Christian Song - ဘုရားသခင်ကို တစ်စိတ်တစ်ဝမ်းတည်း ချီးမွမ်း

27.06.2025

သင် သီချင်းဆိုလိုလျှင် ကျယ်ကျယ်ဆိုလိုက်ပါ၊

သင် ကခုန်လိုလျှင် ထပြီး ကခုန်လိုက်ပါ။

ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ်တို့ စားသောက်ပြီး ဘုရားသခင်ထံ ဆုတောင်း၊

ကျွန်ုပ်တို့ ချင့်ချိန်စဉ်းစား၊ တွေးတောပြီး ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့။

ဘုရားသခင်ကို ကျွန်ုပ်တို့ တောင့်တသောအခါ ဆုတောင်းပြီး ကိုယ်တော်၏အနား ချဉ်းကပ်သောအခါ၊

ကျွန်ုပ်တို့၏ စိတ်နှလုံးများသည် ကိုယ်တော့်အချစ်တွင် မွေ့လျော်။

ဘုရားသခင်ကို ချီးမွမ်းရန် နည်းလမ်းများစွာရှိ၊

ကိုယ်တော့်ကို ရိုးသားစစ်မှန်စွာ ချီးမွမ်းခြင်းသည် ကျွန်ုပ်တို့ကို ဝမ်းမြောက်မှု ဆောင်ကြဉ်းပေး။

ကျွန်ုပ်တို့သည် ဘာသာရေး အစဉ်အလာများဖြင့် ဘောင်ခတ်မခံရ၊

ကျွန်ုပ်တို့၏ ဝိညာဉ်များသည် လွတ်မြောက်မှုကို ရှာတွေ့။

ကျွန်ုပ်တို့သည် အရာခပ်သိမ်းတွင်

ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်ဆောင်သောအခါ

ဘုရားသခင်၏ ကောင်းချီးများ ကျွန်ုပ်တို့ ရရှိမည်ဖြစ်။

စုဝေးပွဲများတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ်တို့ မိတ်သဟာယဖွဲ့သောအခါ

ကျွန်ုပ်တို့ စင်ကြယ်စွာ ရင်ဖွင့်ပြီး ကျွန်ုပ်တို့၏ ဝိညာဉ်များသည် လွတ်မြောက်မှုကို ရှာတွေ့။

သင့်ဂုဏ်သတင်း သို့မဟုတ် ပကာသနကို စိတ်မပူဘဲ

သင့်စိတ်နှလုံးတွင် ဧကန်အမှန်ရှိသည့်အရာကိုသာ ပြောဆိုလော့။

ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင် ရွေးချယ်ထားသောလူများဖြစ်၊

ကျွန်ုပ်တို့၏ အပိုင်းကဏ္ဍကို ဆက်ကပ်ရန် ကျွန်ုပ်တို့တွင် ဝတ္တရားရှိ။

သင့်မိတ်သဟာယဖွဲ့ခြင်းက မလေးနက်သည်ကို မကြောက်ရွံ့နှင့်၊

၎င်းက စစ်မှန်သော အသိပညာဖြစ်ပါက လုံလောက်ပေ။

သင်သည် စုဝေးပွဲသို့ လာပြီး သင့်အပိုင်းကဏ္ဍကို ဆက်ကပ်ပြီး

ကျွန်ုပ်သည် စုဝေးပွဲသို့ လာပြီး ကျွန်ုပ်၏အပိုင်းကဏ္ဍကို ဆက်ကပ်။

ကျွန်ုပ်တို့ ရင်ဖွင့်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိတ်သဟာယဖွဲ့သောအခါ

သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်ကို ကျွန်ုပ်တို့ ရရှိနိုင်။

စုဝေးပွဲများတွင် ဝမ်းမြောက်မှုကို သင်ရှာတွေ့လိုပါက ဘုရားသခင်၏

နှုတ်ကပတ်တော်များအကြောင်း ပို၍တွေးတောလော့။

သမ္မာတရားကို နားလည်ခြင်းဖြင့် ကျွန်ုပ်တို့တွင် လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းတစ်ခုရှိပြီး

ကျွန်ုပ်တို့၏ ဝိညာဉ်များသည် လွတ်လပ်မှုနှင့် လွတ်မြောက်မှုကို ရှာတွေ့။

ကျွန်ုပ်တို့သည် မိမိတို့၏ စိတ်နှလုံးများကို ဖွင့်လှစ်၊ မိမိတို့၏ အတွေ့အကြုံများကို မိတ်သဟာယဖွဲ့ပြီး

မိမိတို့၏ သက်သေခံချက်များကို ဝေမျှပေး။

ကျွန်ုပ်တို့သည် အချင်းချင်း ပံ့ပိုးကူညီ၊ တစ်ဦး၏ အားသာချက်များကို တစ်ဦးက လေ့လာသင်ယူပြီး

သမ္မာတရားကို ပိုမိုရှင်းလင်းစွာ နားလည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ်တို့ စားသောက်သည့်အခါတိုင်း ရလဒ်များ ရရှိပြီး

စုဝေးပွဲတစ်ပွဲစီမှ တစ်စုံတစ်ခု ကျွန်ုပ်တို့ရရှိ။

ကျွန်ုပ်၏ စိတ်နှလုံးသည် ချိုမြိန်မှုနှင့်ပြည့်ဝ၊ ကျွန်ုပ်၏ ဝိညာဉ် ကျေနပ်မှုရှိ။

ဘုရားသခင်၏ စိတ်နှလုံးက ဝမ်းမြောက်ပြီး ကျွန်ုပ်၏ စိတ်နှလုံးက ပျော်ရွှင်။

ကျွန်ုပ်တို့သည် ဘုရားသခင်နောက် ယနေ့တိုင် လိုက်လျှောက်၊

အတားအဆီးနှင့် အခက်အခဲများစွာကို ကျော်ဖြတ်ကာ

ဖိနှိပ်မှု၊ ဆင်းရဲဒုက္ခ၊ လှောင်ပြောင်မှု၊ အသရေဖျက်မှုနှင့်

အဆင်းနီသော နဂါးကြီး၏ ညှဉ်းပန်းနှိပ်စက်မှုနှင့် ချောက်ချမှုကို ခံရ။

ဝမ်းမြောက်မှုနှင့် ဝမ်းနည်းပူဆွေးမှု ပုံစံအားလုံးတစ်လျှောက်

ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျွန်ုပ်တို့၏ဘေးတွင် ရှိပြီး လမ်းပြပေး။

ကျွန်ုပ်တို့၏ ယုံကြည်မှုနှင့် အချစ်ကို စုံလင်အောင်ပြုလုပ်နိုင်ရန်အလို့ငှာ

အစေခံခိုင်းရန် ဘုရားသခင်က အဆင်းနီသော နဂါးကြီးကို ကြိုးကိုင်။

အသက်တာတွင် ကျွန်ုပ်တို့ ကြီးထွားနိုင်ခြင်းသည်

ဘုရားသခင်၏ ကောင်းချီးနှင့် ကျေးဇူးတော်ကြောင့် လုံးလုံးဖြစ်။

ကျွန်ုပ်တို့သည် မိမိတို့၏ တာဝန်များကို ကောင်းမွန်စွာနှင့် သစ္စာစောင့်သိစွာ ဖြည့်ဆည်းမည်ဖြစ်၊

ကျွန်ုပ်တို့သည် ဘုရားသခင်ကို ထာဝရ ချစ်ပြီး သက်သေခံမည်ဖြစ်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။