Myanmar Gospel Movie Trailer - ကပ်ဘေးအချိန်ကာလအတွင်း သခင်နှင့်တွေ့ဆုံခြင်း အပိုင်း (၁)

လိချန်းအန်သည် ဘာသာတရားကိုင်းရှိုင်းသော ခရစ်ယာန်တစ်ဦးဖြစ်သည်။ သူက သခင်ယေရှုသည် ကြီးမားသော ကပ်ဘေးများပြီးနောက်တွင် မိုးတိမ်စီး၍ ကြွလာပြီး ယုံကြည်သူများကို ကောင်းကင်နိုင်ငံတော်သို့ ချီဆောင်မည်ဟု အစဉ် ခိုင်မြဲစွာ ယုံကြည်ခဲ့သည်။ သခင်ယေရှုသည် ပြန်ကြွလာနှင့်ပြီဟု လူတို့က သက်သေခံသည်ကို သူကြားသည့်အခါ သူသည် ကြီးမားသော ကပ်ဘေးများက မရောက်သေးဟု ထင်သောကြောင့် လက်ခံဖို့ ခက်ခဲနေသည်။ သို့သော် ထို့နောက် မကြာခင်တွင် သူသည် ဗျာဒိတ်ကျမ်း၌ ပရောဖက်ပြုထားသည့် ကြီးမားသော ကပ်ဘေးများသည် အစပြုခဲ့သည်မှာ ကြာပြီဖြစ်သည်ကို စုံစမ်းစစ်ဆေးခြင်းမှတစ်ဆင့် ရှာဖွေတွေ့ရှိသည်။ ဤသို့ဆိုလျှင် အမှန်တကယ် ကြီးမားသော ကပ်ဘေးများက အတိအကျ မည်သည့်အရာ ဖြစ်သနည်း။ သခင်ယေရှုသည် ကပ်ဘေးများမတိုင်မီတွင် တိတ်တဆိတ်ကြွလာမည်လော၊ သို့မဟုတ် ကပ်ဘေးများပြီးနောက်တွင် မိုးတိမ်စီးပြီး ပွင့်လင်းစွာ ပေါ်ထွန်းမည်လော။ ကြီးမားသော ကပ်ဘေးအချိန်ကာလအတွင်းတွင် မည်သူက သခင့်ကို ကြိုဆိုနိုင်သနည်း။

“ကပ်ဘေးအချိန်ကာလအတွင်း သခင့်ကို တွေ့ဆုံခြင်း” ဟူသည့် ရုပ်ရှင်ဇာတ်ကားကြီး ထုတ်လွှင့်မှုကို သင်စောင့်မျှော်လိမ့်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။