Christian Dance (ကျွန်ုပ်တို့၏ စိတ်နှလုံး ကျေနပ်အားရသည်အထိ ဘုရားသခင်ကို ချီးမွမ်း)
19.09.2024
၁
လူးကာလှိမ့်ကာဖြင့် ကျွန်ုပ် မြူးကြွလာ၊ သီချင်းဆိုခြင်းက ကျွန်ုပ်စိတ်နှလုံးကို သက်သာရာရစေ။
ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို နေ့တိုင်း ကျွန်ုပ်တို့စားသောက်၊
သမ္မာတရားကို နားလည်ခြင်းက ကျွန်ုပ်တို့စိတ်နှလုံးများကို တောက်ပစေ။
ကျွန်ုပ်တို့ဝိညာဉ်များ၏ လွတ်လပ်မှုသည် များစွာသော ပျော်ရွှင်မှုကို ဆောင်ကြဉ်းပေး၊
အကသစ်ကို ကလိုက်ကြစို့။
ဘုရားသခင်ကို စင်ကြယ်စွာနှင့် ရိုးသားစွာ ချီးမွမ်းလိုက်ပါ။ သူက ကျွန်ုပ်တို့ကို ပြုံးပြလိမ့်မည်။
အို။
ညီအစ်ကိုမောင်နှမတို့၊ အတူတူ ခုန်ပေါက်ပျော်မြူးပြီး
ကျွန်ုပ်တို့ကို ကယ်တင်ခြင်းအတွက် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျေးဇူးတင်ပြီး ချီးမွမ်းလိုက်ကြစို့။
ညီအစ်ကိုမောင်နှမတို့၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ချီးမွမ်းသော သီချင်းများ ကောင်းကင်အနှံ့ပြန့်သွားအောင်
အတူတူ သီဆိုချီးမွမ်းကြစို့။
၂
သီချင်းအသစ်ကို သီဆိုသောအခါ ကျွန်ုပ်၏စိတ်နှလုံး ဝမ်းမြောက်မိပြီး
သီချင်း၏စည်းချက်အတိုင်း ကျွန်ုပ်လိုက်က။
ကျွန်ုပ်၏စိတ်နှလုံးထဲမှ သီချင်းများ ပျံထွက်သွားလောက်အောင်
အနန္တတန်ခိုးရှင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာက အလွန်ပင် စစ်မှန်။
သူ့နှုတ်ကပတ်တော်များက လူများကို တရားစီရင်ပြီး သန့်စင်ပေး၊
သူ့နှုတ်ကပတ်တော်များက လူများကို စစ်ကြော၊ စစ်ဆေးပြီး စုံလင်အောင် ပြုလုပ်ပေး။
ကျွန်ုပ်တို့၏ စိတ်သဘောထား ပြောင်းလဲလာ၊
ကျွန်ုပ်တို့က ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရပြီး လူသစ်များ ဖြစ်လာ။
အို။
ညီအစ်ကိုမောင်နှမတို့၊ အတူတူ ခုန်ပေါက်ပျော်မြူးပြီး
ကျွန်ုပ်တို့ကို ကယ်တင်ခြင်းအတွက် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျေးဇူးတင်ပြီး ချီးမွမ်းလိုက်ကြစို့။
ညီအစ်ကိုမောင်နှမတို့၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ချီးမွမ်းသော သီချင်းများ ကောင်းကင်အနှံ့ပြန့်သွားအောင်
အတူတူ သီဆိုချီးမွမ်းကြစို့။
၃
ချီးမွမ်းသီချင်းများကို ကျွန်ုပ်တို့ ကျယ်လောင်စွာ အော်ဆိုပြီး
ဘုရားသခင်ကို ဂုဏ်ကျက်သရေ ရရှိခြင်းအတွက် ချီးမွမ်း။
ကျွန်ုပ်၏စိတ်နှလုံးက ဘုရားသခင်ကို ချစ်နိုင်မှုသည် ကျွန်ုပ်ကို ဧကန်ပျော်ရွှင်အောင် ပြုလုပ်ပေး၊
ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မွေ့လျော်ခံစားရခြင်းသည် အလွန်ချိုမြိန်။
အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော်သည် အလွန် ချစ်ခင်နှစ်လိုဖွယ်ကောင်းပါသည်၊
ကိုယ်တော့် ကျေးဇူးတော်အကြောင်း ကျွန်ုပ်ပြောမဆုံးနိုင်ပေ။
ကျွန်ုပ်၏စိတ်နှလုံးကို ချီးမွမ်းခြင်းဖြင့် ဖော်ပြ၊ ချီးမွမ်းမှု အသက်တာသည် ဧကန်လှပ။
အို။
ညီအစ်ကိုမောင်နှမတို့၊ အတူတူ ခုန်ပေါက်ပျော်မြူးပြီး
ကျွန်ုပ်တို့ကို ကယ်တင်ခြင်းအတွက် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျေးဇူးတင်ပြီး ချီးမွမ်းလိုက်ကြစို့။
ညီအစ်ကိုမောင်နှမတို့၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ချီးမွမ်းသော သီချင်းများ ကောင်းကင်အနှံ့ပြန့်သွားအောင်
အတူတူ သီဆိုချီးမွမ်းကြစို့။
၄
သမုဒ္ဒရာ ရေလှိုင်းများ မြင့်တက်၊ လှိုင်းတစ်ခုစီသည် ယခင်တစ်ခုထက် ပိုမြင့်။
ချီးမွမ်းမှု အသက်တာတွင် ကျွန်ုပ်တို့ ရှင်သန်နေထိုင်ရမည်၊
ကျွန်ုပ်တို့၏ ချီးမွမ်းမှု ပိုများလေ ကျွန်ုပ်တို့၏ ယုံကြည်မှု ပိုကြီးမြတ်လေဖြစ်သည်။
ဘုရားသခင်ကို ချစ်ခင်သူအပေါင်းတို့၊ လာရောက် ချီးမွမ်းကြလော့၊
အနန္တတန်ခိုးရှင် ဘုရားသခင်သည် ဂုဏ်ကျသရေနှင့် ထိုက်တန်သည်။
ဘုရားသခင်၏ လူများ၏ စိတ်နှလုံး ခုန်သည်မှာ အလွန်ပင်မြန်လျက်ရှိသည်။
ကျွန်ုပ်တို့၏ စိတ်နှလုံး ကျေနပ်အားရသည်အထိ ဘုရားသခင်ကို ချီးမွမ်းသောအခါ
ကျွန်ုပ်တို့နှင့် အတူလာရောက်လုပ်ဆောင်လော့။
အို။
ညီအစ်ကိုမောင်နှမတို့၊ အတူတူ ခုန်ပေါက်ပျော်မြူးပြီး
ကျွန်ုပ်တို့ကို ကယ်တင်ခြင်းအတွက် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျေးဇူးတင်ပြီး ချီးမွမ်းလိုက်ကြစို့။
ညီအစ်ကိုမောင်နှမတို့၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ချီးမွမ်းသော သီချင်းများ ကောင်းကင်အနှံ့ပြန့်သွားအောင်
အတူတူ သီဆိုချီးမွမ်းကြစို့။
ညီအစ်ကိုမောင်နှမတို့၊ အတူတူ ခုန်ပေါက်ပျော်မြူးပြီး
ကျွန်ုပ်တို့ကို ကယ်တင်ခြင်းအတွက် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျေးဇူးတင်ပြီး ချီးမွမ်းလိုက်ကြစို့။
ညီအစ်ကိုမောင်နှမတို့၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ချီးမွမ်းသော သီချင်းများ ကောင်းကင်အနှံ့ပြန့်သွားအောင်
အတူတူ သီဆိုချီးမွမ်းကြစို့။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ