Christian Dance (နိုင်ငံတော်ရှိ အသက်တာအသစ်)

02.10.2024

ဘုရားသခင်သည် သမ္မာတရားကို ဖော်ပြ၍ ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ပြီး ကျွန်ုပ်တို့ ဘဝသစ်ရ။

ဘုရားနှုတ်ကပတ်တော်ကို ကျွန်ုပ်တို့ စားသောက်၍ အလွန်ပင် ပျော်မွေ့ခံစားပြီး

အလုံးစုံ အလျှံပယ်ရှိသည့် စားတော်ပွဲကို ကျွန်ုပ်တို့တက်ရောက်။

လူသစ်၊ လမ်းကြောင်းသစ်၊ ဖြစ်ရပ်အသစ်များ၊ အမှုအရာအသစ်များနှင့် အသက်တာအသစ်။

သခင့်ကို ကြိုဆိုခဲ့ရခြင်းအတွက် ကျွန်ုပ် အလွန်ပင်ကံကောင်းလိုက်လေခြင်းပါတကား။

ဘုရား၏ အသံတော်ကို ကြားရသည်မှာ ကျွန်ုပ် အမှန်ဧကန် ကောင်းချီးခံစားရပြီး

လက်တွေ့ကျသော ဘုရားသခင်ကို ဖူးမြင်ရန် ကျွန်ုပ်လာခဲ့ပြီဖြစ်။

ကျွန်ုပ်စိတ်နှလုံးက ဝမ်းမြောက်မှုနှင့် ပြည့်လျှံပြီး ကျွန်ုပ်ပါးစပ်ကနေ သီချင်း စီးထွက်။

ကျွန်ုပ်ကို ဘုရားရှေ့မှောက် ချီဆောင်ခဲ့ပြီး ကျေးဇူးတင်စိတ်ဖြင့် ကျွန်ုပ်မျက်ရည်ကျခဲ့။

ဘုရားသခင်ကိုယ်တော်တိုင် ကျွန်ုပ်တို့ကို ရေလောင်းပေး၊ ပံ့ပိုးပေး၊ လမ်းညွှန်ပေးသောကြောင့်

နိုင်ငံတော်၏ အသက်တာအသစ်ထဲသို့ ကျွန်ုပ်တို့ ဝင်ရောက်။

ကျွန်ုပ်တို့သည် ပေတရုကို အတုယူ၊ ဘုရားကို ချစ်သည့်လမ်းကြောင်းကို လျှောက်လှမ်းပြီး

ကျွန်ုပ်တို့၏ အသက်တာများသည် ဝမ်းမြောက်မှုနှင့် ပြည့်နှက်။

ဘုရားသခင်၏ ရွေးချယ်ခံရသူများသည် အတူတကွ စုဝေးကြပြီး

သူ့နှုတ်ကပတ်တော်ကို မိသားစုတစ်စုအဖြစ် စားသောက်။

ကျွန်ုပ်တို့ အတားအဆီးများမရှိဘဲ တစ်ဦးပေါ်တစ်ဦး ချစ်မြတ်နိုးလိုက်လေခြင်း၊

ဘုရားသခင်၏ အိမ်တော်တွင် နေထိုင်ရခြင်းသည်​ ဧကန်အမှန် ဝမ်းမြောက်ဖွယ်ကောင်းလိုက်လေခြင်း။

ထိုတွင် ကျွန်ုပ်တို့သည် စကားပြောကြ၊ ရယ်မောကြ၊ သီဆိုကြ၊ ကခုန်ကြပြီး ဧကန်အမှန် လွတ်လပ်ကြလေသည်။

ဘုရားသခင်၏ မျက်မှောက်တော်တွင် နေထိုင်ရခြင်းသည် ဝမ်းမြောက်ဖွယ်ကောင်းလိုက်လေခြင်း။

စမ်းသပ်မှုများနှင့် ဆင်းရဲဒုက္ခများတစ်လျှောက် ကျွန်ုပ်တို့ အချင်းချင်း ကူညီပံ့ပိုးကာ

ဘုရားနှုတ်ကပတ်တော်များအားဖြင့် အတူတကွ ပေါင်းစည်းကြ။

တရားစီရင်ခံရ၍ ကယ်တင်ခံရသောကြောင့် ကျွန်ုပ်တို့စိတ်နှလုံးများ လှုံ့ဆော်ခံရပြီး စိတ်လှုပ်ရှား၊

အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကျွန်ုပ်တို့ကို ကယ်တင်၍ အသက်တာအသစ် ပေးအပ်ခဲ့ပြီးဖြစ်။

ဘုရားသခင်ကို ချီးမွမ်းရာတွင် သင်ကခုန်သောအခါ ကျွန်ုပ်သည် ဘေးတွင်ရပ်၍ လက်ခုပ်လိုက်တီးပေး။

ကျွန်ုပ်တို့သည် ကိုယ့်ဖောက်ပြန်ပျက်စီးမှုကို ဖယ်ရှား၍ ညှိညှိနှိုင်းနှိုင်း တာဝန်ထမ်းဆောင်သောကြောင့်

လူသားနှင့် ဘုရားသခင်တို့ အတူတူ ပျော်ရွှင်ကြလေသည်။

ကျွန်ုပ်တို့သည် သမ္မာတရားကို မိတ်သဟာယဖွဲ့ပြီး ကျွန်ုပ်တို့၏ အတွေ့အကြုံများအကြောင်း ပြောပြကာ

ဘုရားသခင်အတွက် သက်သေခံရာတွင် ပထမဆုံးဖြစ်ရန် ကြိုးပမ်းလျက်ရှိ။

သမ္မာတရားကို ရရှိရန် ဧကန်အမှန် ကောင်းချီးပေးခံရသော

လူသစ်များ၏ အသက်တာများသည် အလွန်ဝမ်းမြောက်ဖွယ်ကောင်းလိုက်လေခြင်း။

ဘုရားသခင်၏လူများသည် ဝမ်းမြောက်မှုကို အမှန်ဧကန် ခံစားရပြီး

ဘုရားကို ချီးမွမ်းရန် သူ၏ ပလ္လင်တော်နား ဝန်းရံ။

နိုင်ငံတော်၏ တောက်ပသော ရှေ့ရေးများသည် အကန့်အသတ်မရှိဘဲ

ပို၍ဝမ်းမြောက်ဖွယ်ကောင်းသော ဖြစ်စဉ်များ လာဦးမည်ဖြစ်သည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။