Christian Dance (ချိုမြိန်သောအချစ်၏ တေးသီချင်း)
05.03.2025
၁
အိုဘုရားသခင်။ ကိုယ်တော်၏အချစ်ကို ကျွန်ုပ်၏စိတ်နှလုံးအတွင်း ဝှက်ထား၊
ယင်းက ကျွန်ုပ်ကို ကိုယ်တော်နှင့် ချိုမြိန်စွာ နီးကပ်လာစေ။
ကိုယ်တော်၏ရည်ရွယ်ချက်များကို အလေးထားသောကြောင့် ကျွန်ုပ်၏စိတ်နှလုံးသည် ပို၍ပင် ချိုမြိန်၊
ကျွန်ုပ်၏စိတ်နှလုံး အကြွင်းမဲ့ဖြင့် ကိုယ်တော်ကို အစေခံ။
ကိုယ်တော်၏နှုတ်ကပတ်တော်များသည် ကျွန်ုပ်၏စိတ်နှလုံးကို ဦးဆောင်ပြီး
ကျွန်ုပ်၏ ချစ်ခင်သောခြေလှမ်းများသည် ကိုယ်တော်နောက် ထက်ကြပ်မကွာလိုက်။
ကိုယ်တော်၏ရည်ရွယ်ချက်များနှင့်လျော်ညီစွာ ကျွန်ုပ်ပြုမူမည်ဖြစ်၊
ကိုယ်တော်၏ရည်ရွယ်ချက်များကို အထမြောက်စေခြင်းက ကျွန်ုပ်၏စိတ်နှလုံးကို အလွန်ဝမ်းမြောက်စေ။
ယခုအခါ အခြားလောကနယ်ပယ်တွင် ကျွန်ုပ်ရှင်သန်နေထိုင်၊ ကိုယ်တော်နှင့် ကျွန်ုပ်နှစ်ဦးအတူတူသာ။
ကျွန်ုပ်ကို ကိုယ်တော်ချစ်၊ ကိုယ်တော်ကို ကျွန်ုပ်ချစ်၊
ကျွန်ုပ်တို့ကြား မည်သည့်အတားအဆီး သို့မဟုတ် မည်သည့်အကွာအဝေးမျှ မရှိ။
သောက သို့မဟုတ် စိုးရိမ်မှုမရှိ၊ နာကျင်ဖွယ် အမှတ်ရစရာမရှိ။
၂
ကိုယ်တော်ကို ကျွန်ုပ် ရိုးသားစွာ ချစ်၊ ကျွန်ုပ်တို့ကြား အကွာအဝေးမရှိ၊
ကိုယ်တော်နှင့် ကျွန်ုပ်၏ စိတ်နှလုံးတို့ နှစ်ခုလုံး အေးချမ်း။
ကိုယ်တော်၏ရည်ရွယ်ချက်များကို ကျွန်ုပ်နားလည်ပြီး ကိုယ်တော်ကို အကြွင်းမဲ့ ကျိုးနွံနာခံ၊
ကျွန်ုပ် ဘယ်သောအခါမှ နည်းနည်းလေးမျှပင် မပုန်ကန်လိုတော့။
ကျွန်ုပ်သည် ကိုယ်တော်၏ရှေ့မှောက် ပို၍ပင် ရှင်သန်နေထိုင်မည်ဖြစ်ပြီး
ကိုယ်တော်ထံမှ ဘယ်သောအခါမျှ ခွဲခွာမည်မဟုတ်။
ကိုယ်တော်၏နှုတ်ကပတ်တော်များကို ကျွန်ုပ် တိတ်ဆိတ်စွာ စဉ်းစား၊
ကိုယ်တော်၏ဖြစ်ခြင်းနှင့် အရာအားလုံးကို ကျွန်ုပ်တန်ဖိုးထား။
ကိုယ်တော်၏နှုတ်ကပတ်တော်များက ကျွန်ုပ်၏ဖောက်ပြန်ပျက်စီးမှုကို သန့်စင်ပေးပြီး
ကျွန်ုပ်၏စိတ်နှလုံးတွင် ပြည့်နှက်။
အို၊ အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော်ကို ကျွန်ုပ်ချစ်သည်။
ကိုယ်တော်၏နှုတ်ကပတ်တော်များသည် ကျွန်ုပ်၏အသက် ဖြစ်လာခဲ့ပြီ။
ကိုယ်တော်၏ကယ်တင်ခြင်းခံရသောကြောင့် ကျွန်ုပ်အလွန်ကံကောင်းပြီး
ကျွန်ုပ်သည် ကိုယ်တော်ကို ထာဝရ ချစ်ပြီး ကိုယ်တော်အတွက် ထာဝရ သက်သေခံမည်ဖြစ်။
ဟာလာလူယား။ ဟာလာလူယား။ ဟာလာလူယား။ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါ၏။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ