Christian Song - လူတို့သည် ဘုရားသခင်နှင့်ပတ်သက်သည့် မိမိတို့၏ နားလည်မှုလွဲခြင်းများကို မည်သို့ ဖြေရှင်းသင့်သနည်း - ၂၀၂၆ခုနှစ် ချီးမွမ်းခြင်း၏ အသံများ
16.01.2026
၁
လူတို့သည် ဘုရားသခင်နှင့်ပတ်သက်သည့် ၎င်းတို့၏ နားလည်မှုလွဲခြင်းများကို ဖြေရှင်းလိုလျှင် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သိမြင်ရမည်ဖြစ်ပြီး ၎င်းတို့ ပြုလုပ်ခဲ့သော အမှားများ၊ ၎င်းတို့ လျှောက်လှမ်းခဲ့သော လမ်းလွဲများ၊ ၎င်းတို့၏ ပြစ်မှားခြင်းများနှင့် ပေါ့ဆမှုများကို စိတ်ဖြာလေ့လာပြီး သိမြင်ရမည်ဖြစ်သည်။ ဤနည်းဖြင့်သာ ၎င်းတို့သည် မိမိတို့၏ သဘာဝကို ရှင်းလင်းစွာ မြင်နိုင်မည်ဖြစ်ပြီး သိမြင်နိုင်မည်ဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် အဘယ်ကြောင့် မှားယွင်းသော လမ်းကြောင်းကို လျှောက်လှမ်းသည်ကိုလည်းကောင်း၊ သမ္မာတရား စည်းမျဉ်းများကို ချိုးဖောက်သည့် အရာများစွာကို အဘယ်ကြောင့် ပြုလုပ်သည်ကိုလည်းကောင်း၊ ဤလုပ်ရပ်များ၏ သဘောသဘာဝမှာ အဘယ်အရာဖြစ်သည်ကိုလည်းကောင်း ရှင်းလင်းစွာ မြင်တွေ့ရမည်ဖြစ်သည်။ ထို့အပြင် ၎င်းတို့အတွက် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် တောင်းဆိုချက်များမှာ အတိအကျအားဖြင့် အဘယ်အရာ ဖြစ်သည်ကိုလည်းကောင်း၊ ဘုရားသခင်၏ တောင်းဆိုချက်များအတိုင်း ပြုမူရန် ၎င်းတို့ အဘယ်ကြောင့် အမြဲ မစွမ်းဆောင်နိုင်သည်ကိုလည်းကောင်း၊ ကိုယ်တော်၏ ရည်ရွယ်ချက်များကို အဘယ်ကြောင့် အစဉ်သဖြင့် ဆန့်ကျင်ပြီး ၎င်းတို့ နှစ်သက်သည့်အရာကို ပြုလုပ်ကြသည်ကိုလည်းကောင်း ၎င်းတို့ နားလည်ရမည်ဖြစ်သည်။
၂
သင့်ထံတွင် ဤပြစ်မှားမှုများ ရှိသည့်အတွက် ယခုတွင် မည်သည့် သဘောထားရှိသင့်သည်၊ ဘုရားသခင်၏ ရှေ့တွင် မည်သည့်အရာကို ဖြစ်ကြောင်းကုန်စင် ပြောပြသင့်သည်ဆိုသည်နှင့် ဘုရားသခင်က မည်သည့်အရာ မြင်လိုသည်ဆိုသည်တို့ကို သင်၏ စိတ်နှလုံးတွင် ရှင်းလင်းနေရမည်ဖြစ်သည်။ ဤအရာများကို ဆုတောင်းခြင်းနှင့် ရှာဖွေခြင်းမှတစ်ဆင့် သင် အဖြေရှာရမည်။ ထို့နောက်တွင် အနာဂတ်၌ မည်သို့ လိုက်စားသင့်သည်ဆိုသည်ကို သင် သိရှိလိမ့်မည်ဖြစ်ကာ အတိတ်တွင် သင် ပြုလုပ်ခဲ့သည့် အမှားများ၏ လွှမ်းမိုးခြင်း သို့မဟုတ် ဘောင်ခတ်ခြင်းကို ခံရတော့မည် မဟုတ်ပေ။ ရှေ့ဆက် လမ်းကြောင်းကို သင် လျှောက်ရမည်ဖြစ်ပြီး သင် ထမ်းဆောင်သင့်သည့်အတိုင်း သင်၏ တာဝန်ကို ထမ်းဆောင်ကာ စိတ်ပျက်အားလျော့ခြင်း၏ လွှမ်းမိုးမှုကို မခံစားရတော့ပေ။ အပျက်သဘောဆောင်ခြင်းနှင့် နားလည်မှုလွဲခြင်းမှ သင် အပြည့်အဝ ရုန်းထွက်လွတ်မြောက်ရမည်။
၃
တစ်နည်းအားဖြင့် ယခု သင်၏ တာဝန်ကို ထမ်းဆောင်နေခြင်းသည် သင်၏ အတိတ်က ပြစ်မှားမှုများနှင့် ပေါ့ဆမှုများကို ပြုပြင်ရန်အတွက် ဖြစ်သည်။ ဤသည်မှာ အနည်းဆုံး သင်ရှိသင့်သည့် စိတ်ဓာတ်ဖြစ်သည်။ နောက်တစ်နည်းအားဖြင့် သင်သည် အပြုသဘောဆောင်စွာနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရမည်၊ သင် ထမ်းဆောင်သင့်သည့်တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန်နှင့် သင်၏ တာဝန်နှင့် ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် အစွမ်းကုန် လုပ်ဆောင်ရမည်ဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းခံတစ်ဦး လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ သင့်ထံတွင် ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆတစ်ခုခု ရှိသည်ဖြစ်စေ၊ ဖောက်ပြန်ပျက်စီးခြင်းကို သင်ထုတ်ဖော်သည်ဖြစ်စေ၊ သူ၏ စိတ်သဘောထားကို သင်ပုန်ကန်ပြစ်မှားသည်ဖြစ်စေ ဤအရာအားလုံးကို သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်ခြင်းနှင့် သမ္မာတရားကို ရှာဖွေခြင်းတို့အားဖြင့် သင် ဖြေရှင်းရမည်။ သင်၏ ကျရှုံးမှုများမှ သင်ယူရမည်ဖြစ်ပြီး အပျက်သဘောဆောင်ခြင်း မှောင်ရိပ်မှ လုံးဝ ရုန်းထွက်လွတ်မြောက်ရမည်။ သမ္မာတရားကို သင် နားလည်ကာ လွတ်မြောက်သည်နှင့်တစ်ပြိုင်နက် မည်သည့် လူ၊ ဖြစ်ရပ် သို့မဟုတ် အမှုအရာ၏ ဘောင်ခတ်ခြင်းကို မခံရတော့သည်နှင့်တစ်ပြိုင်နက် ရှေ့ဆက်ရမည့် လမ်းကြောင်းကို လျှောက်ရန် ယုံကြည်ခြင်း ရှိလိမ့်မည်။
နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို လိုက်စားခြင်းအားဖြင့်သာ ဘုရားသခင်အပေါ် မိမိတို့၏အယူအဆများနှင့် နားလည်မှုလွဲခြင်းများကို ဖြေရှင်းနိုင်၏ မှ
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ