Myanmar Christian Testimony - အပိုင်း ၅၈၉ ပြုပြင်ခံရခြင်းမှ ရရှိသော အသိအမြင်များ
03.06.2026
သူသည် ရေလောင်းခြင်းအလုပ်ကို ကြီးကြပ်ပါတယ်။ ညီအစ်ကိုမောင်နှမတချို့က သူ့အလုပ်ထဲက လမ်းလွဲမှုတွေနဲ့ ပြဿနာတချို့ကို ခေါင်းဆောင်ဆီ တင်ပြခဲ့ကြတယ်။ ညီအစ်ကိုတစ်ယောက်ကလည်း လူတိုင်းရှေ့မှာ သူ့ကို အကြံပြုချက်တွေ ပေးခဲ့တာကြောင့် လူအများကြီးရှေ့မှာ သူ့ကို သိက္ခာကျစေတယ်လို့ သူခံစားခဲ့ရပြီး ပြန်လည်ငြင်းခုံတဲ့အပြင် သူ မှန်ကန်ကြောင်းရှင်းချက်ထုတ်ဖို့ ကြိုးစားခဲ့တယ်။ အဲဒီနောက် ညီအစ်ကိုက သူ့ကို ပြုပြင်ပြီး ဖော်ထုတ်ခဲ့တာကြောင့် သူက ညီအစ်ကို့အပေါ် အမြင်စောင်းပြီး မကျေမနပ်ဖြစ်လာလို့ လက်တုံ့ပြန်ချင်ခဲ့တယ်။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရှုခြင်းအားဖြင့် သူများတွေရဲ့ အကြံပြုချက်တွေကို လက်မခံဘဲ ငြင်းပယ်တာက သမ္မာတရားကို အင်မတန် မနှစ်မြို့တဲ့ သူ့ရဲ့ စိတ်သဘောထားကြောင့် ဖြစ်တယ်ဆိုတာကို သူ သဘောပေါက်ခဲ့တယ်။ သူထုတ်ဖော်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စိတ်သဘောထားနဲ့ပတ်သက်လို့ သိနားလည်မှုတချို့ ရရှိခဲ့ပြီး ဘုရားနှုတ်ကပတ်တော်တွေထဲမှာ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခုကို ရှာတွေ့ခဲ့ပါတယ်။ ဒီဗီဒီယိုကို ကြည့်ရှုပေးပါ။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ