Christian Dance (ဘုရားသခင်အား ချီးမွမ်းလျက် သီဆိုကခုန်ကြစို့)
12.03.2025
၁
အမှုပြုကာ လူကို ကယ်တင်ဖို့ နောက်ဆုံးသောကာလ၏ ခရစ်တော် ပေါ်ထွန်းလေပြီ။
သူ၏နှုတ်ကပတ်တော်များသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ထုတ်ဖော်သည့်
ရေလောင်းခြင်းနှင့် လမ်းပြခြင်းတို့ကို ပေးကမ်း။
ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် နွေးထွေးမှုနှင့် တန်ခိုးကို ပိုင်ဆိုင်သည်။
ကျွန်ုပ်၏ နှလုံးသားကို သိမ်းပိုက်တော်မူသည်။
ဘုရားနှုတ်ကပတ်တော်များကို ကျွန်ုပ် စားသောက်ပြီး ပျော်မွေ့ကာ စားတော်ပွဲကို ကျွန်ုပ် တက်ရောက်။
ဘုရားနှုတ်ကပတ်တော်များကို စားသောက်ခြင်းနှင့်
ချင့်ချိန်တွေးဆခြင်းနှင့် မိတ်သဟာယဖွဲ့ခြင်းတို့အားဖြင့်
သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ကျွန်ုပ်သည် ဉာဏ်အလင်းရပြီး သမ္မာတရားကို နားလည်လာ။
လောကီဆိုင်ရာ နှောင်ကြိုးများကို ကျွန်ုပ် ဖယ်ရှားပြီး မိမိ၏တာဝန်ကို စတင်ထမ်းဆောင်။
ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်ရောက်ခြင်းသည် ကောင်းချီးမင်္ဂလာဖြစ်ပေတကား။
ဘုရားသခင်အား ချီးမွမ်းလျက် သီဆိုကခုန်ကြစို့၊ ဘုရားသခင်အား ချီးမွမ်းကြစို့။
အသက်လမ်းကြောင်းပေါ်သို့ ကျွန်ုပ်တို့အား လမ်းပြပေးခြင်းအတွက်
ဘုရားသခင်ကို ကျွန်ုပ်တို့ ကျေးဇူးတော်ချီးမွမ်းကြ။
ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျွန်ုပ်တို့ နေ့စဉ် နှစ်သက်ခံစားပြီး
သူ၏ မျက်မှောက်တော်တွင် အသက်ရှင်ကြသည်။
ဘုရားသခင်၏ ဖြောင့်မတ်ခြင်းအား ချီးမွမ်းခြင်း သက်သေခံခြင်းတို့ကို
ကျွန်ုပ်တို့ ဘယ်တော့မှ ရပ်မည်မဟုတ်ပေ။
၂
ဘုရားနှုတ်ကပတ်တော်များသည် ကျွန်ုပ်၏ သဘာဝကို ဖော်ထုတ်သည့် ဓားတစ်လက်ကဲ့သို့ဖြစ်။
ကျွန်ုပ်၏ မာနထောင်လွှားမှု၊ ကိုယ့်ကိုယ်ကိုယ် မှန်ကန်သည် မှတ်ယူမှုနှင့် လှည့်စားမှုတို့သည်
အလင်းဆီသို့ ဖော်ထုတ်ခံရသည်။
တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို ကြုံတွေ့ခြင်အားဖြင့် ကျွန်ုပ် ကိုယ့်ကိုယ်ကိုယ် သိလာ။
ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားသည် သန့်စင်ပြီး
အသစ်သောလူတစ်ယောက် ဖြစ်လာ။
တစ်ယောက်နှင့်တစ်ယောက် သဟဇာတကျကျ အလုပ်လုပ်ပြီး ကျွန်ုပ်တို့၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်း။
ကျွန်ုပ်တို့ ကျရှုံးပြီး လဲကျပြီး သမ္မာတရားကို ရှာဖွေကြသည်။
ဘုရားနှုတ်ကပတ်တော်၏ သမ္မာတရားသည် အလွန်အဖိုးတန်ပြီး ကျွန်ုပ်တို့ကို သန့်စင်ပေးသည်။
စာတန်၏စွမ်းအားမှ ရုန်းထွက်လွတ်မြောက်ပြီး ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ကျွန်ုပ်တို့ ရရှိ။
ဘုရားသခင်အား ချီးမွမ်းလျက် သီဆိုကခုန်ကြစို့၊ ဘုရားသခင်အား ချီးမွမ်းကြစို့။
အသက်လမ်းကြောင်းပေါ်သို့ ကျွန်ုပ်တို့အား လမ်းပြပေးခြင်းအတွက်
ဘုရားသခင်ကို ကျွန်ုပ်တို့ ကျေးဇူးတော်ချီးမွမ်းကြ။
ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျွန်ုပ်တို့ နေ့စဉ် နှစ်သက်ခံစားပြီး
သူ၏ မျက်မှောက်တော်တွင် အသက်ရှင်ကြသည်။
ဘုရားသခင်၏ ဖြောင့်မတ်ခြင်းအား ချီးမွမ်းခြင်း သက်သေခံခြင်းတို့ကို
ကျွန်ုပ်တို့ ဘယ်တော့မှ ရပ်မည်မဟုတ်ပေ။
၃
ခရစ်တော်သည် သမ္မာတရားဖြစ်သည်ကို အတည်ပြုသဖြင့်
ချိုးဖျက်မရနိုင်သည့် စိတ်ပိုင်းဖြတ်မှုနှင့် ကိုယ်တော် နောက်သို့ ကျွန်ုပ်တို့လိုက်သည်။
ဘုရားသခင်အား သက်သေခံရန်အတွက် ကျွန်ုပ်တို့၏ အထူးတာဝန်ကို ထမ်းဆောင်ကြပြီး
သူ့ကို ကျွန်ုပ်တို့ သစ္စာစောင့်သိကြ။
မည်သည့်လှောင်ပြောင်ခြင်း၊ အသရေဖျက်ခြင်းမှ ကျွန်ုပ်တို့ကို နောက်ပြန်မလှည့်စေပါ။
ဘုရားသခင် ကျေနပ်စေရန်အတွက် ကျွန်ုပ်တို့၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းပြီး
သူ၏ ဘုန်းတော်သည် ပထမဦးစားပေးဖြစ်သည်။
စာတန်၏ ဖမ်းဆီးခြင်းနှင့်ရင်ဆိုင်ရသည့်အခါတွင် ကျွန်ုပ်တို့ တွန့်ဆုတ်မည်မဟုတ်ပါ။
ကြီးစွာ ဖိနှိပ်ခံရသော်လည်း ကျွန်ုပ်တို့ သေဆုံးသည်အထိ အစဉ် သစ္စာစောင့်သိမည်။
စမ်းသပ်မှုများနှင့် ဒုက္ခဆင်းရဲမှုတို့မှ တစ်ဆင့် ဘုရားသခင်အတွက်
ကျွန်ုပ်တို့ချစ်ခြင်းသည် ပိုပိုခိုင်မာသည်။
အဆင်းနီသောနဂါးကြီးကို ကျွန်ုပ်တို့ လုံးဝ ပုန်ကန်ပြီး
ထူးကဲလှသည့် သက်သေကို ခံကြသည်။
ဘုရားသခင်အား ချီးမွမ်းလျက် သီဆိုကခုန်ကြစို့၊ ဘုရားသခင်အား ချီးမွမ်းကြစို့။
အသက်လမ်းကြောင်းပေါ်သို့ ကျွန်ုပ်တို့အား လမ်းပြပေးခြင်းအတွက်
ဘုရားသခင်ကို ကျွန်ုပ်တို့ ကျေးဇူးတော်ချီးမွမ်းကြ။
ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျွန်ုပ်တို့ နေ့စဉ် နှစ်သက်ခံစားပြီး
သူ၏ မျက်မှောက်တော်တွင် အသက်ရှင်ကြသည်။
ဘုရားသခင်၏ ဖြောင့်မတ်ခြင်းအား ချီးမွမ်းခြင်း သက်သေခံခြင်းတို့ကို
ကျွန်ုပ်တို့ ဘယ်တော့မှ ရပ်မည်မဟုတ်ပေ။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ