Christian Song - လူ့အသက်တာသည် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် အပြည့်အဝရှိ

27.06.2025

လူတစ်ယောက်က ကံကြမ္မာကိုသာ ယုံကြည်ပြီး ယင်းကို လေးလေးနက်နက်ပင် ခံစားသော်လည်း ဤနည်းဖြင့် လူသားမျိုးနွယ်၏ ကံကြမ္မာအပေါ်ရှိ ဖန်ဆင်းရှင်၏ အချုပ်အခြာ အာဏာကိုင်စွဲကို သိနိုင်ဖို့နှင့် အသိအမှတ်ပြုနိုင်ဖို့ရန်၊ ယင်းကို ကျိုးနွံနာခံဖို့နှင့် လက်ခံဖို့ရန် ဖြစ်မလာနိုင်ဟု ဆိုပါစို့။ ထိုအခြေအနေတွင် ၎င်း၏ အသက်တာသည် အဖြစ်ဆိုးတစ်ခု ဖြစ်လိမ့်မည်။ မည်သို့ပင်ဆိုစေ ၎င်း၏ အသက်တာသည် အချည်းနှီးရှင်သန်ခဲ့ရလိမ့်မည် ဖြစ်သည်၊ ယင်းသည် ဗလာတစ်ခု ဖြစ်ပြီးဖြစ်လိမ့်မည်။ ၎င်းသည် ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်တွင် အရှုံးပေးအပ်နှံဖို့ရန်၊ မှန်ကန်သော အဓိပ္ပါယ်ဖြင့် ဖန်ဆင်းခံ လူသားတစ်ဦး ဖြစ်လာဖို့၊ ဖန်ဆင်းရှင်၏ လက်ခံအတည်ပြုမှုကို ထိုက်ထိုက်တန်တန် ရရှိရန် တတ်နိုင်လိမ့်ဦးမည် မဟုတ်ပေ။ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို အမှန်တကယ်သိပြီး ကြုံတွေ့ရသည့် လူတစ်ယောက် သည် အပျက်သဘောဆောင်ခြင်း သို့မဟုတ် ကျိတ်မှိတ်လက်ခံထားခြင်း အခြေအနေ မဟုတ်ဘဲ အပြုသဘောဆောင်သည့် အခြေအနေတွင် ရှိသင့်၏။ ၎င်းက အရာအားလုံးသည် ကံစီမံရာ ဖြစ်သည်ကို လက်ခံစဉ်တွင် လူ၏ အသက်သည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအောက်တွင် လုံးလုံး ရှိသည်ဟူသည့် အသက်တာနှင့် ကံကြမ္မာတို့၏ တိကျမှန်ကန်သော အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ၎င်း၏ စိတ်နှလုံး၌ ပိုင်ဆိုင်လိမ့်မည်။

၎င်းလျှောက်ခဲ့သည့်လမ်းကို ပြန်ကြည့်သည့်အခါ၊ ၎င်းဘဝခရီး၏ အဆင့်တိုင်းကို ပြန်လည်သတိရသည့်အခါ ၎င်း၏ ခရီးလမ်းသည် ခက်ခဲမောပန်းသည်ဖြစ်စေ၊ ချောမွေ့သည်ဖြစ်စေ၊ ခြေလှမ်းတိုင်းတွင် ဘုရားသခင်က ၎င်း၏လမ်းကို ဦးဆောင် လမ်းပြနေခဲ့ပြီး ပြင်ဆင်ထားသည်ကို မြင်ရပေသည်။ ၎င်းကို ယနေ့အထိ ၎င်းသတိမမူမိဘဲ ဦးဆောင်လမ်းညွှန်ပေးခဲ့သည်မှာ ဘုရားသခင်၏ စေ့စပ်သေချာသည့် စီစဉ်မှုအပြင် သူ၏ ဂရုတစိုက်စီစဉ်မှုဖြစ်၏။ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လက်ခံနိုင်ဖို့၊ သူ၏ ကယ်တင်ခြင်းကို လက်ခံရရှိနိုင်ဖို့ဟူသည်မှာ လူတစ်ဦး၏ အသက်တာတွင် အကြီးမားဆုံး ကောင်းချီးမင်္ဂလာဖြစ်ကြောင်း ၎င်းက နားလည်သဘောပေါက်လေသည်။ ၎င်း၏ ခရီးကို ပြန်ကြည့်သည့်အခါ ဘုရားသခင်၏ အချုပ်အခြာအာဏာကို အမှန်တကယ် တွေ့ကြုံလာသည့်အခါ ဘုရားသခင်စီစဉ်ပေးသည့် အရာရာတိုင်းကို ကျိုးနွံနာခံဖို့ သာ၍ စစ်မှန်စွာ ဆန္ဒရှိလာလိမ့်မည်ဖြစ်ပြီး ၎င်း၏ ကံကြမ္မာကို ဘုရားသခင်အား စီစဉ်ညွှန်ကြားခွင့်ပြုဖို့နှင့် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခြင်း မပြုတော့ဖို့ စိတ်ပိုင်းဖြတ်ချက်နှင့် ယုံကြည်မှု ပိုပြီးရှိလာလိမ့်မည်။

နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃) မှ

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။