ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၂၁၇

24.06.2020

လောက၌ ငါလုပ်ဆောင်သည့် အလုပ်၏ ရည်ရွယ်ချက်သည် မည်သည့်အရာဖြစ်ကြောင်းကို လူသားများအားလုံး သိဖို့လိုသည်။ ငါ၏ အဆုံးသတ် ရည်ရွယ်ချက်နှင့် ထိုရည်ရွယ်ချက်အတိုင်း ပြီးဆုံးအောင် မလုပ်နိုင်သေးချိန်၌ မည်သည့် အတိုင်းအတာအထိ အောင်မြင်အောင် လုပ်ဆောင်ဖို့ လိုကြောင်းကိုလည်း လူသားအားလုံး သိဖို့လိုသည်။ လူတို့သည် အသက်တာ၌ ငါနှင့်အတူ ယနေ့တိုင် လျှောက်လှမ်းလျက် နေကြသော်လည်း ငါလုပ်ဆောင်သည့် အလုပ်၏ အဓိက ရည်ရွယ်ချက်ကို နားမလည်လျှင် အသက်တာ၌ ငါနှင့်အတူ လျှောက်လှမ်းခြင်းသည် အလဟဿ ဖြစ်သည် မဟုတ်လော။ ငါ့နောက်သို့ လိုက်သောသူများသည် ငါ့အလိုကို သိသင့်သည်။ ငါသည် လောက၌ အလုပ်လုပ်လျက် ရှိသည်မှာ နှစ်ပေါင်းထောင်ချီ ရှိပြီဖြစ်သည်။ ယနေ့ထက်ထိတိုင်အောင် ငါသည် ဤနည်းလမ်းအတိုင်း ငါ၏အလုပ်ကို ဆက်လက် လုပ်ဆောင်နေသေးသည်။ ငါ့အလုပ်ထဲတွင် ပါဝင်သည့်အရာများမှာ အထူးတလည် များပြားလှသော်လည်း ငါ့အလုပ်၏ ရည်ရွယ်ချက်သည် ယနေ့တိုင် မပြောင်းလဲသေးပါ။ ဥပမာ- ငါသည် လူသားကို တရားစီရင်လိုစိတ်၊ ပြစ်တင်ဆုံးမလိုစိတ်တို့နှင့် ပြည့်နေသော်လည်း လူသားကို စုံလင်စေပြီးသောအခါ၌ ငါသည် သူ့ကို ကယ်တင်ဖို့၊ ငါ၏ သတင်းကောင်းကို ပိုမိုဖြန့်ဝေနိုင်ဖို့နှင့် ငါ၏ လုပ်ငန်းကို တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအားလုံး အကြား၌ ချဲ့ထွင်ဖို့အတွက် ထိုသို့ လုပ်ဆောင်လိုခြင်း ဖြစ်သည်။ ထို့ကြောင့် လူတော်တော်များများက သူတို့၏ မျှော်လင့်ချက်များ၌ ကြီးစွာ စိတ်ပျက်လျက်ရှိသည်မှာ အချိန်အတန်ကြာပြီဖြစ်သည့် ယနေ့ခေတ်အချိန်၌ ငါသည် ငါ၏အလုပ်ကို ဆက်လက် လုပ်ဆောင်လျက်ရှိသည်။ လူသားကို တရားစီရင်ရန်နှင့် ပြစ်တင်ဆုံးမရန်အတွက် လုပ်ရမည့်အလုပ်ကို ငါသည် ဆက်လုပ်လျက်ရှိသည်။ လူသားသည် ငါပြောသည့် စကားကို ငြီးငွေ့နေပြီဖြစ်သော်လည်း၊ ငါ၏အလုပ်၌ ကိုယ်တိုင် ပါဝင်ပတ်သက်လိုစိတ် လုံးဝမရှိသော်လည်း ငါသည် ငါ၏ တာဝန်ကို ဆက်လက် လုပ်ဆောင်လျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ငါလုပ်ဆောင်သည့် အလုပ်၏ ရည်ရွယ်ချက် မပြောင်းလဲသည့်အပြင် ငါ၏ မူလ အစီအစဉ်သည်လည်း ပျက်စီးမည် မဟုတ်သောကြောင့် ဖြစ်သည်။ ငါ၏ တရားစီရင်ခြင်းသည် လူသားကို ပိုမို နာခံနိုင်စေဖို့အတွက်ဖြစ်ပြီး ငါ၏ ပြစ်တင်ဆုံးမမှုသည် လူကို ထိထိရောက်ရောက်ပြုပြင်ခြင်း ခံနိုင်စေဖို့ ဖြစ်သည်။ ငါလုပ်ဆောင်သည့်အရာမှာ ငါ၏ စီမံခန့်ခွဲမှု အစီအစဉ်အတွက်ဖြစ်သော်လည်း လူသားအတွက် အကျိုးမရှိသည့် အရာတစ်ခုကိုမျှ မလုပ်ဖူးပါ။ အကြောင်းမှာ ငါသည် ဣသရေလနိုင်ငံ၏ ပြင်ပမှ တိုင်းနိုင်ငံ အားလုံးကို ဣသရေလလူမျိုးများကဲ့သို့ပင် နာခံတတ်သူများ ဖြစ်စေလိုသောကြောင့်၊ လူသားစစ်စစ်များ ဖြစ်စေလိုသောကြောင့် ဖြစ်သည်၊ ဣသရေလနိုင်ငံ၏ ပြင်ပ၌ရှိသော နေရာများ၌ ငါခြေကုပ်ယူနိုင်စေဖို့ ဖြစ်သည်။ ယင်းသည် ငါ၏စီမံခန့်ခွဲမှု အစီအစဉ်ဖြစ်သည်၊ ထိုသို့ လုပ်ဆောင်ခြင်းသည် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြား၌ အောင်မြင်အောင် လုပ်ဆောင်နေသော ငါ၏ အလုပ်ဖြစ်သည်။ ယခု ထက်ထိတိုင် လူတော်တော်များများက ငါ၏ စီမံခန့်ခွဲမှုအစီအစဉ်ကို နားမလည်ကြသေးပေ။ ငါလုပ်ဆောင်နေသော အရာများကို စိတ်မဝင်စားသောကြောင့်၊ သူတို့၏ အနာဂါတ်နှင့် သူတို့၏ ပန်းတိုင်များကိုသာ စိတ်ဝင်စားကြသောကြောင့် ဖြစ်သည်။ ငါအဘယ်အရာပြောပြော သူတို့သည် ငါလုပ်သည့် အလုပ်ကို စိတ်ဝင်စားခြင်း မရှိပေ။ သူတို့၏ အနာဂါတ် ပန်းတိုင်များကိုသာ အာရုံစိုက်နေကြသည်။ ဤသို့ဆက်ဖြစ်နေမည်ဆိုပါက ငါ၏အလုပ်ကို မည်သို့ ချဲ့ထွင်နိုင်မည်နည်း။ ကမ္ဘာအနှံ့ ငါ၏ သတင်းကောင်း မည်သို့ ပျံ့နှံ့နိုင်မည်နည်း။ ငါ၏အလုပ်ကို ချဲ့သောအခါ၌ ငါသည် သင်တို့ကို အရပ်ရပ်သို့ ကွဲပြားစေမည်၊ ဣသရေလလူမျိုးထဲမှ မျိုးနွယ်စုတိုင်းကို ယေဟောဝါက ရိုက်သကဲ့သို့ ငါသည် သင်တို့ကို ရိုက်မည်ဖြစ်ကြောင်းကို သင်တို့ သိသင့်သည်။ ကမ္ဘာတစ်လျှောက်လုံး၌ ငါ၏ သတင်းကောင်း ပျံ့နှံ့စေဖို့အတွက်၊ ငါ၏အလုပ်ကို တစ်ပါးအမျိုးသား တိုင်းနိုင်ငံများ အကြား၌ ချဲ့ထွင်ဖို့အတွက် ဤအရာများအားလုံးကို ငါလုပ်ဆောင်မည်။ ကလေး၊ လူကြီးများ အားလုံးအကြား၌ ငါ၏အမည် ထင်ရှားစေဖို့၊ ရှိရှိသမျှ လူမျိုးနွယ်စုများနှင့် တိုင်းနိုင်ငံများအားလုံးမှ လူများ၏ နှုတ်က မြင့်မြတ်သန့်ရှင်းသော ငါ၏အမည်ကို ချီးမြှောက်ကြစေဖို့ဖြစ်သည်။ နောက်ဆုံးသောကာလဖြစ်သည့် ဤကာလ၌ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြား၌ ငါ၏အမည်ကို လူအများ ချီးမွမ်းစေမည်၊ ငါလုပ်ဆောင်သည့် အရာများကိုလည်း တစ်ပါးအမျိုးသားများ မြင်စေမည်ဖြစ်သည်။ ငါလုပ်ဆောင်သည့် အရာများကြောင့် သူတို့က ငါ့ကို အနန္တတန်ခိုးရှင်ဟု ခေါ်စေရန်၊ ငါပြောခဲ့သည့် စကားများအတိုင်း အမှန်တကယ် ဖြစ်လာစေရန် ထိုသို့ ငါလုပ်ဆောင်မည် ဖြစ်သည်။ ငါသည် ဣသရေလလူမျိုးများ၏ ဘုရားသခင်သာ မဟုတ်ကြောင်း၊ တစ်ပါး အမျိုးသားတို့ တိုင်းနိုင်ငံများအားလုံး၏ ဘုရားသခင်၊ တစ်ချိန်က ငါကျိန်ခဲ့သည့် လူမျိုးများ၏ ဘုရားသခင်လည်း ဖြစ်ကြောင်းကို လူများအားလုံး သိစေမည်။ ငါသည် အရာအားလုံးကို ဖန်ဆင်းသည့် ဘုရားသခင်ဖြစ်ကြောင်းကို လူများအားလုံး မြင်စေမည်။ ထိုသို့လုပ်ဆောင်ခြင်းသည် ငါ၏အကြီးမြတ်ဆုံး အလုပ်ဖြစ်သည်။ နောက်ဆုံးသောကာလအတွက် ထားရှိသော ငါ၏ ရည်ရွယ်ချက်လည်း ဖြစ်သည်။ နောက်ဆုံးသော ကာလ၌ ပြီးမြောက်အောင် လုပ်ဆောင်ရမည့် တစ်ခုတည်းသော အလုပ်လည်း ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဧဝံဂေလိတရားကို ဖြန့်ဝေသည့် အလုပ်သည် လူသားကို ကယ်တင်သည့် အလုပ်လည်းဖြစ်သည်

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။