Myanmar Gospel နှုတ်ကပတ်တော် ဓမ္မသီချင်း (လူတို့၏ကံကြမ္မာကို ဂရုပြုကြလော့ ) | The Advice of God

10697 |24.12.2018

နှုတ်ကပတ်တော် ဓမ္မသီချင်း

လူတို့၏ကံကြမ္မာကို ဂရုပြုကြလော့

I

လူမျိုးအပေါင်း၊ တိုင်းနိုင်ငံအားလုံးနဲ့ အလွှာမျိုးစုံရှိ

လူအပေါင်းတို့အား ဘုရား နှိုးဆော်တိုက်တွန်း

ဘုရားအသံတော်ကို နားစွင့်၊ အမှုတော်ကို ကြည့်ရှု၊

လူတို့ကံကြမ္မာကို ဂရုပြုကြလော့

II

ဘုရားသခင်ကို အမြင့်မြတ်ဆုံးနဲ့ဂုဏ်တင်ထိုက်ဆုံး၊

အမြင့်ဆုံးနဲ့ တစ်ခုတည်းသောကိုးကွယ်ရာ ဖြစ်စေပါ

လူသားတစ်မျိုးလုံး ဘုရားရဲ့ကောင်းချီးအောက် နေခွင့်ပြု

အာဗြဟံရဲ့သားစဉ်မြေးဆက်တို့

ထာဝရဘုရားရဲ့ဂတိတော်၌ အသက်ရှင်ခဲ့ကြသကဲ့သို့

ဘုရားဖန်ဆင်းခဲ့သော အာဒံနဲ့ဧဝ ဧဒင်ဥယျာဉ်မှာ နေထိုင်ခဲ့ကြသလို

III

ဘုရားအမှုတော်ဟာ ပြင်းထန်စွာ တက်သော လှိုင်းလုံးများသဖွယ်

ဘယ်သူမှ ဘုရားသခင်ကို မထိန်းချုပ်နိုင်၊ ဘယ်သူမှ သူ့ခြေလှမ်းကို မရပ်တန့်နိုင်

ဘုရားစကားကို နားထောင်ပြီး သူ့ကို ရှာဖွေခြင်းဖြင့်သာ

သူ့ခြေရာ လိုက်နိုင်ပြီး ဂတိတော်ရရှိနိုင်

အခြားသောသူအားလုံး သုတ်သင်ခြင်းနဲ့

ထိုက်သင့်ပြစ်ဒဏ်ပေးခြင်း ခံရလိမ့်မည်

လူမျိုးအပေါင်း၊ တိုင်းနိုင်ငံအားလုံးနဲ့ အလွှာမျိုးစုံရှိ

လူအပေါင်းတို့အား ဘုရား နှိုးဆော်တိုက်တွန်း

ဘုရားအသံတော်ကို နားစွင့်၊ အမှုတော်ကို ကြည့်ရှု၊

လူတို့ကံကြမ္မာကို ဂရုပြုကြလော့

အမှုတော်ကို ကြည့်ရှု လူတို့ကံကြမ္မာကို ဂရုပြုကြလော့

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

အရှေ့အရပ်မှ လျှပ်ပြက်ခြင်း၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ ပေါ်ပေါက်လာခြင်း နှင့် လုပ်ဆောင်မှု၊ သခင်ယေရှုဘုရား၏ ဒုတိယအကြိမ်ကြွလာခြင်း၊ နောက်ဆုံးသောကာလရှိ ခရစ်တော်တို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ဖြစ်သည့် အရှေ့အရပ်မှ လျှပ်စီးကို ဖန်တီးခဲ့ပါသည်။ နောက်ဆုံးသောကာလများတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ လုပ်ဆောင်မှုများကိုလက်ခံသည့်သူများအားလုံး နှင့် ဘုရားသခင်၏နှုတ်ကပတ်တော်ဖြင့် သိမ်းပိုက်စိုးမိုးပြီး ကယ်တင်ခြင်းခံရသောသူများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကိုယ်တော်ကိုယ်တိုင် အားလုံးကိုတည်ထောင်ခြင်းဖြစ်ပြီး သိုးထိန်းကဲ့သို့သူကိုယ်တိုင်ဦးဆောင်ခဲ့သည်။ လူသားတဦးအားဖြင့် ဖန်တီးခဲ့ခြင်း လုံးဝမဟုတ်ပါ။ ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်။ ဘုရားသခင်၏ သိုးများသည် ဘုရားသခင်၏ အသံကိုကြားပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်နေသရွေ့ ဘုရားသခင်သည် ပေါ်ထွန်းခဲ့ကြောင်း သင်သိရှိရလိမ့်မည်။

အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ကျေးဇူးပြု၍ ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။

နောက်ထပ်ပြပါ။
သင်သည် သခင် ပြန်ကြွလာခြင်းကို ကြိုဆိုသည့်နည်းလမ်း၊ ဘုရားသခင်နှင့် သာ၍ နီးစပ်သော ပေါင်းသင်းဆက်ဆံရေးတစ်ခုကို တည်ထောင်သည့်နည်းလမ်း၊ ဘုရားသခင်ထံ ဆုတောင်းသည့်နည်းလမ်း စသည်တို့ကို သင်ယူလေ့လာ လိုပါသလား။ ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ဖို့ အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်