Christian Dance (အနန္တတန်ခိုးရှင် ဘုရားသခင်ကို ချီးမွမ်းသံများ ကျယ်လောင်စွာ ဟစ်အော်ကြလော့)

18.11.2024

နောက်ဆုံးသော ကာလ၏ ခရစ်တော်ဟူသော အနန္တတန်ခိုးရှင် ဘုရားသခင်သည်

ဤကမ္ဘာမြေ၏ အရှေ့အရပ်တွင် ပေါ်ထွန်းခဲ့ပြီဖြစ်။

သူသည် လူသားမျိုးနွယ်ကို ကယ်တင်ရန် သမ္မာတရားကို ဖော်ပြ၊

သူသည် ပေါ်ထွန်းလာပြီးဖြစ်သော ကယ်တင်ရှင်ဖြစ်။

ဘုရားသခင် ရွေးချယ်ထားသောလူများသည် သူ၏ အသံတော်ကို ကြားရပြီး သူ၏ပလ္လင်ရှေ့သို့ ချီဆောင်ခံရ။

ကျွန်ုပ်တို့သည် ဘုရားနှုတ်ကပတ်တော်များကို စားသောက်ပြီး သမ္မာတရားကို နားလည်၊

ကျွန်ုပ်တို့သည် ဘုရားနှုတ်ကပတ်တော်များ၏ အလုံးစုံသိမ်းပိုက်ခြင်းကို ခံရ။

ဘုရားသခင်၏ တရားစီရင်မှုနှင့် စမ်းသပ်မှုများကို ခံယူခြင်းတွင်

ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား သန့်စင်ခံရ။

ညှဉ်းပန်းနှိပ်စက်မှုနှင့် ကြီးစွာသော ဆင်းရဲဒုက္ခတစ်လျှောက်

အဆင်းနီသော နဂါးကြီး၏ စက်ဆုပ်ဖွယ်ကောင်းသော မျက်နှာကို ကျွန်ုပ်တို့ ရှင်းရှင်းလင်းလင်း နားလည်သိမြင်ရ။

ဘုရားသခင်သည် လူ၏ ယုံကြည်မှုနှင့် အချစ်ကို စုံလင်အောင် ပြုလုပ်ပေးရန်

ဘုရားသခင်အတွက် အစေခံမှုပေးဖို့ စာတန်ကို အသုံးပြု။

ကျွန်ုပ်တို့သည် အဆင်းနီသော နဂါးကြီးကို ခါးသီးစွာ မုန်းတီးကာ

နောက်ဆုံးတိုင် ဘုရားသခင်နောက် လိုက်လျှောက်ရန် ကျွန်ုပ်တို့ အကြွင်းမဲ့ စိတ်ပိုင်းဖြတ်ပြီးဖြစ်။

ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံခြင်းဖြင့်

ကျွန်ုပ်တို့၏ စိတ်သဘောထား ပြောင်းလဲကာ ကျွန်ုပ်တို့သည် လူသားပုံသဏ္ဌာန်တစ်ခုကို အသက်ရှင်နေထိုင်။

အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကျွန်ုပ်တို့ကို ကယ်တင်ပြီးဖြစ်ကာ

သူ့ကို ချီးမွမ်းရာတွင် ကျွန်ုပ်တို့ဟစ်အော်။

အနန္တတန်ခိုးရှင် ဘုရားသခင်နောက် လိုက်လျှောက်ရာတွင် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ကို ကျွန်ုပ်တို့ရရှိ၊

ဤသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးဖြစ်။

အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျေးဇူးတင်၍ ချီးမွမ်းကြလော့။

တရားစီရင်ရန်နှင့် ဖော်ထုတ်ရန် သမ္မာတရားကို ဖော်ပြရာတွင်

ဘုရားသခင်သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကို သိမ်းပိုက်၍ ကယ်တင်။

သမ္မာတရားကို လက်ခံသူများသည် ဘုရားသခင်ထံ ပြန်လာ၍

သူတို့သည် သန့်စင်ခြင်းနှင့် ပြောင်းလဲခြင်း ခံရ။

သမ္မာတရားကို မုန်းတီး၍ ဘုရားသခင်ကို ခုခံသူများသည်

ဘုရားနှုတ်ကပတ်တော်များ၏ ထုတ်ဖော်ခံရ၍ ပြစ်တင်ရှုတ်ချခံရ၊

သူတို့သည် ကပ်ဘေးထဲသို့ ကျရောက်ကာ ငိုကြွေးပြီး အံသွားခဲကြိတ်၍

ကယ်တင်ခြင်းကို မခံရနိုင်တော့။

ဘုရားနှုတ်ကပတ်တော်သည် ဩဇာအာဏာနှင့် တန်ခိုးဖြင့် ပြည့်ဝ၊

ဘုရားသခင်၏ အမှုတော်သည် ဧကန်အမှန် ဉာဏ်ပညာရှိ။

ဘုရားသခင်၏ တရားစီရင်မှုသည် ဖြောင့်မတ်ခြင်းနှင့် ပြည့်ဝ၍

လူ၏ ထာဝရချီးမွမ်းခြင်းနှင့် ထိုက်တန်။

ဘုရားသခင်၏ ဉာဏ်ပညာသည် အံ့ဖွယ်ကောင်း၍ ဉာဏ်မမီနိုင်။

ယင်းကို ချီးမွမ်းရာတွင် ကျွန်ုပ်တို့ မရပ်မနား သီဆို။

အနန္တတန်ခိုးရှင် ဘုရားသခင်၏ ဩဇာအာဏာနှင့် တန်ခိုးသည်

နိုင်ငံအားလုံးနှင့် လူအားလုံးကို သူ့အား အရှုံးပေးအပ်နှံအောင် ပြုလုပ်။

ဘုရားသခင်သည် အောင်နိုင်သူတစ်စုကို စုံလင်စေကာ

နိုင်ငံတော် ဧဝံဂေလိတရားသည် ကမ္ဘာမြေအနှံ့ ပျံ့နှံ့။

အနန္တတန်ခိုးရှင် ဘုရားသခင်သည် အဆင်းနီသော နဂါးကြီးကို နှိမ်နင်း၍

ခရစ်တော်၏ နိုင်ငံတော်သည် ကမ္ဘာမြေပေါ်တွင် ပေါ်ထွန်း။

ဘုရားသခင်သည် အလုံးစုံသော ဂုဏ်ကျက်သရေကို ရရှိပြီးဖြစ်ကာ

ဘုရားသခင်၏ လူများသည် သူ့အတွက် သက်သေခံချက်ပေး။

ဘုရားသခင်၏ ကြီးမြတ်သော အမှုတော် ပြီးမြောက်ခြင်းကို ကျွန်ုပ်တို့ ချီးမွမ်းကာ

အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်ုပ်တို့ ထာဝရချီးမွမ်း။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။