မိမိတာဝန်ကို စွဲမြဲစွာလုပ်ခြင်း

26.07.2020

ယခု ဗီဒီယို၏ အဓိကဇာတ်ကောင်သည် ဆိုးယုတ်သော အဆိပ်အတောက်များဖြစ်သည့် “ထင်ရှားကျော်ကြားမှု ရရှိခြင်း သည် သူ၏ဘိုးဘေးများအတွက် ဂုဏ်အသရေ ယူဆောင်လာသည်” “လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်၊ ရေသည်နိမ့်ရာသို့ စီးဆင်း၏” ဟူသော ဆိုစကားများဖြင့် ထိန်းချုပ်ခံရကာ၊ သူမသည် နာမည်နှင့် အဆင့်အတန်းတို့ကို အထူးသဖြင့် ခုံမင်လေသည်။ ဓမ္မတေးသံစုံကျူးပွဲတစ်ခုအတွက် ရိုက်ကူးရေးတွင် သူမ ပါဝင်မိပြီး၊ အစမ်းလေ့ကျင့်မှုများ၌ သူမသည် အပင်ပန်းခံ ပေးဆပ်ကာ၊ အပြင်းအထန် ကြိုးစားပါသည်။ ထိုသို့ လုပ်ဆောင်ခြင်းများမှာ သူမအနေဖြင့် ရှေ့ဆုံးတန်းတွင် နေရာရနိုင်ရန်၊ ကင်မရာရှေ့တွင် သူမကိုယ်သူမ ကိုယ်ရည်သွေးပြနိုင်ရန် ဖြစ်သည်။ အဖွဲ့အတွင်း လူနေရာချမှုမှာ အကြိမ်ကြိမ် ပြောင်းလဲနေသောကြောင့်၊ မိမိအတွက် နေရာကိုသာ စွဲလမ်းနေသော သူမသည် ဂုဏ်အဆင့်အတန်းဟူသော ချုပ်နှောင်မှုတို့၏ နှိပ်စက်မှုအတွင်း၌ ရှင်သန်ရလေသည်။ နောက်ဆုံးတွင် ဘုရားနှုတ်ကပတ်တော်တို့၏ ထုတ်ဖော်ခြင်းနှင့် တရားစီရင်ခြင်းတို့မှတစ်ဆင့်၊ သူမ၏ ဆိုးယုတ်သော စိတ်သဘောထား၊ ကျော်ကြားမှု၊ အမြတ်အစွန်းနှင့် အဆင့်အတန်းတို့ကို ကြိုးစားရှာဖွေမှု၏ အန္တရာယ်များနှင့် အကျိုးဆက်များအပေါ် နားလည်သဘောပေါက်မှုတချို့ကို သူမ ရရှိပါသည်။ သူမသည် နောင်တရစပြုလာပြီး၊ နာမည်နှင့် အဆင့်အတန်းတို့ကို ကြိုးစားရှာဖွေခြင်းအား လက်လွှတ်လိုက်သည်။ ထိုအစား အသိတရားရှိရှိ၊ လက်တွေ့ကျကျဖြင့် သူမ၏ တာဝန်ကို ကောင်းစွာ လုပ်ဆောင်ခြင်း၊ ဘုရားသခင်အား ချီးမွမ်းသက်သေခံရန် ကောင်းမွန်စွာ သီဆိုခြင်းတို့ကိုသာ အာရုံစိုက်ပါတော့သည်။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် သူမသည် ငြိမ်သက်ခြင်း၏အရသာကိုလည်းကောင်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ ပျော်ရွှင်မှုကိုလည်းကောင်း ရရှိလေသည်။

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။