Myanmar Gospel Song 2022 - လူသားမျိုးနွယ်သည် ဘုရား၏အသက်အထောက်အပံ့ကို လိုအပ်၏ကျူး

17.01.2022

လူ့စိတ်နှလုံးမှာ ဘုရားမရှိရင် သူ့အတွင်းကမ္ဘာ မှောင်မိုက်နေမယ်၊

မျှော်လင့်ချက်မရှိ၊ အချည်းနှီးသာ။

လူ့ဘောင်အဓွန့်ရှည်ဖို့ လူများစွာ ကြိုးစားနေပါစေ

ဘုရားလမ်းပြမှုမပါဘဲနဲ့ လူတို့ အနှစ်မဲ့နေတုန်းပဲ။

ဘယ်သူမှ လူ့အသက်မဖြစ်နိုင်

ဘယ်သီအိုရီ၊ သိပ္ပံပညာ၊ အသိပညာ၊ ဒီမိုကရေစီကမှ အပြည့်အဝ မဖြေသိမ့်ပေးနိုင်။

လူတို့ အပြစ်လုပ်ပြီး မတရားမှုတွေကို ညည်းညူနေကြဦးမှာ။

ဒါတွေက တောင့်တမှုနှင့် စူးစမ်းလိုစိတ်ကို မချုပ်ထိန်းဘူး။

အိုး လူသည် ကောင်းစွာစားရပြီး သာတူညီမျှလွတ်လပ်တဲ့ မျှတတဲ့ လူ့အဖွဲ့အစည်းတစ်ခု ထက်မကလိုတယ်။

ဘုရားရဲ့ကယ်တင်ခြင်းနဲ့ အသက်ထောက်ပံ့မှု

လူတို့ လိုအပ်တဲ့ အရာတွေဟာ ဒါတွေပဲ။

လူတို့ ဒီအရာတွေကို ဘုရားဆီက လက်ခံရရှိမှသာ

လိုအပ်ချက်တွေ ပြည့်စုံနိုင်မှာပါ၊

လူတို့စူးစမ်းလိုစိတ်နဲ့ ဝိညာဉ်ရေးအနှစ်မဲ့မှု၊

ဒီအရာတွေ ဖြေရှင်းနိုင်မှာပါ။

ဒါတွေအားလုံးဟာ ဘုရား လူကို ဖန်ဆင်းထားလို့ပဲ။

အသိတရားမဲ့တဲ့ စွန့်လွှတ်ခြင်းနဲ့ လူ့ရဲ့စူးစမ်းရှာဖွေမှုဟာ

ဆင်းရဲဒုက္ခနဲ့ အမြဲကြောက်ရွံ့ခြင်းကိုသာ ပေးတယ်။

အနာဂတ် ရှေ့ခရီးကို ဘယ်လို ရင်ဆိုင်ရမယ် မသိဘဲ

သိပ္ပံပညာ၊ အသိပညာနဲ့ အနှစ်မဲ့မှုကို ကြောက်ရွံ့လို့နေ။

ဘယ်မှာပဲ နေနေ၊ လွတ်လပ်တဲ့ နိုင်ငံဟုတ်ဟုတ် မဟုတ်ဟုတ်၊

ဘယ်သူမှ လူသားမျိုးနွယ်ရဲ့ ကံကြမ္မာကနေ မလွတ်မြောက်နိုင်။

အုပ်စိုးသူဖြစ်စေ၊ အုပ်စိုးခံသူဖြစ်စေ

ဘယ်သူမှ ပန်းတိုင်၊ လျှို့ဝှက်ဆန်းကြယ်မှု စူးစမ်းရှာဖွေလိုစိတ်ကို ရှောင်မလွှဲနိုင်

ဒီအနှစ်မဲ့မှုကနေလည်း ထွက်မပြေးနိုင်။

ဒီလူမှုရေးဖြစ်စဉ်တွေဟာ လူတွေအတွက် သာမန်ပေမဲ့

ဘယ်မဟာလူသားမှ ဒီပြဿနာတွေကို မဖြေရှင်းနိုင်။

လူဟာ လူပဲမို့ ဘုရားရဲ့နေရာနဲ့အသက်ကို ဘယ်သူမှ အစားမထိုးနိုင်။

လူမျိုး၊ တိုင်းနိုင်ငံတစ်ခုခုက သူ့ကယ်တင်ခြင်းကို မရရှိရင်

အမှောင်ထုဆီ သူတို့ နင်းလျှောက်ပြီး

သူတို့ကို ဘုရားသခင် ဖျက်ဆီးလိမ့်မယ်။

အိုး လူသည် ကောင်းစွာစားရပြီး သာတူညီမျှလွတ်လပ်တဲ့ မျှတတဲ့ လူ့အဖွဲ့အစည်းတစ်ခု ထက်မကလိုတယ်။

ဘုရားရဲ့ကယ်တင်ခြင်းနဲ့ အသက်ထောက်ပံ့မှု

လူတို့ လိုအပ်တဲ့ အရာတွေဟာ ဒါတွေပဲ။

လူတို့ ဒီအရာတွေကို ဘုရားဆီက လက်ခံရရှိမှသာ

လိုအပ်ချက်တွေ ပြည့်စုံနိုင်မှာပါ၊

လူတို့စူးစမ်းလိုစိတ်နဲ့ ဝိညာဉ်ရေးအနှစ်မဲ့မှု၊

ဒီအရာတွေ ဖြေရှင်းနိုင်မှာပါ။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။