Christian Dance (အနန္တတန်ခိုးရှင် ဘုရားသခင်အတွက် ချီးမွမ်းမှုသည် ဘယ်တော့မျှ ရပ်စဲမည်မဟုတ်)

14.02.2025

နောက်ဆုံးသောကာလ၏ ခရစ်တော်ဟူသည့် အနန္တတန်ခိုးရှင် ဘုရားသခင်သည် သမ္မာတရားကို ဖော်ပြပြီး

အရှေ့အရပ်တွင် ဂုဏ်ကျက်သရေအပြည့်ဖြင့် ပေါ်ထွန်းလာ။

ကျွန်ုပ်တို့သည် ဘုရားသခင်၏ အသံတော်ကို ကြားရပြီး သူ့ရှေ့မှောက် ပြန်လာ။

ကျွန်ုပ်တို့သည် ဘုရားနှုတ်ကပတ်တော်ကို မွေ့လျော်ပြီး

သိုးသငယ်၏ မင်္ဂလာဆောင်စားတော်ပွဲကို တက်ရောက်။

ညီအစ်ကိုတို့။ သီဆိုဟစ်ကြွေးကြလော့။

လူသားမျိုးနွယ်ကြား ကြွလာခြင်းအတွက် ဘုရားသခင်ကို ချီးမွမ်းကြလော့။

ညီအစ်မတို့။ လာကခုန်ကြလော့။ နိုင်ငံတော်ရှိ အသက်တာသည် ဧကန်အမှန် အံ့ဖွယ်ကောင်း။

အို။ ဘုရားသခင်၏ မျက်မှောက်တော်တွင် အသက်ရှင်နေထိုင်ရန်ခြင်းသည်

ကောင်းချီးခံစားရလေခြင်းပါတကား။

နောက်ဆုံးသောကာလရှိ တရားစီရင်မှုသည် ဘုရားသခင်၏ အိမ်တော်တွင် စတင်၊

သူ့နှုတ်ကပတ်တော်၏ ဖော်ထုတ်မှုနှင့် တရားစီရင်မှုသည်

ကျွန်ုပ်တို့ကို အရှက်ရစွာ ပုန်းကွယ်ရန် နေရာမရှိဖြစ်စေ။

စစ်ဆေးခြင်း၏ နာကျင်မှုကြီးကို ခံစားရပြီးနောက်

ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား သန့်စင်ခံရ၊

ကျွန်ုပ်တို့သည် သမ္မာတရားနှင့် အသက်ကို ရရှိပြီး ဧကန်အမှန် ကောင်းချီးခံစားရ။

ညီအစ်ကိုတို့။ လာကြည့်ကြလော့။

နိုင်ငံတော် စားတော်ပွဲသည် အလွန်အလျှံပယ်ဖြစ်လိုက်လေခြင်း။

ညီအစ်မတို့။ လာနားထောင်ကြလော့။

ဘုရားနှုတ်ကပတ်တော်၏ ဩဇာအာဏာသည် အလွန်ကြီးမြတ်လိုက်လေခြင်း၊

ယင်းသည် သန်းနှင့်ချီသောလူများ၏ စိတ်နှလုံးများကို သိမ်းပိုက်ပြီးဖြစ်။

ဘုရားသခင်၏ တရားစီရင်မှုကို တွေ့ကြုံခြင်းတွင် ကိုယ်တော်၏ ဖြောင့်မတ်မှုကို ကျွန်ုပ်တို့ တွေ့မြင်၊

ဘုရားသခင်ကို ကျွန်ုပ်တို့ ကြောက်ရွံ့ပြီး ကိုယ်တော်၏ စီစဉ်ညွှန်ကြားမှုများအားလုံးကို ကျိုးနွံနာခံ။

ကျွန်ုပ်တို့၏ လောကီဆိုင်ရာ အချုပ်အနှောင်များကို ဖယ်ရှားပြီး

စိတ်နှလုံးအကြွင်းမဲ့ဖြင့် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံ၊

ဝမ်းနည်းမှု သို့မဟုတ် နာကျင်မှုမရှိဘဲ

ဘုရားနှုတ်ကပတ်တော်များအတွင်း ကျွန်ုပ်တို့ ရှင်သန်နေထိုင်။

ညီအစ်ကိုတို့။ ရှေ့သို့ လာကြလော့။ ကျွန်ုပ်တို့အားလုံး ဘုရားသခင်အတွက် သက်သေခံကြစို့။

ညီအစ်မတို့။ မရပ်တန့်ကြနှင့်။ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့အတွက်

ကျွန်ုပ်တို့၏ စစ်မှန်သော စိတ်နှလုံးများကို ပူဇော်ဆက်ကပ်လိုက်ကြစို့။

ကျွန်ုပ်တို့၏စိတ်နှလုံး အကြွင်းမဲ့ဖြင့် မိမိတို့၏တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းလိုက်ကြစို့။

ဘုရားသခင်သည် အောင်နိုင်သူတစ်စုကို ပြုလုပ်ခဲ့ပြီဖြစ်၊

ဘုရားသခင်၏ လူများအားလုံးသည် သူ့အမှုတော်ကို ဖြန့်ချိနေကြပြီး သက်သေခံနေကြ၊

နိုင်ငံတော် ဧဝံဂေလိတရားသည် ကမ္ဘာအနှံ့ရှိ နိုင်ငံအားလုံးသို့ ပျံ့နှံ့နေ၊

ကိုယ်တော်၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာအတွက် ဘုရားသခင်ကို ကျွန်ုပ်တို့ ဂုဏ်ပြုချီးမွမ်း။

ညီအစ်ကိုတို့။ သီချင်းအသစ် သီဆိုကြလော့။

သူ ရရှိပြီးဖြစ်သော ဂုဏ်ကျက်သရေအတွက် ဘုရားသခင်ကို ချီးမွမ်းကြလော့။

ညီအစ်မတို့။ ကခုန်ရင်း ရှေ့သို့လာကြလော့။

ကိုယ်​တော် ပြီးမြောက်အောင်မြင်ပြီးသော ကြီးမြတ်သည့်အမှုတော်အတွက် ဘုရားသခင်ကို ချီးမွမ်းကြလော့။

အနန္တတန်ခိုးရှင် ဘုရားသခင်အတွက် ကျွန်ုပ်တို့၏ချီမွမ်းမှုကို ဘယ်တော့မျှ ရပ်စဲမည်မဟုတ်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။