Myanmar Full Movie - ဘုရားသခင်၌ ယုံကြည်ခြင်း ၃ | ထလော့ ကျွန်အဖြစ် မနေသောသူတို့

08.02.2021

ကိုယ်ပိုင်မူသုံးရပ်သုံးအသင်းတော်မှ အကျိုးဆောင်တစ်ဦးဖြစ်သော မန့်ချန်လင်က ကိုယ်ပိုင်မူသုံးရပ်သုံးအသင်းတော်တစ်ခု၌ သခင့်ကို ယုံကြည်ခြင်းသည် စီစီပီ၏ ညှဉ်းပန်းနှိပ်စက်မှုကို ရှောင်ရှားနိုင်လိမ့်မည်ဟု မူလက ထင်ခဲ့မိသည်။ သို့ရာတွင် ရှီကျင်ပင်း အာဏာရလာပြီးနောက်၊ စီစီပီသည် ဘာသာရေးယုံကြည်မှုအပေါ် ၎င်း၏ ညှဉ်းပန်းနှိပ်စက်မှုကို တိုးမြှင့်လာပြီး၊ အစိုးရချုပ်ကိုင်ထားသော ကိုယ်ပိုင်မူသုံးရပ်သုံးအသင်းတော်ပင်လျှင် ဖိနှိပ်မှုနှင့် ညှဉ်းပန်းနှိပ်စက်မှုကို စတင် ကြုံလာရသည်။ ၎င်းတို့၏ ကားတိုင်အများအပြား ဖြိုလှဲခံရကာ၊ ဘုရားကျောင်းများ ဖြိုဖျက်ခံရသလို၊ စီစီပီက အသင်းတော်များအား နိုင်ငံတော်အလံ လွှင့်ထူရန်၊ နိုင်ငံတော်သီချင်း ဆိုရန်နှင့် ဥက္ကဋ္ဌရှီ၏ ဓာတ်ပုံကို ချိတ်ဆွဲရန်ပင် အတင်းအကျပ် စေခိုင်းလာသည်။ စီစီပီ၏ ဖိနှိပ်မှုကို ကြုံရချိန်၌၊ ၎င်းတို့၏သင်းအုပ်မှာ ယုံကြည်သူများအား ဘုရားသခင်၏အလိုတော်ကို ရှာဖွေဖို့ ဆုတောင်းကြရန် ဦးဆောင်ရမည့်အစား၊ မည်သည့်ကိစ္စတွင်မဆို စီစီပီကိုသာ နာခံလေသည်။ ဤအဖြစ်သည် သခင့်လမ်းခရီးမှ လုံးလုံး သွေဖည်ခြင်းဖြစ်ပြီး၊ ၎င်းတို့သည် နတ်ဆိုးတို့၏ဘုရင် စာတန်၏ ကျွန်များအဖြစ်သို့ ဆုတ်ယုတ်ခဲ့ပြီဟု မန့်ချန်လင်က ယုံကြည်သည်။ သူက သင်းအုပ်အား ကိုယ်ပိုင်မူသုံးရပ်သုံးအသင်းတော်ကို စွန့်ခွာ၍ အိမ်တွင်းအသင်းတော်လမ်းကြောင်းကို လျှောက်ရန် တိုက်တွန်းသော်လည်း၊ သူ၏သင်းအုပ်က ပြစ်တင်ကြိမ်းမောင်းကာ၊ သူ သွားမည့်လမ်းကို ပိတ်ဆို့ပါသည်။ ဤအချိန်တွင်ပင် မန့်ချင်လင်သည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခရစ်ယာန်တစ်ဦးဖြစ်သော ရှန့်ကျိဟန်နှင့် ဆုံမိလေသည်။ ကိုယ်ပိုင်မူသုံးရပ်သုံး မူဝါဒဟူသည် ဘာသာရေးယုံကြည်မှုကို လုံးလုံး ဖယ်ရှားပစ်မည့် အစီအစဉ်အတွက် အချိန်ဆွဲထားသော စီစီပီ၏ မဟာဗျူဟာတစ်ခုသာ ဖြစ်ကြောင်းကို မန့်ချန်လင်တစ်ယောက် ရှာဖွေ မိတ်သဟာယပြုခြင်းများမှတစ်ဆင့် အရင်ကထက် ပို၍ ရှင်းရှင်းလင်းလင်း မြင်နိုင်လာပါသည်။ သင်းအုပ်များ၊ အကြီးအကဲများက ယုံကြည်သူတို့အား စီစီပီကို နာခံရန် ဦးဆောင်ခြင်းမှာ ၎င်းတို့သည် ဘုရားသခင်အား ခုခံသစ္စာဖောက်နေခြင်း ဖြစ်ပြီး၊ ၎င်းတို့အားလုံးသည် စာတန်ကို အစေခံသော သိုးထိန်းအတုအယောင်တို့ ဖြစ်ကြောင်း သူက မြင်မိသည်။ တစ်ချိန်တည်းမှာပင် မန့်ချန်လင်သည် ညှဉ်းပန်းနှိပ်စက်မှုနှင့် ဘေးအန္တရာယ်တို့ တွေ့ကြုံရခြင်း၏ အဓိပ္ပာယ်ကို သခင့်အား ယုံကြည်ခြင်း၏ ကဏ္ဍတစ်ခုအဖြစ် နားလည်လာသလို၊ စီစီပီ၏ ဆိုးယုတ်သော အစိုးရစနစ်အောက်၌ ဘုရားသခင်အား ယုံကြည်ခြင်းသည် လူတစ်ယောက်အနေဖြင့် ဘုရားသခင်နောက် လိုက်လျှောက်ရန် ဘဝကို စတေးရဲဖို့လည်း လိုအပ်သည်ဟု ရှင်းရှင်းလင်းလင်း မြင်မိသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ခြင်းနှင့် ဘုရားသခင်ကို နာခံခြင်းတို့ လိုအပ်ပြီး၊ လူတစ်ယောက်အနေဖြင့် လူတို့အား ဘုရားသခင်၏နေရာတွင် ထားကာ နာခံခြင်း နားထောင်ခြင်းတို့ လုပ်၍မဖြစ်ဟူသည်ကို သူက နားလည်လာသည်။ မန့်ချန်လင်နှင့် ကျန်သူတို့သည် ရှာဖွေခြင်း စူးစမ်းခြင်းမှတစ်ဆင့်၊ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် အလုံးစုံသော သမ္မာတရား ဖြစ်ကာ၊ ဘုရားသခင်၏အသံတော် ဖြစ်သည်ကိုလည်းကောင်း၊ အနန္တတန်ခိုးရှင်ဘုရားသခင်သည် ပြန်ကြွလာသော သခင်ယေရှု ဖြစ်သည်ကိုလည်းကောင်း မြင်မိကြလေသည်။ သူတို့သည် လှိုက်လှိုက်လှဲလှဲ ဝမ်းမြောက်ခြင်း ဖြစ်ကြကာ၊ စီစီပီ၏ ဆိုးယုတ်သော အစိုးရစနစ်၊ ဘာသာရေးလောကမှ သိုးထိန်းအတုအယောင်များနှင့် အန္တိခရစ်တို့၏ အချုပ်အနှောင်နှင့် ကန့်သတ်မှုများမှ နောက်ဆုံးတွင် ချိုးဖောက်ထွက်ကြလေသည်။ သူတို့သည် ဘုရားသခင်၏ ပလ္လင်တော်ရှေ့မှောက်သို့ ပြန်လာကြတော့သည်။

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။