှာ အမှန်တရားများ ပေါ်ထွက်လာသောအချိန်ပင်ဖြစ်၍ ၎င်းကို လူအပေါင်းက တွေ့ကြုံခံစားကြရမည်ဖြစ်ပြီး မည်သူမျှ လွတ်မြောက်နိုင်ကြမည် မဟုတ်ပေ။ ဘုရားသခင်သည် ဤအရာကို ကြိုတင်ခွဲခန့်မှတ်သားထားပြီးဖြစ်သည်။ အမှု၏ဤအဆင့်ကြောင့်သာ ဘုရားသခင်က “ကြီးမားသော အကြံအစည်များကို လုပ်ဆောင်ရန် ယခုအချိန်ရောက်ပြီ” ဟု ဆိုခြင်းပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အနာဂတ်တွင် ကမ္ဘာမြေကြီးပေါ်၌ အသင်းတော်ရှိတော့မည်မဟုတ်ဘဲ၊ ကြီးမားသောကပ်ဘေး ပေါ်ထွန်းခြင်းကြောင့် လူတို့သည် သူတို့ရှေ့၌ရှိသောအရာ အကြောင်းကိုသာ တွေးတောနိုင်စွမ်းရှိကြမည်ဖြစ်ပြီး အခြားအားလုံးကို လျစ်လျူရှုကြမည် ဖြစ်သည်၊ ထို့ပြင် ကြီးမားသောကပ်ဘေးအလယ်တွင် ဘုရားသခင်ကို ၎င်းတို့မွေ့လျော်ရန် ခက်ခဲမည်ဖြစ်သဖြင့် ဝမ်းမြောက်ဖွယ်ကောင်းသော ဤအချိန်အတောအတွင်း ၎င်းတို့၏စိတ်နှလုံးအကြွင်းမဲ့ဖြင့် ဘုရားသခင်ကို ချစ်ကြရန် လူတို့အား တောင်းဆိုနေခြင်း ဖြစ်သည်၊ ထိုသို့အားဖြင့် ၎င်းတို့သည် အခွင့်အရေးကို မဆုံးရှုံးကြစေရန်ဖြစ်သည်။ ဤအမှန်တရား ဖြစ်ပျက်သည့်အခါ ဘုရားသခင်သည် အဆင်းနီသောနဂါးကြီးကို လုံးလုံးလျားလျား အနိုင်ယူပြီးဖြစ်သောကြောင့် ဘုရားသခင့်လူတို့၏ သက်သေခံခြင်းအမှုသည် အဆုံးသို့ ရောက်လာကြပြီးဖြစ်လိမ့်မည်၊ ယင်းနောက်တွင် ဘုရားသခင်သည် အမှု၏နောက်ထပ်တစ်ဆင့်ကို စတင်မည် ဖြစ်၍ အဆင်းနီသောနဂါးကြီး၏နိုင်ငံကို ပြိုပျက်စေကာ နောက်ဆုံးတွင် စကြဝဠာအနှံ့အပြား၌ ရှိကြကုန်သော လူတို့ကို လက်ဝါးကပ်တိုင်ပေါ်တွင် ဇောက်ထိုးအနေအထားနှင့် သံဖြင့်ရိုက်ထားမည်ဖြစ်သည်၊ ထို့နောက် သူသည် လူသားမျိုးနွယ်အားလုံးကို အမြစ်ဖြတ်သုတ်သင်လေမည်၊ ဤသည်တို့မှာ ဘုရားသခင့်အမှု၏ အနာဂတ်အဆင့်များပင်ဖြစ်သည်။ ထို့ကြောင့် သင်တို့သည် ငြိမ်သက်သော ဤပတ်ဝန်းကျင်တွင် ဘုရားသခင်ကို ချစ်ဖို့အတွက် အစွမ်းကုန်ကြိုးစားသင့်သည်။ အနာဂတ်တွင် သင်တို့သည် ဘုရားသခင်ကိုချစ်ရန် နောက်ထပ်အခွင့်အရေးများ ရတော့မည်မဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် လူတို့သည် ဇာတိပကတိ၌သာ ဘုရားသခင်ကို ချစ်ရန် အခွင့်အရေးရှိခြင်းကြောင့် ဖြစ်သည်၊ ၎င်းတို့သည် အခြားသော ကမ္ဘာတွင် နေထိုင်သည့်အခါ ဘုရားသခင်အား ချစ်ခြင်းအကြောင်းကို မည်သူမျှ ပြောလိမ့်မည်မဟုတ်ပေ။ ဤသည်မှာ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ပင် ဖြစ်သည်မဟုတ်လော။ ထို့ကြောင့် သင်တို့၏ အသက်တာ နေ့ရက်များ၌ ဘုရားသခင်ကို သင်တို့အနေဖြင့် မည်ကဲ့သို့ချစ်သင့်သနည်း။ ဤအရာကို သင်တွေးဖူးသလော။ ဘုရားသခင်ကိုချစ်ရန် သင်သေဆုံး ပြီးသည့်အချိန်အထိ သင်စောင့်နေသလော။ ဤသည်မှာ အဓိပ္ပာယ်မရှိသော စကားဖြစ်သည် မဟုတ်လော။ ယနေ့ သင်သည် ဘုရားသခင်အား ချစ်ခြင်းအရာကို အဘယ်ကြောင့် လေ့လာလိုက်စားခြင်း မရှိသနည်း။ အလုပ်များစဉ် ဘုရားသခင်ကို ချစ်ခြင်းမှာ ဘုရားသခင်အတွက် စစ်မှန်သောချစ်ခြင်း ဖြစ်နိုင်သလော။ ဘုရားသခင့်အမှု၏ ဤအဆင့်သည် မကြာမီ အဆုံးသို့ ရောက်လိမ့်မည်ဟု ဆိုထားရသည့်အကြောင်းမှာ ဘုရားသခင်သည် စာတန်ရှေ့တွင် သက်သေခံချက် ရှိနှင့်ပြီဖြစ်သောကြောင့် ဖြစ်သည်၊ ထို့ကြောင့် လူသားအနေဖြင့် တစ်စုံတစ်ရာကို ပြုရန်မလိုအပ်ဘဲ သူအသက်ရှင်သော နှစ်များအတွင်း ဘုရားသခင်ကို ဆက်လက်၍ချစ်ရန် လူသားကို တောင်းဆိုရုံမျှသာဖြစ်သည်၊ ဤအရာမှာ အဓိကျသောအရာ ဖြစ်သည်။ ဘုရားသခင်၏ သတ်မှတ်ချက်များမှာ ကြီးမားခြင်းမရှိသည့်အပြင် သူ၏စိတ်နှလုံးထဲတွင် တောက်လောင်လျက်ရှိသော စိုးရိမ်သောကတစ်ခု ရှိနေသောကြောင့် အမှု၏ဤအဆင့် မပြီးဆုံးမီ အမှု၏နောက်တစ်ဆင့် နှင့်ဆိုင်သော အကျဉ်းကို သူဖော်ပြခဲ့ခြင်း ဖြစ်သည်၊ ယင်းမှာ အချိန်မည်မျှရှိကြောင်းကို ရှင်းလင်းစွာ ပြသသည်၊ အကယ်၍ ဘုရားသခင်သည် သူ၏စိတ်နှလုံးထဲ၌ စိုးရိမ်သောကမရှိပါက ဤနှုတ်ကပတ်တော်များကို အလွန်စောစီးစွာ သူပြောလိမ့်မည်လော။ အချိန်တိုတောင်းသောကြောင့် ဘုရားသခင်သည် ဤနည်းဖြင့် အမှုပြုခြင်းဖြစ်သည်။ သင်တို့သည် သင်တို့၏အသက်ကို မြတ်နိုးသကဲ့သို့ ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှနှင့် ကိုယ်စွမ်းရှိသမျှဖြင့် ချစ်ကြမည်ဟု မျှော်လင့်သည်။ ဤသည်မှာ အဆုံးစွန် အဓိပ္ပာယ်ရှိသော ဘဝတစ်ခုပင် ဖြစ်သည်မဟုတ်လော။ ဘဝ၏အဓိပ္ပာယ်ကို အခြား မည်သည့်နေရာတွင် သင်တို့ရှာဖွေနိုင်မည်နည်း။ သင်သည် အလွန်မျက်စိကန်းခြင်းပင် ဖြစ်လိမ့်မည်မဟုတ်လော။ သင်သည် ဘုရားသခင်ကိုချစ်ရန် လိုလိုလားလားရှိသလော။ ဘုရားသခင်သည် လူသား၏ ချစ်ခြင်းမေတ္တာနှင့် ထိုက်တန်သလော။ လူတို့သည် လူသား၏ ကြင်နာမြတ်နိုးခြင်းနှင့် ထိုက်တန်သလော။ ထို့ကြောင့် အဘယ်အရာကို သင်ပြုသင့်သနည်း။ သံသယများမရှိဘဲ ဘုရားသခင်ကို ရဲဝံ့စွာ ချစ်လော့၊ ထိုအခါ ဘုရားသခင်သည် သင့်အား အဘယ်အရာပြုလိမ့်မည်ကို ကြည့်လော့။ သူသည် သင့်ကို သတ်ဖြတ်မည်၊ မသတ်ဖြတ်မည်ကို ကြည့်လော့။ အချုပ်အားဖြင့် ဘုရားသခင်ကို ချစ်သောအလုပ်သည် ဘုရားသခင်အတွက် အကြောင်းအရာများကို မိတ္တူကူး၍ ရေးချခြင်းထက် ပို၍အရေးကြီးသည်။ သင်၏ဘဝသည် ပို၍တန်ဖိုးရှိပြီး ပျော်ရွှင်မှုဖြင့်ပြည့်နိုင်ရန်အတွက် သင့်အနေဖြင့် အရေးကြီးဆုံးသောအရာကို ပထမနေရာတွင် ထားသင့်သည်၊ ထို့နောက် သင့်အတွက် ဘုရားသခင်၏ “စီရင်ချက်” ကို သင်စောင့်ဆိုင်းသင့်သည်။ သင်၏အကြံအစည်ထဲတွင် ဘုရားသခင်ကို ချစ်ခြင်းအရာ ပါဝင်မည်လောဟု ငါသိချင်မိသည်၊ အယောက်တိုင်း၏ အကြံအစည်များမှာ ဘုရားသခင်၏ ပြည့်စုံစေခြင်းကိုခံရပြီး လက်တွေ့အရှိတရားဖြစ်လာသော အကြံအစည်များ ဖြစ်လာကြရန် ငါလိုလားပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နက်နဲမှုများ၏ အနက်ဖွင့်ဆိုချက်များ၊ အခန်း (၄၂)

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။